အာဆီယံအလံတော်

အလံ From Wikipedia, the free encyclopedia

အာဆီယံအလံတော်
Remove ads

အရှေ့တောင်အာရှနိုင်ငံများအသင်း၏ လက်ရှိအလံတော်သည် ၁၉၉၃ ခုနှစ် နိုဝင်ဘာလမှစတင်ကာ အဖွဲ့ဝင်အားလုံး၏ သဘောတူညီမှုဖြင့် စတင်အတည်ပြုသတ်မှတ်သည်။ အလံ၏ဖွဲ့စည်းပုံမှာ အပြာရောင်နောက်ခံအပေါ်တွင် စပါးနှံ ၁၀ ချောင်းပါရှိသည်။ စပါးတံများသည် အဝိုင်းအနီ၏အလယ်တွင် ဆွဲသားထားသည်။ အာဆီယံ၏ အသင်းဝင်နိုင်ငံ ၁၀ နိုင်ငံကို ကိုယ်စားပြုသောအားဖြင့် စပါးနှံ ၁၀ ချောင်းထားရှိခြင်း ဖြစ်သည်။

Thumb
အာဆီယံ အလံတော်

အာဆီယံ၏ ယခင်က သုံးစွဲခဲ့သော အလံမှာ မျက်မှောက်ကာလ အလံနှင့် ဆင်တူသည်။ အာဆီယံကို စတင်တည်ထောင်ခဲ့သည့် နိုင်ငံ ငါးနိုင်ငံနှင့် ထပ်တိုး အဖွဲ့ဝင် ဘရူနိုင်း နိုင်ငံ စုစုပေါင်း ၆ နိုင်ငံကို ကိုယ်စားပြုကာ စပါးနှံ ၆ ချောင်း ရေးဆွဲထားပြီး အင်္ဂလိပ်စာလုံး ASEAN ကို စပါးနှံများ၏ အောက်တွင် ရေးသားပါရှိသည်။ ယခင်အလံ၏ နောက်ခံအရောင်သည် အဖြူရောင်ဖြစ်ပြီး စက်ဝိုင်း၏ အနားသတ်အရောင်သည် အပြာစိမ်းအရောင်ဖြစ်ကာ စက်ဝိုင်းသည် တောက်ပသောအဝါရောင် ဖြစ်သည်။ စပါးများ၏ အရောင်မှာ အညိုရောင်ဖြစ်သည်။

Remove ads

ပြင်ပလင့်ခ်များ


Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads