အာဖဂန်နစ္စတန်နိုင်ငံ၏ အလံတော်

နိုင်ငံတော်အလံ From Wikipedia, the free encyclopedia

အာဖဂန်နစ္စတန်နိုင်ငံ၏ အလံတော်
Remove ads

အာဖဂန်နစ္စတန်နိုင်ငံ၏ အလံတော်(Dari: پرچم افغانستان,[] Pashto: افغانستان توغ) သည် အလျားလိုက် သုံးရောင်ခြယ်အလယ်တွင် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်အား ထည့်သွင်းထားသည်။ လက်ရှိအလံကို ၂၀၁၃ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့တွင် အသုံးပြုခဲ့ခြင်းဖြစ်သော်လည်း ၂၀ ရာစုတစ်လျှောက်လုံးတွင် တူညီမှုရှိသော အလံဒီဇိုင်းများစွာအား အသုံးပြုခဲ့သည်။

အချက်တိုများ အသုံးပြုခြင်း, အချိုးအစား ...

အာဖဂန်နစ္စတန်နိုင်ငံတွင် ၁၇၀၉ ခုနှစ် ဟိုတက်မင်းဆက်စတင်တည်ထောင်ခဲ့စဉ်အချိန် ပထမဆုံးသော အလံအား အသုံးပြုစဉ်ကတည်းက ရေတွက်လျှင် အလံ ၂၅ ခုမျှ သုံးစွဲခဲ့သည်။ ၂၀ ရာစုအတွင်း၌ပင်လျှင် အာဖဂန်နစ္စတန်နိုင်ငံသည် နိုင်ငံတော်အလံ ၁၈ ခုမျှ ပြောင်းလဲအသုံးပြုခဲ့ပြီး ထိုအချိန်ကာလအတွင်း အခြားသောနိုင်ငံများထက် များပြားခဲ့သည်။[][] အလံအများစုသည် အနက်၊ အနီနှင့် အစိမ်းရောင်တို့ကို အသုံးပြုခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံအလံသည် ဟေတီဘိုလီးဗီးယားကော့စတာရီကာအယ်ဆာဗေဒိုအီကွေဒေါဒိုမီနီကန်သမ္မတနှင့် ဗင်နီဇွဲလားနိုင်ငံအလံများကဲ့သို့ အလံတွင် နိုင်ငံအလံပုံကို ပြန်လည်ဖော်ပြထားသော အလံ ၈ ခုထဲမှ တစ်ခုဖြစ်သည်။[] ဘိုလီးဗီးယားကမ္ဘောဒီးယားပေါ်တူဂီဆန်မာရီနိုနှင့် စပိန်အလံများကဲ့သို့ အလံတွင် အဆောက်အဦပုံကို ထည့်သွင်းဖော်ပြသော အလံ ၆ ခုအနက်မှ တစ်ခုဖြစ်သည်။[]

Remove ads

ဒီဇိုင်းနှင့် အရောင်

အနက်ရောင်သည် ၁၉ ရာစုသမိုင်းတလျှောက်၌ နိုင်ငံ့ကာကွယ်ရေးအတွက် ကြိုးပမ်းခဲ့ကြမှုများကို ဖော်ပြနေပြီး အနီရောင်သည် လွတ်လပ်ရေး(အင်္ဂလိပ်-အာဖဂန် သဘောတူစာချုပ် (၁၉၁၉) အား ရည်ညွှန်း)အတွက် တိုက်ပွဲဝင်ခဲ့သူများ၏ သွေးကို ရည်ညွှန်းလိုကာ အစိမ်းရောင်သည် အနာဂတ်အတွက် မျှော်လင့်ချက်နှင့် ကြွယ်ဝချမ်းသားမှုတို့အား ရည်ညွှန်းသည်။[][] အချို့သော မတူညီသည့် အဓိပ္ပာယ်ကောက်ယူများတွင် အနက်ရောင်သည် သမိုင်းကို ကိုယ်စားပြုပြီး အနီရောင်သည် တိုးတက်မှုနှင့် အစိမ်းရောင်သည် စိုက်ပျိုးမွေးမြူရေး ပေါကြွယ်ဝမှု သို့မဟုတ် အစ္စလာမ်ဘာသာကို ကိုယ်စားပြုသည်။[][]

အာဖဂန်သုံးရောင်ခြယ်အလံ၏ လွှမ်းမှုမှု (၁၉၂၈ ခုနှစ်)
Thumb
ဝိုင်မာခေတ် ဂျာမန်အလံ (၁၉၁၉ ခုနှစ်မှ)
Thumb
၁၉၂၈ မှ အာဖဂန်အလံ

သုံးရောင်ခြယ်အလံကို ၁၉၂၈ ခုနှစ်တွင် အာဖဂန်ဘုရင် ဧမန်မျူလာ ခန်းသည် သူ၏ မိဖုရားနှင့်အတူ ဥရောပအား လှည့်လည်စဉ်က ၎င်း၏ လှုံဆော်မှုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အလံ၏မူလသုံရောင်ခြယ်ဒီဇိုင်းကို ဂျာမနီနိုင်ငံ၏ အလံတော်၏ ဒီဇိုင်းကို အခြေပြု၍ ယူထားခြင်းဖြစ်သည်။[၁၀]

အလံ၏ အလယ်တွင် နိုင်ငံတော်တံဆိပ်အား ထည့်သွင်းထားသည်။ ၁၉၂၈ ခုနှစ်မှစ၍ အလံတိုင်း၏ အလယ်တွင် အထိမ်းအမှတ်တံဆိပ်ပါဝင်သည်။ အထိမ်းအမှတ်တံဆိပ်တိုင်းလိုတွင် ဗလီပုံပါဝင်သည်မှာ ၁၉၀၁ ခုနှစ် ပထမဆုံး အသုံးပြုစဉ်ကတည်းကဖြစ်ပြီး ဂျုံနှံပါဝင်သည်မှာ ပထမဆုံးထည့်သွင်းခဲ့သည့် ၁၉၂၈ ကတည်းကဖြစ်သည်။

လက်ရှိအလံတော်မှာ ၂၀၀၂ ခုနှစ်ပုံစံအား ၂၀၀၄ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တွင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော ပုံစံဖြစ်ပြီး အရောင်ခြယ်ထားသော အထိမ်းအမှတ်တံဆိပ်ပါဝင်သည့် အချို့မူကွဲအလံများရှိသည်။[၁၁] ၁၉၂၈-၁၉၇၈ မှ အလံများနှင့် ၁၉၈၀-ယနေ့ထိ အလံများအတွင် အကျုံးဝင်သော colors video approximation မှာ အောက်ပါအတိုင်းဖြစ်သည်-

နောက်ထပ် အချက်အလက်များ အနက်, အနီ ...
Remove ads

အခြားသော အလံများ

Remove ads

အလံအသုံးပြုပုံ ဓာတ်ပုံပြခန်း

သမိုင်းတွင်အသုံးပြုခဲ့သော အလံများ

အလံ အသုံးပြုသည့် ခုနှစ်များ အချိုး အစိုးရ မှတ်ချက်များ
Thumb ၁၇၀၉–၁၇၃၈ ၂:၃ ဟိုတက်မင်းဆက် ဟိုတက်မင်းဆက်အလံ
Thumb ၁၇၄၇၁၈၄၂ ၂:၃ ဒါရန်နီအင်ပါယာ အာမတ် ရှရ် ဒါရန်နီနှင့် ၎င်းမင်းဆက်များ အုပ်စိုးမှုအောက်တွင် အသုံးပြုခဲ့ကြသည်။
ဤကာလ၌ တရားဝင်အလံ အသုံးပြုခြင်းမရှိခဲ့။ ၁၈၄၂၁၈၈၀ အာဖဂန်နစ္စတန်စော်ဘွားနိုင်ငံ ၁၈၈၀ ခုနှစ် ရှေ့ပိုင်းတွင် ဘာရက်ဇိုင်းမင်းဆက်သည် ဒါရန်နီမင်းဆက်အသုံးပြုခဲ့သော အလံကိုလည်း အသုံးပြုခြင်းမရှိသလို အခြားအလံကိုလည်း ပြောင်းလဲ အသုံးပြုခြင်းမရှိခဲ့။
Thumb ၁၈၈၀–၁၉၀၁ ၂:၃ အာဖဂန်နစ္စတန်စော်ဘွားနိုင်ငံ အာ့ဘ်ဒူလ် ရာရှ်မန် ခန်၏ အုပ်စိုးမှုအောက်တွင် အသုံးပြုခဲ့သည်။
Thumb ၁၉၀၁–၁၉၁၉ ၃:၅ အာဖဂန်နစ္စတန်စော်ဘွားနိုင်ငံ ဟာဘီဘူလာ ခန်၏ အုပ်စိုးမှုအောက်တွင် နိုင်ငံတော်အလံနှင့် စစ်အလံအဖြစ် အသုံးပြုခဲ့သည်။ ဟာဘီဘူလာ ခန်သည် သူ့ဖခင်အလံတွင် ယနေ့ခေတ် နိုင်ငံတော်တံဆိပ်၏ ရှေ့ပြေးပုံစံဖြစ်သည့် ဗလီပါဝင်သော နိုင်ငံတော်တံဆိပ်ကို ထည့်သွင်းခဲ့သည်။
Thumb ၁၉၁၉–၁၉၂၆/၂၉ ၂:၃ အာဖဂန်နစ္စတန်စော်ဘွားနိုင်ငံ ဘုရင် အေမန်နျူလာ ခန်လက်အောက်တွင် အသုံးပြုခဲ့သော ပထမအလံဖြစ်ပြီး သူသည် သူ့ဖခင်အလံတွင် နိုင်ငံတော်တံဆိပ်မှ အဋ္ဌဂံပုံ အလင်းတန်းများ ထွက်ပေါ်နေသည့်ပုံကို ထည့်သွင်းခဲ့သည်။ ဤပုံစံသစ်သည် အော်တိုမန်အင်ပါယာတွင် အသုံးများခဲ့သည်။ အာဖဂန်နစ္စတန်သည် ၁၉၂၆ ခုနှစ်တွင် ဘုရင့်နိုင်ငံတစ်ခုဖြစ်လာခဲ့သည်။
Thumb ၁၉၂၆–၁၉၂၈ ၂:၃ အာဖဂန်နစ္စတန် ဘုရင့်နိုင်ငံ ဘုရင် အေမန်နျူလာလက်အောက်တွင် အသုံးပြုခဲ့သော ဒုတိယမြောက်အလံဖြစ်သည်။ သူသည် အဋ္ဌဂံနေရာတွင် အနှံခွေဖြင့် အစားထိုးခဲ့ပြီး နိုင်ငံတော်တံဆိပ်ကို အနည်းငယ်မွမ်းမံခဲ့သည်။ တံဆိပ်အတွင်းရှိ ဗလီ၏ဒီဇိုင်းသည် နောင်တွင် အာဖဂန်နစ္စတန်အလံအများစု၌ ပြောင်းလဲအသုံးပြုခဲ့ကြသည်။ ဗလီအတွင်း၌ မက္ကာဘက်သို့ မျက်နှာမူထားသော မုခ်ဦး(Mihrab) ပါရှိသည်။
၁၉၂၈ ၃:၅ အာဖဂန်နစ္စတန် ဘုရင့်နိုင်ငံ ဘုရင် အေမန်နျူလာလက်ထက်တွင် တတိယမြောက်အသုံးပြုခဲ့သော အလံဖြစ်ပြီး ၁၉၂၈ ခုနှစ် စတင်အသုံးပြုခဲ့သည်။ အတိတ်ကာလ(ယခင်အသုံးပြုခဲ့သော အလံများ)၊ လွတ်လပ်ရေးအတွက် သွေးမြေကျခဲ့မှုများ (တတိယမြောက် အင်္ဂလိပ်-အာဖဂန် စစ်ပွဲ)နှင့် အနာဂတ်အတွက် မျှော်လင့်ချက်တို့ကို အသီးသီးကိုယ်စားပြုနေသော အနက်၊ အနီနှင့် အစိမ်း သုံးရောင်ခြယ်အလံကို အသုံးပြုခဲ့ပြီး ထိုအလံသည် ဥရောပသို့ ခန် အလည်အပတ်သွားရောက်ခဲ့စဉ်က လွှမ်းမိုးမှုရှိခဲ့ခြင်း အထူသဖြင့် ဝှိုင်မာသမ္မတနိုင်ငံ(အနက်-အနီ-ရွှေ)အလံ၏ လွှမ်းမိုးမှုရှိခဲ့ခြင်း ဖြစ်နိုင်သည်။
Thumb ၁၉၂၈–၁၉၂၉ ၂:၃ အာဖဂန်နစ္စတန် ဘုရင့်နိုင်ငံ ဘုရင် အေမန်နျူလာလက်ထက်တွင် စတုတ္ထမြောက်အသုံးပြုခဲ့သော အလံဖြစ်ပြီး ၁၉၂၈ ခုနှစ် ဇူလိုင်လတွင် အသုံးပြုခဲ့သည်။ ဒေါင်လိုက် သုံးရောင်ခြယ်အလံသည် ၂၀ ရာစုတစ်လျှောက် အသုံးပြုခဲ့မှုတို့တွင် ယနေ့ကာလအထိ ကျန်ရှိနေခဲ့သော အရာဖြစ်သည်။ တံဆိပ်အသစ်တွင် နှင်းလွှမ်းသော တောင်ထိပ်နှစ်ခုထိပ်မှ နေထွက်ပေါ်နေပုံကို အသုံးပြုထားပြီး ၎င်းသည် အာဖဂန်နစ္စတန်မင်းဆက်စတင်ခြင်းကို ကိုယ်စားပြုသည်။ တံဆိပ်တွင် ဂျုံနှံတို့ပါဝင်ပြီး ထိုအမှတ်လက္ခဏာသည် မတူညီသော အုပ်စိုးမှုများတစ်လျှောက် အာဖဂန်နစ္စတန်နိုင်ငံ၏ အထိမ်းအမှတ်တိုင်းတွင် ပါဝင်ခဲ့သည်။ အထူးသဖြင့် ထိုအချိန်က ဆိုဗီယက်ယူနီယံနိုင်ငံတော်တံဆိပ်တွင်သာ ဂျုံနှံတို့ပါဝင်ခဲ့ပြီး နောင်တွင်မှာသာ ကွန်မြူနစ်နိုင်ငံများ၏ အလံတို့တွင် ပါဝင်လာခဲ့သည်။
Thumb ၁၉၂၈–၁၉၂၉ ၂:၃ အာဖဂန်နစ္စတန် ဘုရင့်နိုင်ငံ အထက်တွင် ဖော်ပြခဲ့သောအလံ၏ မူကွဲတစ်မျိုးဖြစ်ပြီး ဂျပန် နေဝန်းနီအလံကဲ့သို့ နေအလင်းရောင်မှာ ပိုမိုထူထဲရှည်လျားပြီး အလယ်တွင် အဝါရောင်ကြယ်ပါဝင်သည်။
Thumb ၁၉၂၉ ၂:၃ အာဖဂန်နစ္စတန် ဘုရင့်နိုင်ငံ ၁၉၂၉ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း အချိန်ခဏမျှသာ အသုံးပြုသော အလံဖြစ်သည်။
Thumb ၁၉၂၉ ၂:၃ အာဖဂန်နစ္စတန် ဘုရင့်နိုင်ငံ ဤအလံ(၁၉၁၉ ခုနှစ်တွင် အသုံးပြုခဲ့သော မူလအလံနှင့် တူညီသည်)ကို ခတ္တမျှသာ စိုးစံခဲ့ရသော အီနာယတူလာ ခန်လက်ထက်တွင် အသုံးပြုခဲ့သည်။[၁၂]
Thumb ၁၉၂၉ ၂:၃ အာဖဂန်နစ္စတန် စော်ဘွားနိုင်ငံ(၁၉၂၉) ဟာဘီဘူလာ ကာလာကာနီ၏ တိုတောင်းသော စိုးစံချိန်တွင် အသုံးပြုခဲ့ပြီး အနီ၊ အနက်နှင့် အဖြူ ဒေါင်လိုက် သုံးရောင်ခြယ်အလံဖြစ်ကာ ၁၃ ရာစု မွန်ဂိုတို့ အာဖဂန်နစ္စတန်ကို သိမ်းပိုက်စဉ်က အသုံးပြုခဲ့သော အလံနှင့် ဆင်တူသည်။[၁၃]
Thumb ၁၉၂၉ ၂:၃ အာဖဂန်နစ္စတန် ဘုရင့်နိုင်ငံ ကာလာကာနီတော်လှန်ရေးကာလအတွင်း ဟီရတ်ဒေသရှိ တာဂျစ်တော်လှန်ရေးသမားများအသုံးပြုခဲ့သော အလံဖြစ်သည်။
Thumb ၁၉၂၉ ၂:၃ အာဖဂန်နစ္စတန် ဘုရင့်နိုင်ငံ ကာလာကာနီ၏ ရန်ဘက် ဂျာလာလာဘတ်ရှိ ခေတ္တမျှသာ အုပ်စိုးနိုင်ခဲ့သော ပြိုင်ဖတ်အစိုးရဖြစ်သည့် အလီ အာမတ် ခန် အသုံးပြုခဲ့သော အလံဖြစ်သည်။
Thumb ၁၉၂၉ – ၁၉၃၀ မတ်လ ၂၇ ၂:၃ အာဖဂန်နစ္စတန် ဘုရင့်နိုင်ငံ မိုဟာမတ် နာဒီ ရှား၏ အုပ်စိုးမှုကာလတွင် ပထမအလံဖြစ်သည်။ အနက်၊ အနီနှင့် အစိမ်းရောင် သုံးရောင်ခြယ်အလံအား ပြန်လည်အသုံးပြုခဲ့ပြီး အေမန်နျူလာဘုရင်၏ အဋ္ဌဂံပုံအား အလယ်တွင် တောင်တန်းနှင့် နေမင်းတံဆိပ်အား အစားထိုးခဲ့ပြီး အနက်-အနီ-အစိမ်း ဒေါင်လိုက်ပုံစံကိုတော့ ပြန်လည်အသုံးပြုခဲ့သည်။
Thumb ၁၉၃၀ ခုနှစ် မတ်လ ၂၇ ရက် – ၁၉၇၃ ခုနှစ် ဇူလိုင် ၁၆ ရက် ၂:၃ အာဖဂန်နစ္စတန် ဘုရင့်နိုင်ငံ နာဒီ ရှား၏ အုပ်စိုးမှုအောက်တွင် ဒုတိယမြောက် အသုံးပြုခဲ့သော အလံဖြစ်ပြီး ထိုအလံကို ၎င်း၏ သားဖြစ်သူ ဇဟီ ရှားလက်ထက်တွင်လည်း အသုံးပြုခဲ့သည်။ အဋ္ဌဂံပုံ အလင်းတန်းများကို ဖယ်ရှားခဲ့ပြီး တံဆိပ်ကို ကြီးခဲ့ကာ ဗလီ၏ပုံစံမှာလည်း ၁၉၂၆ ခုနှစ်အလံတွင် အသုံးပြုခဲ့ပုံနှင့် တူညီသည်။ ဗလီနှင့် တံဆိပ်အကြားတွင် မိုဟာမတ် နာဒီ ရှားမင်းဆက် စတင်စိုးစံခဲ့သည့် ခုနှစ် ١٣٤٨ (အစ္စလာမ်မစ်လပြက္ခဒိန်၏ ၁၃၄၈ ခုနှစ်နှင့် ဂရီဂေါရီးယန်းပြက္ခဒိန်၏ ၁၉၂၉ အေဒီ)ကိုထည့်သွင်းထားသည်။
Thumb ၁၉၇၃ ခုနှစ် ဇူလိုင်လ ၁၇ ရက် – ၁၉၇၄ ခုနှစ် မေလ ၈ ရက် ၂:၃ အာဖဂန်နစ္စတန် သမ္မတနိုင်ငံ အာဖဂန်နစ္စတန် သမ္မတနိုင်ငံမှလွှတ်တင်ခဲ့သော ပထမအလံဖြစ်သည်။ ယခင်အလံကို နမူနာယူထားပြီး ဇဟီ ရှားမင်းဆက်ပြီးဆုံးသွားပြီးဖြစ်၍ ١٣٤٨ ခုနှစ်ကို ဖယ်ရှားခဲ့သည်။
၁၉၇၄ ခုနှစ် မေ ၉ – ၁၉၇၈ ခုနှစ် ဧပြီ ၂၆ ၂:၃ အာဖဂန်နစ္စတန် သမ္မတနိုင်ငံ အာဖဂန်နစ္စတန် သမ္မတနိုင်ငံမှ လွှတ်တင်ခဲ့သော ဒုတိယမြောက်အလံဖြစ်သည်။ တူညီသော အရောင်များကို အသုံးပြုသော်လည်း အဓိပ္ပာယ်ဖော်ပြချက်များ ကွဲပြားခဲ့သည်။ အနက်သည် မှောင်မိုက်သော အတိတ်ကာလအတွက်၊ အနီသည် လွတ်လပ်ရေးအတွက် သွေးချောင်းစီးခဲ့ရမှုနှင့် အစိမ်းရောင်သည် စိုက်ပျိုးရေးမှ ကြွယ်ဝချမ်းသာမှုအတွက် ဖြစ်သည်။ အလံ၏ ဒေါင့်နေရာတွင် တောင်ပံဖြန့်ထားသော ရွှေရောင်လင်းယုန်၊ လင်းယုန်ရင်ဘက် (ဗလီအစား)သည် တရားဟောစင်မြင့်သဏ္ဌာန်၊ လင်းယုန်ပတ်လည်တွင် ဂျုံနှံနှင့် လင်းယုန်အပေါ်တွင် နေအလင်းရောင်များ (နိုင်ငံသစ်အတွက်) ပါရှိသော တံဆိပ်သစ်ကို အသုံးပြုထားသည်။
Thumb ၁၉၇၈ ခုနှစ် ဧပြီ ၂၇ – ၁၉၇၈ ခုနှစ် အောက်တိုဘာလ ၁၈ ၂:၃ အာဖဂန်နစ္စတန် ဒီမိုကရက်တစ် သမ္မတနိုင်ငံ နိုင်ငံ၏ သမ္မတဖြစ်သူ မိုဟာမတ် ဒါအောက် ခန်အား အသတ်ခံခဲ့ရပြီး အာဖဂန်နစ္စတန် ပြည်သူ့ဒီမိုကရက်တစ် ပါတီအုပ်စိုးမှုအောက်တွင် ကွန်မြူနစ်နိုင်ငံအား တည်ထောင်ခဲ့သည်။ အကူးအပြောင်းကာလ အချိန်ခဏလေးအတွင်း၌သာ တူညီသောအလံကို အသုံးပြုခဲ့သော်လည်း တံဆိပ်အား ထည့်သွင်းခြင်းမရှိတော့ချေ။ ဤသည်နှင့်တူညီသောအလံကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အာဖဂန်နစ္စတန်မြောက်ပိုင်းဒေသအား ထိန်းချုပ်ထားသော ဂျန်ဘစ် အီ မီလီ(Junbish-e Milli)မှ ၁၉၉၂ ခုနှစ် ၁၉၉၈ ခုနှစ်အတွင်း အသုံးပြုခဲ့သည်။
၁၉၇၈ ခုနှစ် အောက်တိုဘာ ၁၉ – ၁၉၈၀ ခုနှစ် ဧပြီ ၂၁ ၁:၂ အာဖဂန်နစ္စတန် ဒီမိုကရက်တစ် သမ္မတနိုင်ငံ အလုံးစုံသော ပြောင်းလဲမှုဖြစ်ပြီး အောက်ခံအနီရောင်နှင့် ဒေါင့်တွင် အဝါရောင်တံဆိပ်ကို အသုံးပြုကာ ၂၀ ရာစု ဆိုရှယ်လစ်နိုင်ငံများ အသုံးပြုသော ပုံစံအတိုင်းအသုံးပြုခဲ့သည်။ ထိုတံဆိပ်တွင် အာဖဂန်နစ္စတန် ပြည်သူ့ဒီမိုကရက်တစ် ပါတီ၏ Khalq အုပ်စုတံဆိပ်ကို ဂျုံနှံတို့ဖြင့် ဝန်းရံထားပြီး နိုင်ငံ၏ လူမျိုးစု ၅ ခုကို ကိုယ်စားပြုသော ကြယ်ပါဝင်သည်။ Khalq ဝေါဟာရကို အာရပ်ဘာသာဖြင့် အလယ်တွင်ရေးထိုးထားပြီး အောက်၌ 'ဆောတော်လှန်ရေး (Saur Revolution) ١٣٥٧' နှင့် နိုင်ငံအမည်အပြည့်အစုံကို ရေးသားထားသည်။
၁၉၈၀ ၁:၂ အာဖဂန်နစ္စတန် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဆိုဗီယက်ကျူးကျော်မှုအတွင်း Khalq အုပ်စုကို Parcham အုပ်စုမှ ဖြုတ်ချခဲ့ပြီးနောက် ပြည်သူ့ဒီမိုကရက်တစ်ပါတီ၏ အလံမှာ စက်မှုလုပ်ငန်းများကို ကိုယ်စားပြုသော စက်သွားနှင့် စိုက်ပျိုးရေးကို ကိုယ်စားပြုသော ဂျုံနှံတို့ကို ထည့်သွင်းပြီး နိုင်ငံတော်အလံအဖြစ် အသုံးပြုခဲ့သည်။
၁၉၈၀ ခုနှစ် ဧပြီ ၂၂ – ၁၉၈၇ ခုနှစ် နိုဝင်ဘာ ၂၉ ၁:၂ အာဖဂန်နစ္စတန် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဘာဘရက် ကာမေးလက်အောက် ဦးဆောင်မှုအသစ်တွင် အခြေခံစည်းမျဉ်းများအစီအစဉ်အောက်၌ ရိုးရာ အနက်၊ အနီနှင့် အစိမ်း သုံးရောင်ခြယ်အလံအား ပြန်လည်အသုံးပြုခဲ့ပြီး အတိတ်၊ လွတ်လပ်ရေးအတွက် သွေးချောင်းစီးခဲ့မှုနှင့် အစ္စလာမ်မစ်ယုံကြည်မှုတို့ကို အသီးသီး ရည်ညွှန်းသည်။ ထွန်းလင်းနေသော နေဝန်း(ယခင်အမည်ဖြစ်သည့် တောက်ပနေသောနေဝန်း၏ မြေဟု အဓိပ္ပာယ်ရသည့် ခိုရာဆွန်း(Khorasan)ကို ရည်ညွှန်းသည်)၊ တရားဟောစင်မြင့်နှင့် စာအုပ်(ကားလ် မာ့ခ်၏ အရင်းကျမ်း သို့မဟုတ် ကွန်မြူနစ်ကြေညာစာတမ်းဟု မှတ်ယူနိုင်သည်)၊ နိုင်ငံတော်အရောင်များဖြင့် ဖဲပြား၊ စက်မှုလုပ်ငန်းများအတွက် စက်သွား၊ ကွန်မြူနစ်ဝါဒအတွက် ကြယ်နီတို့ပါဝင်သော တံဆိပ်သစ်ကို အသုံးပြုခဲ့သည်။ တံဆိပ်၏ ဖဲပြားများနှင့် ဂျုံနှံတို့မှ အရှေ့ဂျာမနီနှင့် ရိုမေးနီးယားတို့၏ တံဆိပ်များနှင့် ဆင်တူသည်။
၁၉၈၇ ခုနှစ် နိုဝင်ဘာ ၃၀ – ၁၉၉၂ ခုနှစ် ဧပြီ ၂၆ ၁:၂ အာဖဂန်နစ္စတန် သမ္မတနိုင်ငံ ဤအလံကို မိုဟာမတ် နာဂျီဘူလာ၏ အမျိုးသားရင်ကြားစေ့ရေး ဖွဲ့စည်းပုံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ စက်သွားအား အပေါ်မှ အောက်သို့ချပြီး ကြယ်နီနှင့် စာအုပ်ကို ဖယ်ရှားကာ အစိမ်းရောင်ကွင်းပြင်ကို မိုးကုတ်စက်ဝိုင်းကဲ့သို့ ပြုလုပ်ထားသော တံဆိပ်မှတပါး ယခင်အလံနှင့် တူညီမှုရှိခဲ့သည်။
တမ်းပလိတ်:IFISတမ်းပလိတ်:IFIS ၁၉၉၂ ခုနှစ် ဧပြီ ၂၇ − ၁၉၉၂ ဒီဇင်ဘာ ၆ ၁:၂ အာဖဂန်နစ္စတန် အစ္စလာမ်မစ်နိုင်ငံ ဆိုဗီယက်ကို လိုလားသော နာဂျီဘူလာအာဏာလက်လွတ်ခဲ့ရပြီးနောက် ခေတ္တအသုံးပြုခဲ့သော အလံဖြစ်သည်။ မူကွဲများစွာ ရှိသည့်အနက် တစ်ခုကို ဖော်ပြထားခြင်းဖြစ်သည်။ အပေါ်စင်းတွင် အာရပ်ဘာသာဖြင်း "အလ္လာဟု အက္ကဘာ" ("ဘုရားသခင်သည် အကြီးမြတ်ဆုံး") အလယ်စင်း(ယခင်အလံမှ အနီကို လုံးဝဖယ်ရှားထားပြီး အဖြူရောင်ဖြင့် အသုံးပြုခဲ့)တွင် ရှာဟာဒါရှ်(Shahadah) ကို ထည့်သွင်းထားသည်။
၁၉၉၂ ခုနှစ် ဧပြီ ၂၇ − ၁၉၉၂ ဒီဇင်ဘာ ၆ ၁:၂ အာဖဂန်နစ္စတန် အစ္စလာမ်မစ်နိုင်ငံ ဤအလံသည်လည်း ဆိုဗီယက်ကို လိုလားသော နာဂျီဘူလာအာဏာလက်လွတ်ခဲ့ရပြီးနောက် ခေတ္တအသုံးပြုခဲ့သော အလံဖြစ်သည်။
၁၉၉၂ ဒီဇင်ဘာ ၇ – ၂၀၀၁ ခုနှစ် နိုဝင်ဘာ ၁၂ ၁:၂ အာဖဂန်နစ္စတန် အစ္စလာမ်မစ်နိုင်ငံ / မြောက်ပိုင်းမဟာမိတ် (de jure) ရာဘန်နီလက်အောက် အစ္စလာမစ်အစိုးရသစ်တွင် ပြောင်းလဲခဲ့သော အလံဖြစ်သည်။ အရောင်ပုံစံမှာ အရှေ့အလယ်ပိုင်း မွတ်စလင်နိုင်ငံအလံများစွာနှင့် ဆင်တူသည်။ တံဆိပ်မှာ ယခင်ဘုရင့်ခေတ်မှ တံဆိပ်နှင့်အတူတူဖြစ်ပြီး ရှာဟာဒါရှ်နှင့် မူဂျာဟစ်ဒင်တို့၏ အောင်မြင်မှုကို ကိုယ်စားပြုသော ဓားတို့ကို ထည့်သွင်းခဲ့သည်။ တံဆိပ်၌ ပါဝင်သော နှစ်ကိုလည်း အပြည့်အဝလွတ်လပ်ရေးရရှိခဲ့သည့် ဂရီဂေါရီးယန်းပြက္ခဒိန်၏ အေဒီ ၁၉၁၉ နှင့်ညီမျှသော အစ္စလာမ်မစ်နေပြက္ခဒိန်၏ ١۲۹٨ (၁၂၉၈)ကို ထည့်သွင်းခဲ့သည်။ တံဆိပ်၏ အောက်ခြေတွင် "အာဖဂန်နစ္စတန် အစ္စလာမ်နိုင်ငံ"("دا افغانستان اسلامی دولت") ဟု ရေးသားထားသည်။
Thumb ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၂၇ – ၁၉၉၇ ခုနှစ် အောက်တိုဘာ ၂၆ ၂:၃ အာဖဂန်နစ္စတန် အစ္စလာမ်မစ် စော်ဘွားနိုင်ငံ တာလီဘန်တို့ အသုံးပြုခဲ့သော အဖြူရောင် ပြောင်အလံဖြစ်သည်။
တမ်းပလိတ်:IFISတမ်းပလိတ်:IFIS ၁၉၉၇ ခုနှစ် အောက်တိုဘာ ၂၇ – ၂၀၀၁ ခုနှစ် နိုဝင်ဘာ ၁၂ ၂:၃ အာဖဂန်နစ္စတန် အစ္စလာမ်မစ် စော်ဘွားနိုင်ငံ ၁၉၉၇ ခုနှစ်တွင် တာလီဘန်တို့သည် အဖြူရောင်အလံတွင် ရှာလာဒါရှ်ကို ထည့်သွင်း၍ စတင်အသုံးပြုခဲ့သည်။
တမ်းပလိတ်:IFIS ၁၉၉၇ ခုနှစ် အောက်တိုဘာ ၂၇ – ၂၀၀၁ ခုနှစ် နိုဝင်ဘာ ၁၂ ၂:၃ အာဖဂန်နစ္စတန် အစ္စလာမ်မစ် စော်ဘွားနိုင်ငံ တာလီဘန်တို့အသုံးပြုခဲ့သော အခြားမူကွဲအလံတစ်ခု။
၂၀၀၁ ခုနှစ် နိုဝင်ဘာ ၁၃ – ၂၀၀၂ ခုနှစ် ဇန်နဝါရီ ၂၇ ၁:၂ အာဖဂန်နစ္စတန် အစ္စလာမ်မစ်နိုင်ငံ ၁၉၉၂ ခုနှစ်တွင် အသုံးပြုခဲ့သော အလံနှင့် အတူတူပင်ဖြစ်သော်လည်း ပတ်ရှ်တိုနှင့် ဒါရီဘာသာစကားများဖြင့် စာသားများအား ပြောင်းလဲခဲ့သည်။
၂၀၀၂ ခုနှစ် ဇန်နဝါရီ ၂၈ – ၂၀၀၂ ခုနှစ် ဇွန် ၂၇ ၁:၂ ကြားဖြတ်အစိုးရအုပ်ချုပ်ရေး တာလီဘန်တို့ ကျဆုံးသွားပြီးနောက် ရိုးရာ အနက်၊ အနီနှင့် အစိမ်းအရောင်တို့ကို ‌၁၉၂၈ မှ ၁၉၇၄ ခုနှစ်တွင် အသုံးပြုခဲ့သည့်အတိုင်း ဒေါင်လိုက်အနေအထားဖြင့် ပြန်လည်အသုံးပြုခဲ့ကြသည်။ အလယ်ရှိတံဆိပ်ကိုလည်း ရှေးအာဖဂန်နစ္စတန် နိုင်ငံတော်တံဆိပ်ကိုအသုံးပြုခဲ့ပြီး ၁၉၉၂ အလံတွင် အသုံးပြုခဲ့မှုနှင့် ပုံစံတူသော်လည်း ဓားများကို ဖယ်ရှားခဲ့သည်။
၂၀၀၂ ခုနှစ် ဇွန် ၂၇ – ၂၀၀၄ အောက်တိုဘာ ၉ ၁:၂ ကြားဖြတ်အစိုးရအုပ်ချုပ်ရေး ၂၀၀၂ ခုနှစ်နွေဦးတွင် ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေး(Loya Jirga)၌ အလံအလယ်ရှိ တံဆိပ်အဖြူရောင်အစား ရွှေရောင်ဖြင့်၊ ဗလီအောက်ရှိ နှစ်အား "၁၃၈၀"မှ "၁၃၄၈"သို့ ပြောင်းလဲခြင်းများအပါအဝင် အာဖဂန် နိုင်ငံတော်အလံ၏ အနည်းငယ်သော ပြောင်းလဲမှုများကို မဲပေးခဲ့ကြပြီး ၂၀၀၂ ဇွန်လတွင် တရားဝင်ပြောင်းလဲအသုံးပြုခဲ့သည်။[၁၄]
Thumb ၂၀၀၄ ခုနှစ် အောက်တိုဘာ ၉ – ၂၀၁၃ ခုနှစ် ဩဂုတ် ၁၉ ၂:၃ အာဖဂန်နစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ ယခင်အလံနှင့်တူညီသော်လည်း အရွယ်အစားအချိုးကို အသုံးပြုထားပြီး နိုင်ငံတော်တံဆိပ်ကို အနည်းငယ် သင့်တင့်သည့်အနေအထားသို့ ပြောင်းလဲထားသည်။ အောက်ခြေရှိ "دا افغانستان اسلامی دولت" အာဖဂန်နစ္စတန် အစ္စလာမ်မစ်နိုင်ငံ အား ရိုးရှင်းသော"افغانستان" အာဖဂန်နစ္စတန်နိုင်ငံဟု အစားထိုးခဲ့သည်။
Thumb ၂၀၁၃ ခုနှစ် ဩဂုတ် ၁၉ – ယနေ့ထိ ၂:၃ အာဖဂန်နစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ ဤအလံတွင် ကြီးမားသော ဖဲပြားများဖြင့် အတွန့်အလိပ်တို့ပါဝင်သော နိုင်ငံတော်တံဆိပ်ကို အနီရောင်လိုင်းတွင် တစ်ခုလုံးတည်ရှိနေသည့်အစား အနက်နှင့် အစိမ်းလိုင်းများတွင် အနည်းငယ်အစွန်းထွက်နေစေသည်။
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads