အားကစားပြိုင်ဝင်း
From Wikipedia, the free encyclopedia
Remove ads
အားကစားရုံစု (သို့မဟုတ်) အားကစားပြိုင်ဝင်း (အင်္ဂလိပ်: Sport Complex)သည် အားကစားကွင်းများကို စုဖွဲ့ထားသော အစုအဖွဲ့ဖြစ်သည်။ဥပမာအားဖြင့် ပြေးခုန်ပစ်အားကစားကွင်း၊ ဘောလုံးအားကစားကွင်း၊ မိုးလုံလေလုံအားကစားရုံ၊ ရေကူးကန်၊ လေ့ကျင့်ရေးကွင်းများ စသည်ဖြင့် အားကစားကွင်း၊ရုံများ စုစည်းတည်ရှိရာ နေရာဖြစ်သည်။

မြန်မာနိုင်ငံတွင် အားကစားရုံစုဟူ၍ နိုင်ငံတော်မှ တရားဝင် သတ်မှတ်ထားခြင်းမရှိပေ။ သို့သော် နေပြည်တော်ရှိ မ္ဗေူသီရိအားကစားရုံစု (ဝဏ္ဏသိဒ္ဓိအားကစားရုံစု)တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ ဝဏ္ဏသိဒ္ဓိ မိုးလုံလေလုံအားကစားရုံ၊ ဝဏ္ဏသိဒ္ဓိ ရေကူးကန်တို့တည်ရှိသည်။ တပ်မတော်ပိုင် ဇေယျာသီရိအားကစားရုံစုတွင်လည်း ထိုအတိုင်းပင်တည်ရှိသည်။ ရန်ကုန်မြို့တွင် အောင်ဆန်းအားကစားပြိုင်ဝင်း၊[၁] သုဝဏ္ဏအားကစားပြိုင်ဝင်း၊ မန္တလေးမြို့တွင် ဗထူးအားကစားပြိုင်ဝင်း၊ မန္တလာသီရိအားကစားရုံစု စသည်တို့ တည်ရှိသည်။

Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads