အာဒိတ္တပရိယာယသုတ်

From Wikipedia, the free encyclopedia

Remove ads

[] လောလောပူသော ရဲရဲပြောင်ပြောင် မီးတောက်လောင်နေသော ဝန်းကျင်ပတ်ရံ အလျှံတပြောင်ပြောင် တောက်လောင်နေသောသံချောင်းဖြင့် မျက်စိတို့ကို ထိုးဖောက်ခြင်း၊ နှာခေါင်းကို ထိုးဖောက်ခြင်း၊ သင်ဓုန်းဓားဖြင့် လျှာကိုလှီးဖြတ်ခြင်း၊ လှံဖြင့် ကိုယ်ကာယကို ထိုးဆွခြင်းတို့ကား ကောင်းမြတ်လှချေသေး၏၊ စက္ခုဝိညာဏ်အစရှိ သည်တို့ဖြင့် မြင်အပ်သော အဆင်း၊ ကြားအပ်သော အသံ၊ နမ်းအပ်သော အနံ့၊ လျက်အပ်သော အရသာ၊ တွေ့ထိအပ်သော အတွေ့အထိတို့၌ လက်ခြေအစရှိသော အမှတ်လက္ခဏာဖြင့် ကိလေသာဖြစ်ခြင်း၏အစွမ်းအားဖြင့် ဣတ္ထိ၊ ပုရိသအစရှိသော သဏ္ဌာန်နိမိတ်ကို ယူခြင်း၊ ထိုသဏ္ဌာန်နိမိတ်အမှတ်လက္ခဏာကို သာယာခြင်း၏အစွမ်းအားဖြင့်ဖွဲ့စပ်သောကမ္မဝိညာဏ်၏တည်ရာအခါ၌ ကွယ်လွန်လျှင် ငရဲ၊ တိရစ္ဆာန်-ဟူသော ဂတိနှစ်ပါးတို့တွင် တစ်ပါးပါး၌ ဖြစ်နိုင်သည်၊ ဤအပြစ်ကိုမြင်သောကြောင့် မိန့်ကြားတော်မူပုံ။

အိပ်ပျော်နေခြင်းကား ကောင်းမြတ်လှသေး၏၊ အိပ်ပျော်နေခြင်းသည် သက်ရှိ ပုဂ္ဂိုလ်တို့အား မြုံနေ၏၊ အကျိုးမရှိ၊ တွေဝေနေ၏၊ အိပ်မပျော်ဘဲ ဗျာပါဒဝိတက်ကို ကြံစည်နေလျှင် ထိုဝိတက်၏အစွမ်းအားဖြင့် သံဃဘေဒကကံကို ပြုနိုင်သည်၊ ထိုသို့ အသက်ရှင်နေသောပုဂ္ဂိုလ်၏အပြစ်ကို မြင်တော်မူ၍ အိပ်ပျော်ခြင်းကို မြုံ၏-ဟု ဟောတော်မူ၏။

သုတဝန္တအရိယာသာဝကသည်ကား အဇ္ဈတ္တိကာယတန၊ ဗဟိဒ္ဓါယတနတို့နှင့် ဝိညာဏဓာတ်, ဖဿဝေဒနာတို့၌ အနိစ္စဟု ရှုဆင်ခြင်ပုံ၊ ထိုသို့သိမြင်ခြင်းကြောင့် အထက်ပါတရားတို့၌ ငြီးငွေ့ စိတ်ပျက် တပ်မက်မှုကင်းပုံ၊ တပ်မက်မှုကင်းခြင်းကြောင့် လွတ်မြောက်ပုံ၊ ပစ္စဝေက္ခဏာဉာဏ်ဖြစ်ပုံတို့ကို ဟောတော်မူသည့်သုတ်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads