အာဝသထစီဝရသိက္ခာပုဒ်

From Wikipedia, the free encyclopedia

အာဝသထစီဝရသိက္ခာပုဒ်
Remove ads

အမှု—ကျောင်းပိုင်ဖြစ်သော ဥတုနှီးသင်္ကန်းကို သူချည်း သုံးစွဲမှု။

အမှုသည်—ထုလ္လနန္ဒာ။ []

ကျောင်းသင်္ကန်း

ဘိက္ခုနီများ၏ ကျောင်း၌ ဥတုလာသူတို့ အသုံးပြုဖို့ရန် “ဥတုနှီး” သင်္ကန်းကို လှူဒါန်းထားတတ်ကြ၏၊ ထိုသင်္ကန်းကို သုံးရာ၌ထုံးစံမှာ ၂-ညဉ့်-၃ ည သုံးပြီးလျှင် ၄-ရက်မြောက်နေ့၌ ဖွပ်လျှော်၍ အခြားဥတုလာသူ (ဘိက္ခုနီ, သိက္ခမာန်မ, သာမဏေမ)တို့အား တဆင့်ပေးရ၏၊ ဥတုလာနေသူ ရှိပါလျက် ထိုသူအား တဆင့်မပေးလျှင် ဤသိက္ခာပုဒ်အရ ပါစိတ်အာပတ် သင့်၏၊ ဥတုလာသူ မရှိ၍ ဆက်လက်သုံးနေလျှင်ကား အနာပတ္တိ၊ ထုလ္လနန္ဒာကား ထိုသင်္ကန်းကို အခြားသူအား အလှည့်မပေးဘဲ သူ့ချည်း သုံးနေသဖြင့် အခြားဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။

Remove ads

သိက္ခာပုဒ်

ယာ ပန ဘိက္ခုနီ အာဝသထစီဝရံ အနိဿဇ္ဇေတွာ ပရိဘုဉ္ဇေယျ, ပါစိတ္တိယံ။

မြန်မာပြန်

ဥတုနှီးသင်္ကန်းကို မစွန့်ဘဲ အသုံးပြုနေသူမှာ ပါစိတ် အာပတ်သင့်၏။

ခန္ဓာကျင့်ဝတ်

ဤသိက္ခာပုဒ်နှင့် စပ်၍ စူဠဝါ(ဘိက္ခုနီခန္ဓက) ပါဠိတော်၌ သိက္ခာပုဒ်များရှိသေး၏။

(က) ဘိက္ခုနီတို့သည် ဥတုလာနေစဉ် ကြိမ်ခတ်ထားသော ညောင်စောင်း အင်းပျဉ်(ခုတင်-ထိုင်ခုံ)တို့အပေါ်၌ ထိုင်ကြ အိပ်ကြလေရာ ခက်ထားသောကြိုး..ကြိမ်တို့ကို ဖေါက်၍ အောက်ကြမ်းပြင်ပေါ်၌ စိုရွှဲနေသောကြောင့် ဥတုနှီးသင်္ကန်းကို ခွင့်ပြုတော်မူလေသည်။

(ခ) ထိုဥတုနှီးသင်္ကန်း၌ သွေးများ ပေကျံနေပြန်ရကား အတွင်း၌ ဆို့ထားဖို့ရာ အတွင်းဆို့ အဝတ်ကို ခွင့်ပြုတော်မူရပြန်၏။

(ဂ) ထိုအတွင်းဆို့ အဝတ်သည် မမြဲဘဲကျွတ်ကျသောကြောင့် အတွင်းသို့ အဝတ်ကို ကြိုးငယ်ဖြင့် ဖွဲ့ချည်၍ ကြိုးစတစ်ခုဖြင့် ပေါင်၌ ဖွဲ့ချည်ထား ဖို့ရန် ခွင့်ပြုတော်မူရပြန်၏။

(ဃ) ထိုကြိုးသေးကလေး ပြတ်၍ ပြုတ်ကျပြန်သောကြောင့် ခါးတောင်း ကြိုက်၍ဖြစ်သော ခါးကြိုးတန်ဆာ တစ်မျိုးကို ခွင့်ပြုတော်မူရပြန်သည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads