အာရှလူငယ် အစည်းအရုံး

From Wikipedia, the free encyclopedia

Remove ads

ဖြစ်ပေါ်လာပုံ

အာရှလူငယ်အစည်းအရုံးကို ၁၉၄၂၊ ဇွန်-၂၈ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ စတင်ဖွဲ့စည်းစဉ်က အမည်အပြည့်အစုံ ကတော့ အရှေ့အာရှတိုက် လူငယ်များအစည်းအရုံး (ဗမာနိုင်ငံ) ဖြစ်ပါတယ်။

ခေါင်းဆောင်များ

အာရှလူငယ်အစည်းအရုံးရဲ့ ဥက္ကဋ္ဌဟာ ပုဂံဦးဘဂျမ်းဖြစ်ပါတယ်။ ဦးဘဂျမ်းခေါင်းဆောင်ပြီး ဦးကျော်မြင့်ကလေး၊ မစ္စတာတီကေဘွန်း၊ ဦးဇော်ဝိတ်၊ သခင်ခင်အောင်၊ မြို့မ-ဦးသန်းကြွယ် ၊ သခင်ညီလေး စတဲ့ပုဂ္ဂိုလ်တွေနဲ့ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်

လူငယ်များ ဗလငါးတန်ပြည့်၀ရေး၊ စေတနာ့ဝန်ထမ်းလူမှုရေးလုပ်ငန်းများမှာ ပါဝင်အသုံးချရေးနဲ့ အရှေ့တောင် အာရှ နိုင်ငံများရဲ့ အကျိုးတူလုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက်ထောက်ခံအားပေးရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ထုတ်ဖော် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

စုစည်းအင်အား

“အာရှတိုက် သာတူညီမျှ ကောင်းစားရေးဝါဒ” ကို ကြွေးကြော်နေတဲ့ ဂျပန်က အာရှလူငယ် အစည်းအရုံးကို ပွဲဦးထွက်မှာ အားပေးခဲ့ပါတယ်။ ဒေါက်တာဘမော်အစိုးရကလည်း အားပေးခဲ့ပါတယ်။ ဂျပန်က သူတို့ရဲ့ စစ်အောင်နိုင်ရေး အတွက် အသုံးချခွင့်ရလိမ့်မယ်ထင်ပြီး အားပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် စစ်အတွင်း ကာလ မှာပဲ တပြည်လုံးအနှံ့ အစည်းအရုံးခွဲပေါင်း (၆၀၀) ကျော်နဲ့ အသင်းသားပေါင်း (၇) သောင်းကျော် စုစည်း ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

လျှို့ဝှက် ဖက်ဆစ်ဆန့်ကျင်ရေး

တော်လှန်ရေးအင်အားစုများဘက်ကလည်း ဂျပန်အကြိုက် လိုက်စည်းရုံးရင်း၊ တစ်ဖက် တစ်လမ်းက ဂျပန်အကြိုက် ဝါဒဖြန့်ချိပေးရင်း၊ တော်လှန်ရေးအတွက် လျှို့ဝှက် ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့ အာရှလူငယ် အစည်းအရုံးကြီး အတွင်း လူငယ်တွေအမြောက်အမြားကို အစီအစဉ်ရှိရှိ ထည့်သွင်းမြှုပ်နှံခဲ့ပါတယ်။ တော်လှန်ရေး အင်အားစုများဘက်က အာရှလူငယ် အစည်းအရုံး အကာအကွယ်နဲ့ ဖက်ဆစ်ဆန့်ကျင်ရေး လျှို့ဝှက် လုပ်ငန်းတွေကို အများအပြား လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ၁၉၄၄ ခုနှစ်မှာ ဖက်ဆစ် တော်လှန်ရေး တပ်ပေါင်းစု ပေါ်ထွန်းလာတဲ့အခါ အာရှလူငယ်အဖွဲ့အစည်းဟာ အရေးပါတဲ့ လူငယ် အင်အားစု တရပ်အဖြစ် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဖက်ဆစ်တော်လှန်ရေးအတွင်း ‘အာရှလူငယ်’ ဟာ တတပ်တအားအဖြစ် ပါဝင်ခဲ့ပါတယ်။

Remove ads

ကိုးကား

  • ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads