အာသံနိုင်မော်ကွန်း
From Wikipedia, the free encyclopedia
Remove ads
အာသံနိုင်မော်ကွန်းကို ဘိုးတော်ဘုရား၊ ဘကြီးတော်ဘုရား၊ ရွှေဘိုမင်းတို့ လက်ထက် ချီးမြှင့် သူကောင်းပြုခံရသော ပညာရှိ ဝက်မစွတ်မြို့စား နဝဒေး စီကုန်းရေးသားသည်။ ၎င်းရေးသားသော အခြားသော မော်ကွန်းများကဲ့သို့ နိဂုံးချုပ်သံပိုင် ပါဝင်သော်လည်း မည်သည့်ခုနှစ်တွင် ဆိုကြောင်း တပ်အပ်သေချာ မသိရပေ။ သို့ရာတွင် ဘကြီးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၈၄-ခုနှစ်တွင် "'ကာမရူပ၊ အသမနှင့်၊ သက္ကဝဇ္ဇီ၊ ဝေသာလီ"'ဟု ရာဇဝင်တွင် ထင်ရှားသော အာသံပြည်ကို တိုက်ခိုက်သိမ်းယူ အောင်မြင်သည်ကို ထောက်ရှု၍၎င်း၊ မော်ကွန်းစာကိုယ်နိဂုံးတွင် "ဗိုလ်ပွဲပြန်တွင်၊ အောင်ဘန်ပွားစီး၊ များလေပီးသား၊ မင်းကြီးမဟာဗန္ဓုလ၊ သေနကကို၊ နေကျသီးသန့်၊ ဝန်ကြီးခန့်၏။”ဟူ၍ ပါရှိသည်ကို ထောက်ရှု၍၎င်း၊ ရတနာသီခ ဒုတိယမဟာရာဇဝင်ကြီးတွင် ၁၁၈၄-ခု၊ တပေါင်းလဆန်း (၁၂)ရက်နေ့တွင် မင်းကြီးမဟာဗန္ဓုလကို အဂ္ဂမဟာသေနာပတိ ဝန်ကြီးခန့်ကြောင်း ပါရှိသဖြင့် ၎င်းနောက်မှ ဤ အာသံနိုင်မော်ကွန်းကို ရေးသားသည်ဟု ယူဆသင့်သည်။ [၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads