အာရှရန်ကုန်ဘဏ်လီမိတက်

From Wikipedia, the free encyclopedia

Remove ads

အာရှရန်ကုန်ဘဏ် (အတိုကောက်: AYB)[] သည် ၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံတော် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ လိုင်စင်ရရှိခဲ့သော မြန်မာနိုင်ငံ၏ အဓိကဘဏ်လုပ်ငန်းများထဲမှ တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။[] ကမ္ဘောဇဘဏ်နှင့် ခေတ်ပြိုင်ဘဏ်တစ်ခုလည်း ဖြစ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မတ်လ ၁၆ ရက်နေ့ တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အာရှရန်ကုန်ဘဏ်ကို တည်ဆဲဥပဒေများ ဖောက်ဖျက်ခြင်းကိစ္စဖြင့် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းခဲ့ကာ ဖျက်သိမ်းခဲ့သည်။[] ဘဏ်၏သက်တမ်းသည် ၂၆ နှစ် ရှည်ကြာခဲ့သည်။

အချက်တိုများ အမျိုးအစား, လုပ်ငန်း ...
Remove ads

ဘဏ်သမိုင်းကြောင်း

၁၉၉၄ ခုနှစ်က ဘဏ်လုပ်ငန်းလိုင်စင်ရခဲ့ပြီး ထိုစဉ်က AYB ဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။[] ဘဏ်ရုံးချုပ်သည် ရန်ကုန်တွင် ရှိသည်။ ယင်းနောက် ရန်ကုန်၊ မန္တလေး၊ လယ်ဝေး၊ တပ်ကုန်း၊ တောင်ငူ၊ မုံရွာ၊ မကွေး၊ ပုသိမ်၊ ပြည်၊ မင်းဘူး၊ ဟင်္သာတနှင့် ဓနုဖြူမြို့များတွင် ဘဏ်ခွဲများ ဆက်လက်ဖွင့်လှစ်ခဲ့သည်။စာရင်းများအရ ဘဏ်ခွဲ(၁၃)ခုအထိ ရှိသည်။AYB ဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရုံးချုပ်နှင့် ဘဏ်ခွဲပေါင်း ၁၂ ခု ဖွင့်လှစ်ထားပြီး ကူးသန်းရောင်းဝယ်ရေးဘဏ်လုပ်ငန်းဆိုင်ရာ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခဲ့သည်။

Remove ads

ဘဏ်လုပ်ငန်းဆိုင်ရာ ရုပ်သိမ်းခံရခြင်း

၁၉၉၄ ခုနှစ် မတ်လ ၁၇ ရက်နေ့က စတင်တည်ထောင်ခဲ့သော အာရှရန်ကုန်ဘဏ်လီမိတက်သည် ၂၀၂၀ ခုနှစ် မတ်လ ၁၆ ရက်နေ့ညနေပိုင်းမှစပြီး ဘဏ်လုပ်ငန်း လိုင်စင် ရုပ်သိမ်းခံခဲ့ရသည်။[] ထိုရက် ညနေပိုင်းမှာပင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ ပုဒ်မ ၉၇၊ ပုဒ်မခွဲ (က) အရ အုပ်ချုပ်သူခန့်ထားပြီး အာရှရန်ကုန်ဘဏ်တွင် အပ်နှံထားသည့်ငွေများ၊ အာရှရန်ကုန်ဘဏ်က အခြားဘဏ်များတွင် အပ်နှံထားသည့်ငွေများနှင့် အဆိုပါဘဏ်၏ ဘဏ်ခွဲ အသီးသီးတွင်ရှိသည့် ငွေများကို စနစ်တကျ ထိန်းသိမ်းရန် စီမံခန့်ခွဲသွားသည်။ ဘဏ်လိုင်စင်ရုပ်သိမ်းရခြင်းနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အာရှရန်ကုန်ဘဏ်၏ မ,တည်ငွေရင်း တိုးမြှင့်ငွေမှာ အခွန်ထမ်းဆောင်ပြီး တရားဝင်ရငွေဖြစ်ကြောင်း အထောက်အထားမရှိသည့်အပြင် ဘဏ်ရှယ်ယာ အရောင်းအဝယ်ပြုလုပ်စဉ်က ပေးချေသည့်ငွေများမှာလည်း အခွန်ဆောင်ထားပြီး တရားဝင်ရငွေဟု ယူဆ၍မရသည့် အထောက်အထားများ ပါဝင်သည့်အတွက်ကြောင့်ဟု အကြောင်းပြချက်ပေးခဲ့သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads