အာသန္နကံ

From Wikipedia, the free encyclopedia

အာသန္နကံ
Remove ads

အာသန္န သဒ္ဒါသည် အနီးဟု အဓိပ္ပာယ်ရ၏။ ထို့ကြောင့်အာသန္နကံ ဆိုသည်မှာ သေခါနီးကာလ၌ (မရဏာသန္နဇောဝီထိသို့ မရောက်မီ ပြုခဲ့ပြီးသည်ကိုပြန်၍ အောက်မေ့သောကံသည်လည်းကောင်း၊ သေခါနီး ကာလ၌ တရားနာခြင်း, အလှူဒါနပြုခြင်း, သီလဆောက်တည်ခြင်း, ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းစသော ကံသည်လည်းကောင်း အာသန္နကံ မည်ပါသည်။ ထင်ရှားစေဦးအံ့။ အချို့ကုသိုလ်ကံ အကုသိုလ်ကံများကို ကာလအတန် ကြာက ပြုခဲ့ပြီးသည့်နောက် ထပ်ခါထပ်ခါ သတိမရပဲ မသေခါနီးရောက်မှ သတိရတတ်၏။ ထိုကံမျိုးသည် အာသန္နကံမည်၏။ သေခါနီးမှ တရားနာခြင်း၊ ပန်းဆီမီးပူဇော်ခြင်း၊ တစ်ယောက်နှင့်တစ်ယောက် သတ်ပုတ် ရိုက်နှက်ခြင်းစသော ကံမျိုးကိုလည်း အာသန္နကံဟု ခေါ်ပါသည်။ [] []

ဒမိဠဒေါဝါရိကသည် အနှစ် ငါးဆယ်ပတ်လုံး ငါးမျှား၍ သေခါနီး ကာလ၌ စူဠပိဏ္ဍပါတိကတိဿမထေရ်ထံ၌ သရဏဂုံ ဆောက်တည်သော ကုသိုလ် အာသန္နကံကြောင့် စာတုမဟာရာဇ် နတ်ပြည်၌ ဖြစ်ရသည်။

မဟာဝါစကာလဥပါသကာသည် အနှစ်သုံးဆယ်ပတ်လုံး ၃၂-ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို စီးဖြန်းသော်လည်း ဩဘာသနိမိတ် မျှမရ၍ “ဘုရားသာသနာတော်သည် သံသရာမှ ထွက်မြောက်ကြောင်း ဖြစ်မည်မထင်”ဟု အယူဖောက်ပြန်သော အကုသိုလ် အာသန္နကံ၏ အစွမ်းကြောင့် သေသည်၏ အခြားမဲ့၌ မဟာဂင်္ဂါမြစ်၌ မိကျောင်းပြိတ္တာ ဖြစ်ရသည်။[] []

အကျိုးပေးပုံကို အာစိဏ္ဏကံ၌ ကြည့်ပါ။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads