အာဘွိုင်း

From Wikipedia, the free encyclopedia

အာဘွိုင်း
Remove ads

အာဘွိုင်း (အင်္ဂလိပ်: Ah Boy) သည် မြန်မာနိုင်ငံသား ဟစ်ဟော့အဆိုတော်၊ တေးရေးနှင့် စီးပွားရေးလုပ်ငန်းရှင် ဖြစ်သည်။ မြန်မာဟစ်ဟော့ အဆိုအဖွဲ့ တစ်ခုဖြစ်သော ရော့စတား တွင် အဆိုရှင်အဖြစ် ပါဝင်ထားသည်။ [][]

အချက်တိုများ အာဘွိုင်း အင်္ဂလိပ်: Ah Boy, ကိုယ်ရေး အချက်အလက်များ ...
Remove ads

ငယ်ဘဝ

အာဘွိုင်းကို မြိတ်မြို့တွင် ၁၉၈၆ ခု၊ ဇန်နဝါရီလ ၁၃ ရက်တွင် ဦးစိန်ဝမ်နှင့် ဒေါ်မဉ္ဇူထွန်း တို့မှမွေးဖွားသည်။[] မွန်နှင့်တရုတ်စပ်သော လူမျိုးဖြစ်သည်။ အမည်ရင်းမှာ ကျော်ဖြိုးထွန်း ဖြစ်သည်။ ဖခင်ဦးစိန်ဝမ်မှာ ထင်ရှားသော မော်လမြိုင်သား စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည်။ မွေးချင်း ၃ ယောက်အနက် အကြီးဆုံးသား ဖြစ်ပြီး ညီမတစ်ယောက်၊ ညီတစ်ယောက် ရှိသည်။ အာဘွိုင်းသည် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ လွင်မိုး၏ တူ တော်စပ်သူလည်း ဖြစ်သည်။

မြန်မာ နိုင်ငံတကာကျောင်း (International School of Myanmar) မှ အထက်တန်း အောင်သည်။

Remove ads

အနုပညာ လှုပ်ရှားမှု

၂၀၀၂ ခု၊ ကျောင်းသားဘဝ၌ပင် အနုပညာလှုပ်ရှားမှု စသည်။ ရော့စတားအဖွဲ့တွင် ပါဝင်ကာ တစ်ကိုယ်တော်တေးစီးရီးထုတ်ရန် စိုင်းပြင်းသည်။ ၂၀၀၇ ခုတွင် တရုတ်တန်း အမည်ရှိ တေးစီးရီးကို ထုတ်ဝေနိုင်ခဲ့သည်။ ထို့နောက်တွင်မူ စီးပွားရေးဘက်ကို အလေးပါကာ ဂီတလှုပ်ရှားမှု နည်းသွားသည်။

စီးပွားရေး လှုပ်ရှားမှု

မိသားစုမှာ လုပ်ငန်းအများအပြား ပိုင်ဆိုင်ရာ မြန်မာလိုက်တင် အိုင်ပီပီ (Myanmar Lighting IPP) ကုမ္ပဏီနှင့် ဘီးဒေါ့ (Bedok) ဆောက်လုပ်ရေးတို့တွင် မန်နေးဂျင်းဒါရိုက်တာအဖြစ် တာဝန်ယူ လုပ်ကိုင်လျက် ရှိသည်။ [][]

ဖြူ့ (FUSE) ကလပ်ကိုလည်း စပ်တူပိုင်သည်။ []

တေးစီးရီးများ

နောက်ထပ် အချက်အလက်များ ခေါင်းစဉ်, ထုတ်ဝေနှစ် ...

မိသားစု ဘဝ

၂၀၀၆ ခုတွင် အဆိုတော် စင်ဒီနှင့် လက်ထပ်ရာ သမီး ၂ ယောက်ရသည်။ ထို့နောက် ကွာရှင်းကြသည်။

၂၀၁၂ ခု၊ ဇွန်လ ၂၃ ရက်တွင် စံရတီမိုးမြင့်နှင့် တတွဲတွဲ ဖြစ်လာသည်။ သို့သော်လည်း မကြာမီပင် ပတ်သက်မှု မရှိတော့ပေ။ []

၂၀၁၆ ခုတွင် မြန်မာ မော်ဒယ်နှင့် သရုပ်ဆောင် မြတ်ရတနာကျော်နှင့် စုံတွဲခုတ်သည်။ ၂၀၁၇ ခု၊ ဒီဇင်ဘာလ ၂၁ ရက်တွင် လက်ထပ်ရာ [] သမီးဦး စကားလက်ဖြိုးထွန်း ကို ၂၀၁၈ ခုတွင် မွေးဖွားသည်။

ပြင်ပလင့်များ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads