အာသီဝိသောပမသုတ်

From Wikipedia, the free encyclopedia

Remove ads

[] (၁) အာသီဝိသ၊ ဥဂ္ဂတေဇ ယောရဝိသ-ဖြစ်သော မြွေလေးမျိုးကို ပြုစုလုပ်ကျွေးနေရပုံနှင့် မဟာဘုတ်လေးပါးကိုလည်းကောင်း၊

(၂) မိမိနောက်က တကောက်ကောက်လိုက်၍ သတ်ရန်ပြင်ဆင်နေသော သူသတ်ယောက်ျားငါးယောက်နှင့် ဥပါဒါနက္ခန္ဓာငါးပါးကိုလည်းကောင်း၊

(၃) ၆-ယောက်မြောက်ဖြစ်သော အနီးအနား၌သံလျက်ကိုင်လျက် နောက်ကနေပြီး သတ်ရန်လိုက်နေသော သူသတ်ယောက်ျားနှင့် နန္ဒီရာဂကိုလည်းကောင်း၊

(၄) သုညဂါမနှင့် အဇ္ဈတ္တိကာယတနကိုလည်းကောင်း၊

(၅) စောရဂါမဃာတနှင့် ဗဟိဒ္ဓါယတနကိုလည်းကောင်း၊

(၆) သမုဒ္ဒရာနှင့် ဩဃလေးပါးကိုလည်းကောင်း၊

(၇) ဘေးအန္တရာယ်များလှသော ဤမှာဖက်ကမ်းနှင့် သက္ကာယဒိဋ္ဌိကိုလည်းကောင်း၊

(၈) အေးချမ်းသာယာသော ထိုမှာဖက်ကမ်းနှင့် နိဗ္ဗာန်ကိုလည်းကောင်း၊

(၉) ဖောင်နှင့် အဋ္ဌင်္ဂိကအရိယာမဂ်ကိုလည်းကောင်း၊

(၁၀) လုံ့လပြုခြင်းနှင့် ဝီရိယကိုလည်းကောင်း၊

(၁၁) တဖက်ကမ်းသို့ရောက်ရှိသွားသောဗြာဟ္မဏနှင့် ရဟန္တာပုဂ္ဂိုလ်တို့ကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -ဘုရားရှင်ထံတော်သို့ရောက်ရှိလာကြကုန်သော အရပ်မျက်နှာတို့၌နေကြကုန်သော အသက်မွေးမှုတူကြပြီး ဒုက္ခလက္ခဏာကမ္မဋ္ဌာန်းကို အာထုတ်နေကြသော ယောဂီရဟန်းတော်တို့အား ဟောတော်မူကြောင်း၊ ဥဂ္ဃဋိတညူအစရှိသော ပုဂ္ဂိုလ်လေးမျိုးတို့အား အရဟတ္တဖိုလ်ရောက်သည်အထိ ကျေးဇူးပြုနိုင်အောင် ဘုရားရှင်ကြိုးကြိုးစားစား ဟောတော်မူကြောင်း၊ မြွေလေးမျိုးနှင့် အဆိပ်လေးမျိုး၊ ဝိသဝေဂဝိကာရအားဖြင့် မြွေ ၁၆-မျိုး၊ ပုဂ္ဂလ ပဏ္ဏတ္တိအားဖြင့် မြွေ ၆၄-မျိုး၊ ယောနိအားဖြင့် မြွေ ၂၅၆-မျိုး၊ ၅၁၂-မျိုး၊ ၁၀၂၄-မျိုး ရှိပုံကိုလည်းကောင်း၊ မြွေလေးမျိုးကိုပြုစုလုပ်ကျွေးပုံ ဥပမာအကျယ်၊ ရန်သူ သူသတ်ယောက်ျားများ တကောက်ကောက်လိုက်နေကြပုံ၊ ဥပမာ ဥပမေယျ နှိုင်းယှဉ်ချက်၊ မြွေလေးမျိုးနှင့် ဓာတ်လေးပါး၊ သူသတ်သမားငါးယောက် နှင့် ဥပါဒါနက္ခန္ဓာငါးပါး၊ သန်လျက်ကိုင်ပြီး လိုက်သတ်နေသောသူနှင့် နန္ဒီရာဂ၊ စောရဂါမဃာတကများနှင့် ဗဟိဒ္ဓါယတန၊ သမုဒ္ဒရာကူးပုံ၊ သစ္စာလေးပါးတို့ကို နည်းခြောက်ထောင်တို့ဖြင့် ဝေဖန်၍ ဟောတော်မူထားပုံ၊ ဒေသနာတော် အဆုံး၌ ဝိပဉ္စိတညူရဟန်းငါးရာတို့ အရဟတ္တဖိုလ်သို့ရောက်ကြပုံ အစရှိသည်တို့ကို ရှင်းလင်း ဖွင့်ပြထားပါသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads