အာသဝက္ခယသုတ်
From Wikipedia, the free encyclopedia
Remove ads
(၈)သုတ် ရှိပါသည်။
[၁] သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ-ဟူသော ဣန္ဒြေငါးပါးကိုပွားများခြင်း ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းကြောင့် အာသဝေါတရားများ ကုန်ခမ်းပြီး အနာသဝ စေတောဝိမုတ္တိ, ပညာဝိမုတ္တိဖြစ်သည့် အရဟတ္တဖိုလ်ကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်သိရှိ မျက်မှောက်ပြု၍ နေနိုင်၏-ဟု ဟောတော်မူသည့်သုတ်။
[၂] အထက်သုတ်ပါ ဣန္ဒြေငါးပါးတို့ကို ပွားများအပ်, ကြိမ်ဖန်များစွာ အလေ့ အလာပြုအပ်သည်ရှိသော် သံယောဇဉ်တို့ကို ပယ်စွန့်ရန်၊ အနုသယတို့ကို အကြွင်းမဲ့ ပယ်ခွါရန်၊ သံသရာခရီးကို ပိုင်းခြား၍ သိနိုင်ရန်၊ အာသဝေါတရားတို့ ကုန်ခမ်းရန် ဖြစ်ကုန်၏-ဟု ဟောတော်မူသည့်သုတ်။
[၃] သတိပဋ္ဌာန်လေးပါးကို ပွားများခြင်း၊ ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်း အာသဝေါတရားတို့ ကုန်ခမ်းခြင်းကြောင့် အနာသဝ စေတောဝိမုတ္တိ, ပညာဝိမုတ္တိကို မျက်မှောက်ဘဝမှာပင် ကိုယ်တိုင်သိရှိ မျက်မှောက်ပြု၍ နေနိုင်၏-ဟု အရှင်အနုရုဒ္ဓါက သမ္ဗဟုလရဟန်းတို့အား ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ ဟောတော်မူသည့်သုတ်။
[၄] အာနာပါနဿတိသမာဓိကို ပွားများခြင်းသည် အာသဝေါတရားတို့ ကုန်ခမ်းရန် ဖြစ်၏-ဟု အာနာပါနဿတိသမာဓိ ပွားများပုံကို ဟောတော်မူသည့်သုတ်။
[၅] သစ္စာလေးပါးကိုသိမြင်သောသူအား အာသဝေါတရားတို့ ကုန်ခြင်းကို ဟောတော်မူ၏၊ သစ္စာလေးပါးကို သိမြင်အောင် အားထုတ်ကြရမည်-ဟု ဟောတော်မူသည့်သုတ်။
[၆] (၁) ကာယေ အသုဘာနုပဿီ၊ (၂) အာဟာရေ ပဋိကူလသညီ၊ (၃) သဗ္ဗလောကေ အနဘိရတသညီ၊ (၄) သဗ္ဗသင်္ခါရေသု အနိစ္စာနုပဿီ၊ (၅) အဇ္ဈတ္တံ မရဏသညာ သုပဋ္ဌိတာ-ဟူသော တရားငါးပါးကို ပွားများ, ကြိမ်ဖန်များစွာ အလေ့အလာပြုသည် ရှိသော် အာသဝေါတရားတို့ ကုန်ခမ်းရန် ဖြစ်ကုန်၏-ဟု ဟောတော်မူသည့်သုတ်။
[၇] မဂ္ဂင်ရှစ်ပါး၊ သမ္မာဉာဏ၊ သမ္မာဝိမုတ္တိ-ဟူသော တရား ၁၀-ပါးကို ပွားများ, ကြိမ်ဖန်များစွာ ပွားများသည်ရှိသော် အာသဝေါတရားတို့ ကုန်ခမ်းရန် ဖြစ်ကုန်၏ဟု ဟောတော်မူသည့်သုတ်။
[၈] သစ္စာလေးပါးကို သိမြင်သောရဟန်းအား အာသဝေါတရားတို့ ကုန်ခမ်းခြင်းကို ဘုရားရှင် ဟောတော်မူ၏-ဟု ခုဇ္ဇုတ္တရာက သာမာဝတီအမှူးရှိသော မိဖုရား ငါးရာတို့အား ပြန်လည်ဟောပြသည့်သုတ်။ [၉]
အာသဝက္ခယသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားငါးမျိုးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ အာသဝေါတရားတို့ ကုန်ခြင်းငှါ ဖြစ်ကြောင်းကို ဟောကြားတော်မူခဲ့သည်။[၁၀]
Remove ads
အာသဝက္ခယသုတ်
ရဟန်းတို့ ဤတရားငါးမျိုးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် အာသဝေါတရားတို့၏ ကုန်ခြင်းငှါ ဖြစ်ကုန်၏။ အဘယ်တရားငါးမျိုးတို့နည်း ဟူမူ -
- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ခန္ဓာကိုယ်၌ မတင့်တယ်ဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
- မျိုအပ်သောအစာ ‘အာဟာရ’၌ စက်ဆုပ်ရွံရှာဖွယ်ဟု အမှတ်ရှိ၏။
- လောကအားလုံး၌ မွေ့လျော်ဖွယ်မရှိဟု အမှတ်ရှိ၏။
- အလုံးစုံသော သင်္ခါရတို့၌ မမြဲဟု ရှုလေ့ရှိ၏။
- ထိုရဟန်းအား သေခြင်း၌ ဖြစ်သောအမှတ် ‘မရဏသညာ’ သည် ထိုရဟန်း၏ အတွင်းသန္တာန်၌ ကောင်းစွာတည်၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် အာသဝေါတရားတို့၏ ကုန်ခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။[၁၀]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads