အာဟာရ (ဗုဒ္ဓဘာသာ)

From Wikipedia, the free encyclopedia

အာဟာရ (ဗုဒ္ဓဘာသာ)
Remove ads

[] (၁) ခံတွင်းသို့ ဆောင်အပ်-စားမျိုအပ်-သော အရာ ဝတ္ထု၊ စားသောက်ဖွယ်၊ အစာ၊ (၎င်းကိုပင် ကဗဠီကာရာဟာရ-ဟု ဆိုနိုင်၏။ ကဗဠီကာရာဟာရ-ကြည့်)။ []

  • (၂) (က) အကြောင်း၊ သာမညအကြောင်း။ []
  • (ခ) မိမိဆိုင်ရာအကျိုး ကို–လွန်စွာ ဆောင်တတ်-ဖြစ်စေတတ်သော အကြောင်း၊ ထူးသော အကြောင်း၊ အာဟာရတရား။ [][]

အာဟာရ လေးမျိုး

(၎င်းတို့ကား ကဗဠီကာရာဟာရ, ဖဿာဟာရ, မနောသဉ္စေတနာဟာရ, ဝိညာဏာဟာရ-ဟူ၍ လေးမျိုးရှိ၏။ []

အာဟာရ လေးပါး ဖြစ်စေသော တရားများ

ကဗဠီကာရာဟာရသည် ဩဇာလျှင် ရှစ်ခုမြောက်ရှိသော ရုပ်။ (= ပထဝီ, အာပေါ, တေဇော, ဝါယော, ဝဏ္ဏ ဂန္ဓ ရသ ဩဇာ-ဟူသောရုပ်) ရှစ်ပါးကို ဆောင်(ဖြစ်စေတတ်)၏၊

ဖဿာဟာရသည် ဝေဒနာသုံးပါးကို ဖြစ်စေ၏၊

မနောသဉ္စေတနာဟာရသည် ဘဝသုံးပါးကို (ဘဝသုံးပါးတို့၌ ပဋိသန္ဓေကို) ဖြစ်စေ၏၊

ဝိညာဏာဟာရသည် ပဋိသန္ဓေ နာမ်ရုပ်ကို (ပဋိသန္ဓေ ခဏ၌ နာမ်ရုပ်ကို) ဖြစ်စေ၏။ [] ၎င်း ကဗဠီကာရာဟာရ စသော ၄-မျိုးသည် နိပ္ပရိယာယ အာဟာရ, မုချ အာဟာရမည်၏၊ အကြောင်းသာမညသည် ပရိယာယ အာဟာရ, ဥပစာ အာဟာရမည်၏။

Remove ads

ဘုံ၌ ရနိုင်သော အာဟာရများ

ကာမဘုံ၌ မုချအားဖြင့် အာဟာရ လေးပါးလုံး ရ၏၊ အသညသတ်ကြဉ်သော ရူပ, အရူပ ဘုံတို့၌ (ကဗဠီကာရာဟာရမှ တစ်ပါး) အာဟာရ သုံးပါးရ၏၊ အသညသတ်နှင့်၎င်းမှ ကျန်သော သတ္တဝါတို့၌ (သတ္တဝါအားလုံးတို့၌) အကြောင်း သာမညဟူသော ပစ္စယာဟာရရ၏။ []

သတ္တဝါ အားလုံး အာဟာရကြောင့် တည်တံ့

ထို့ကြောင့် “သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ”ဟု သတ္တဝါအားလုံး အာဟာရကြောင့် တည်တံ့ရကြောင်း ဟောကြားတော်မူသည်။ အာဟာရဋ္ဌိတိက-လည်းကြည့်။

  • ကာမသတ္တဝါတို့သည် ကဗဠီကာရာဟာရကို မှီဝဲ၏။
  • အသညသတ်မှ တစ်ပါးသော ရူပသတ္တဝါတို့သည် ဖဿာဟာရကို မှီဝဲ၏၊
  • အောက် အရူပ သုံးဘုံရှိ သတ္တဝါတို့သည် မနောသဉ္စေတနာဟာရကို မှီဝဲ၏၊
  • ဘဝင်္ဂ (နေဝသညာနာသညာယတန)၌ ရှိသော သတ္တဝါတို့သည် ဝိညာဏာဟာရကိုမှီဝဲ၏။ [၁၀]

ကဗဠီကာရာဟာရသည် ရုပ်အာဟာရမည်၏၊ ကျန်အာဟာရ သုံးပါးတို့သည် နာမ် အာဟာရမည်၏။ အာဟာရ ပစ္စယ-ကြည့်။)

(၃) ဆောင်ယူခြင်း။ [၁၁]

(၄) အခွန်အတုတ်ကို ဆောင်ရာဌာန၊ ဇနပုဒ်။ [၁၂]


Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads