အာလောကကသိုဏ်း

From Wikipedia, the free encyclopedia

အာလောကကသိုဏ်း
Remove ads

အာလောက − အလင်းကသိုဏ်း နိမိတ်ဆိုသည်ကား အမိုးပေါက်၊ နံရံပေါက်များမှ နေရောင်ဝင်လာ၍ အိမ်ခန်း ကျောင်းခန်းအတွင်း ကြမ်းပြင် နံရံများမှာ ထင်နေသော နေရောင်ကွက်ကို ဆိုသည်။ ထိုနေရောင်ကွက်ကို "အလင်း အလင်း" ဟု စိတ်ထဲကမှတ်၍ မျက်စိနှင့် မြင်သောအတိုင်း စိတ်ထဲ၌ စွဲကပ်ထင်မြင်၍ ပါလာအောင် ကြည့်ရှု၍ ယူရာ၏။ ဤကဲ့သို့ နေရောင်ကွက်အခင်းက ကြာရှည်မခံ၍ ရအောင်မယူနိုင်လျှင် မှန်ကို နေပူ၌ အခန်းတွင်းသို့ မျက်နှာလှည့်ပြထား၍ ထိုမှန်ရောင် အလင်းကွက်ကို ကြည့်၍ ယူရာ၏။ ညဉ့်အခါ အခန်းတွင်း နံရံ၌ တပါးမှ လာစေ၍ ထင်သော မီးရောင်အလင်းကွက်ကိုလည်းကောင်း ကြည့်ရှု၍ ယူရာ၏။

Thumb
ဗုဒ္ဓဘာသာ သင်္ကေတ

ဤအလင်းကသိုဏ်း၌ ဥဂ္ဂဟနိမိတ်ကား အပြင်ဘက် ပရိကမ္မနိမိတ်နှင့် တထပ်တည်းတူစွာ မျက်စိနှင့် မြင်သောအတိုင်းပင် ထင်၏။ ပဋိဘာဂနိမိတ်မှာ ထိုဥဂ္ဂဟနိမိတ်ထက်သာလွန်၍ လင်းလျက် ထူးကဲစွာ တွေ့ခဲ၍ အရောင်လုံး အရောင်ခဲကြီးကဲ့သို့ ထင်၏။ ဈာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်းနည်းအတိုင်း ပေါ်၏။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads