အားတော်ဆယ်ပါး
From Wikipedia, the free encyclopedia
Remove ads
အားတော် ၁၀-ပါး၊ မြတ်ဘုရား၊ ကိုယ်အား ဉာဏ်အားရှိ။
မြတ်စွာဘုရားသခင်၏ ဉာဏ်တော်အား ဆယ်ပါး၊ ကိုယ်တော်အား ဆယ်ပါးဟူလို၊ ဉာဏ်တော်အား ဆယ်ပါးကား -
ဉာဏ်တော်အားဆယ်ပါး
- (၁) ဌာနာ ဌာန ကောသလ္လဉာဏ်- အရာဟုတ်သည် မဟုတ်သည်တို့ကို သိတော်မူခြင်း။
- (၂) ကမ္မဝိပါကဉာဏ် - ကံ ကံ၏အကျိုးကိုသိတော်မူခြင်း။
- (၃) သဗ္ဗတ္ထဂါမိနီ ပဋိပဒါဉာဏ်- အလုံးစုံကုန်သောဘဝတို့သို့ရောက်ခြင်းအကြောင်း၌ သိတော်မူခြင်း။
- (၄) အနေကဓာတု နာနာဓာတု ဉာဏ်- များသော လောကဓာတ် အထူးထူးသော လောကဓာတ် တို့ကို သိတော်မူခြင်း။
- (၅) နာနာ ဓိမုတ္တိ ဉာဏ်- အထူးထူးသောအလိုတို့ကို သိတော်မူခြင်း။
- (၆) ဣန္ဒြိယ ပရောပရိယတ္တိ ဉာဏ် - ဣန္ဒြေ နုရင့်ခြင်း၌သိတော်မူခြင်း။
- (၇) ဈာန ဝိမောက္ခါဒိ ဉာဏ် - ဈာန် ဝိမောက္ခစသည်တို့၌ သိတော်မူခြင်း။
- (၈) ပုဗ္ဗေ နိဝါသ ဉာဏ် - ရှေးကနေခဲ့ဖူးသော ခန္ဓာအစဉ်ကို သိတော်မူခြင်း။
- (၉) ဒိဗ္ဗစက္ခု ဉာဏ် - အပိတ်အပင်အတားအဆီးမရှိ နတ်မျက်စိကဲ့သို့ ပကတိ သိမြင်တော်မူခြင်း။
- (၁၀) အာသဝက္ခယ ဉာဏ် - အာသဝေါတရားတို့၏ကုန်ရာ နိဗ္ဗာန်ကိုသိတော်မူခြင်း။
ဤကား ဉာဏ်တော်အားဆယ်ပါးတည်း။ (ဉာဏဝိဘင်း ပါဠိတော်နှင့် အဋ္ဌကထာမှာ အကျယ်ရှု)
Remove ads
ကိုယ်တော်အား ဆယ်ပါး
မြတ်စွာဘုရားသခင်၏ ပကတိသော အားတော်မြတ်သည် ဆဒ္ဒန်ဆင်မင်း ဆယ်စီးအားနှင့်အညီအမျှ ရှိတော်မူသတတ်၊ ၎င်းကိုပင် အားတော်ဆယ်ပါး ခေါ်၏။ ထို့ကြောင့် ဒသဗလော- ကိုယ်တော်အားဆယ်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားဟု ဘာသာပြန်ဆိုကြလေပြီ။ မှန်၏၊ (သမ္မာသမ္ဗုဒ္ဓော ပန ဒသန္နံ ဆဒ္ဒန္တာနံ ဗလံ ဓာရေတိ၊ တေနေဝ ဘဂဝါ ကာဠာဝကဟတ္ထိ ဂဏနာယ ကောဋိသဟဿဗလံ ဓာရေတိ၊ ပုရိသ ဂဏနာယ ဒသန္နံ ပုရိသ ကောဋိသဟဿာနံ ဗလံ) မြတ်စွာဘုရားသည် ဆဒ္ဒန်ဆယ်စီးအားကို ဆောင်နိုင်၏၊ ထို့ကြောင့် ယခုအခါ မြန်မာပြည် စသည်၌အသုံးပြုနေသော ဆင်မည်းခေါ် အော်မြည်တတ်သော ကာဠာဝကဆင်ပေါင်း ကုဋေတစ်ထောင်အား၊ ဗိုလ်ခြေယောက်ျား ကုဋေတစ်သောင်းအား ကိုဆောင်နိုင်သော အားတော်မြတ် ရှိသည်ဟူ၏။ (အဘိဓာန်ဋီကာမှ။) [၁]
အောက်ပါဇယားတွင် မြတ်စွာဘုရား၏ အားတော် ၁၀ ပါးကို တွက်ချက်ပြထားသည်။ ဆဒ္ဒန်ဆင် ၁၀ ကောင်သည် ပကတိလူ ၁၀၀၀၀၀၀၀၀၀၀၀ ယောက်နှင့် ညီမျှသည်။[၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads