အာဆီယံလမ်းစဉ် သီချင်း

သီချင်း From Wikipedia, the free encyclopedia

Remove ads

အာဆီယံလမ်းစဉ် သီချင်း (အင်္ဂလိပ်: The ASEAN Way) သည် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ တရားဝင် အထိမ်းအမှတ်သီချင်း ဖြစ်သည်။ သီချင်းစာသားကို ​​​​ဗယောမ် ဝလယ်ဗချရာ (ထိုင်း: พยอม วลัยพัชรา; RTGS: Phayom Walaiphatchara) က ရေးသားခဲ့ပြီး သံစဉ်ကို ကိတ္တိကွန်း ဆိုပရက်ဆော့ (ထိုင်း: กิตติคุณ สดประเสริฐ; RTGS: Kittikhun Sotprasoet) နှင့် သံဘော တ္ရိုင်ဥဒေါမ် (ထိုင်း: สำเภา ไตรอุดม; RTGS: Samphao Trai-u-dom) တို့က သီဖွဲ့ခဲ့ပြီး အာဆီယံ ဆယ်နိုင်ငံရှိနောက်ဆုံးအဆင့် ၉၉ ဦးမှ အနိုင်ရခဲ့ခြင်း ဖြစ်သည်။

အချက်တိုများ အခြားအမည်, စာသား ...
Remove ads

ပြိုင်ပွဲ

အာဆီယံအဖွဲ့ဝင် နိုင်ငံများက စိတ်အားထက်သန်မှုနှင့် အားပါးတရမရှိခဲ့သော ယခင်အာဆီယံ တရားဝင်သီချင်းဟု သတ်မှတ်ကြသည့် ASEAN Hymn သီချင်းကို အစားထိုးရန်အတွက် သီချင်းပြိုင်ပွဲကို အာဆီယံအသင်းဝင် အဖွဲ့ဝင်နိုင်ငံများ အားလုံးတွင် ကြေညာခဲ့ပြီး ပြိုင်ပွဲကို ကျင်းပခဲ့သည်။ အဖွဲ့ဝင် တစ်နိုင်ငံလျှင် ပြိုင်ပွဲဝင်သီချင်း ၂၀ အထိ ယှဉ်ပြိုင်နိုင်ရန် သတ်မှတ်ခဲ့ပြီး ပြိုင်ပွဲကို အဖွဲ့ဝင်နိုင်ငံများ အားလုံးအတွက် ကျင်းပခဲ့သည်။ အနိုင်ရပါက အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ရရှိမည်ဖြစ်ပြီး အရှေ့တောင်အာရှ၏ တရားဝင် ဒေသဆိုင်ရာသီချင်းအဖြစ် ကြေညာခြင်းခံရမည် ဖြစ်သည်။ ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၂၀ တွင် ပြုလုပ်ခဲ့သော နောက်ဆုံးအဆင့်ပွဲစဉ်တွင် ဒိုင်အဖွဲ့က The ASEAN Way သီချင်းကို အရှေ့တောင်အာရှနိုင်ငံများအသင်း၏ တရားဝင် ဒေသဆိုင်ရာ အထိမ်းအမှတ်သီချင်းအဖြစ် တညီတညွတ်တည်း မဲပေးရွေးချယ်ခဲ့ကြသည်။

စံသတ်မှတ်ချက်များ

  • ဘာသာစကား: အင်္ဂလိပ်
  • သီချင်းသည် အာဆီယံ၏ ဂုဏ်သိက္ခာ၊ ပူးပေါင်းမှုနှင့် စည်းလုံးညီညွတ်မှုကို ဖော်ပြနိုင်ရမည်။
  • အာဆီယံ၏ ကွဲပြားသော ယဉ်ကျေးမှုနှင့် လူမျိုးစုများကို ထင်ဟပ်မှု ရှိရမည်။
  • ပင်ကိုရေးဖွဲ့မှု ဖြစ်ရမည်
  • စက္ကန့် ၆၀ ထက် မရှည်ရ။

ဒိုင်များ

ပြင်ပနိုင်ငံမှ ဒိုင် ၃ ဦး:

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads