အာမြန် ကသီဒရယ် ဘုရားရှိခိုးကျောင်း

From Wikipedia, the free encyclopedia

အာမြန် ကသီဒရယ် ဘုရားရှိခိုးကျောင်း
Remove ads

အာမြန် ကက်သီဒရယ် ဘုရားကျောင်း သို့ ကျွန်ုပ်တို့၏ အားမြန်ရှိ သူကောင်းမ တို့၏ ကက်သီဒရယ် ဘာဆေးလီကာ သည် ရိုမန်ကက်သလစ် ဘုရားရှိခိုးကျောင်း တစ်ခု ဖြစ်သည်။ ထို ကက်သီဒရယ် ဘုရားကျောင်းသည် အားမြန်ဘစ်ရှော့၏ ရုံးထိုင်ရာ နေရာ ဖြစ်သည်။ ပြင်သစ်နိုင်ငံ ပါရီမြို့၏ မြောက်ဘက် ၇၅မိုင် (၁၂၀ ကီလိုမီတာ) အကွာခန့်ရှိ ပီကာဒီ ဒေသ၏ မြို့တော် အာမြန်မြို့ တွင် တည်ရှိပြီး ဆွန်းမြစ်ကို အပေါ်စီးမှ မြင်ရသော ကုန်းစွန်းပေါ်တွင် တည်ရှိသည်။ ကမ္ဘာပေါ်တွင် ၁၉ ခုမြောက် အကြီးမားဆုံးသော ဘုရားကျောင်း ဖြစ်သည်။

အချက်တိုများ အာမြန် ကက်သီဒရယ် ဘုရားကျောင်း*, UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ ...

အလယ်ခေတ် ကက်သီဒရယ် ဘုရားကျောင်းတည်ဆောက်သူများသည် အတွင်းပိုင်း အကျယ်အဝန်းကို တတ်နိုင်သမျှ ကျယ်အောင် တည်ဆောက်ထားပြီး ကောင်းကင်ဘုံထိ ရောက်သကဲ့သို့ အထင်ရှိရန် နှင့် အလင်းရောင် ပိုမို ရရှိရန် အတွက် ဖြစ်သည်။ ထို့အတွက်ကြောင့် အာမြန် ကက်သီဒရယ် ဘုရားကျောင်းသည် ပြင်သစ်နိုင်ငံတွင် အမြင့်မားဆုံး အပြီးထိ တည်ဆောက်ထားသော ကက်သီဒရယ် ဘုရားကျောင်း တစ်ခု ဖြစ်ပြီး အတွင်းပိုင်းရှိ ကျောက်သားဖြင့် တည်ဆောက်ထားသော အလယ်ဆောင်မှာ ၁၃၈.၈ ပေ (၄၂.၃၀ မီတာ) မျှ မြင့်ပြီး ၎င်းထက် မြင့်သော ဘုရားကျောင်းမှာ အပြီးမသတ်ထားသော ဘူးဗေးကက်သီဒရယ်ဘုရားကျောင်း သာလျှင် ရှိသည်။ ထို့ပြင် ပြင်သစ်ရှိ ကက်သီဒရယ် ဘုရားကျောင်းများတွင် အတွင်းပိုင်း ထုထည် အကြီးမားဆုံး ဖြစ်ပြီး ၂၆၀,၀၀၀ ကုဗကိုက် (၂၀၀,၀၀၀ ကုဗ မီတာ) ကျယ်ဝန်းသည်။ ထို ကက်သီဒရယ် ဘုရားကျောင်းကို ၁၂၂၀ ခုနှစ် နှင့် ၁၂၇၀ ခုနှစ် ကြားတွင် တည်ဆောက်ခဲ့ပြီး ၁၉၈၁ ခုနှစ်မှစ၍ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ထည့်သွင်းသတ်မှတ် ခံခဲ့ရသည်။[] မူလရောင်စုံမွမ်းမှန် အများစုမှာ မရှိတော့ပြီ ဖြစ်သော်လည်း အာမြန် ကက်သီဒရယ် ဘုရားကျောင်းသည် ၎င်း၏ ပင်မ အနောက်မျက်နှာစာနှင့် တောင်ဘက် ဖြတ်မင်းလင်းရှိ ၁၃ ရာစု အစောပိုင်း ဂေါသစ် ပန်းပုလက်ရာများ အရည်အသွေးကောင်းမွန်ခြင်း နှင့် အများအပြား ရှိခြင်းတို့ကြောင့် ထင်ရှားကျော်ကြားပြီး အတွင်းပိုင်းတွင်လည်း နှောင်းပိုင်းနှစ်များမှ ရောင်စုံ ပန်းပုရုပ် အများအပြား ရှိသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads