အိမ်စောင့်အစိုးရ (၂၀၂၁)
၂၀၂၁ ခုနှစ် အာဏာသိမ်းယူပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ယာယီအစိုးရအဖွဲ့ From Wikipedia, the free encyclopedia
Remove ads
အိမ်စောင့်အစိုးရ သည် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ရက်နေ့မှစတင်၍ ဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့ဖြစ်သည်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တပ်မတော်အစိုးရအဖြစ် ဖွဲ့စည်းခဲ့ရာမှ နောက်ပိုင်းတွင် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။[၁]
Remove ads
သမိုင်းကြောင်း
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းအချိန်တွင် မြန်မာ့တပ်မတော်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် အခြားသောပါတီဝင်များကို မတရားဖမ်းဆီးခဲ့သည်။[၂]ထို့နောက် ယာယီသမ္မတဖြစ်လာသော ဦးမြင့်ဆွေက အရေးပေါ်အခြေအနေကြေညာကာ တိုင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအာဏာများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲပြောင်းပေးခဲ့သည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ညပိုင်းမှစတင်ကာ ဝန်ကြီးအသစ်များကို ခန့်အပ်ခဲ့သည်။
၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက (၆)လပြည့်မိန့်ခွန်းပြောကြားရာတွင် ၎င်းတို့ကောင်စီ၏ ရှေ့ဆက်လုပ်ငန်းစဉ်များအရ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများကို အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီမံခန့်ခွဲမှုကော်မတီအား အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ ကောင်စီဥက္ကဋ္ဌက ဝန်ကြီးချုပ်၊ ဒုတိယဥက္ကဋ္ဌက ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ အစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန်တို့ပါဝင်သည်။[၃][၁]
ဤအိမ်စောင့်အစိုးရမှာ လွတ်လပ်ရေးရပြီး မြန်မာပြည်၏ သမိုင်းတွင် ဒုတိယမြောက် အိမ်စောင့်အစိုးရဖြစ်သည်။
Remove ads
နာမည်ပြောင်းလဲခြင်း
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် (၁၈၀/၂၀၂၁) အားဖြင့် "အိမ်စောင့်အစိုးရအဖွဲ့ရုံး" နာမည်ကို "ပြည်ထောင်စုအစိုးရအဖွဲ့ရုံး" အဖြစ် ပြင်ဆင်သတ်မှတ်သည်။[၄]
အစိုးရအဖွဲ့အကြီးအကဲ
နိုင်ငံတော် ယာယီသမ္မတဦးမြင့်ဆွေသည် အာဏာသိမ်းအပြီး သမ္မတအိမ်တော်တွင် ပထမဆုံးကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို အစည်းအဝေးစားပွဲ၏ ဒုတိယနေရာမှသာ တက်ရောက်ခဲ့သည်။ ယခင်က နိုင်ငံတော်သမ္မတတက်ရောက်လေ့ရှိသည့် နေရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ တက်ရောက်ခဲ့သည်။ နောက်ပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ နိုင်ငံတော်သမ္မတရုံးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှုရုံး စသည်ဖြင့် အသီးသီး ပြောင်းလဲခဲ့သည်။ ထို့အပြင် ယာယီသမ္မတအဖြစ် တာဝန်ယူထားသည့် ဦးမြင့်ဆွေမှာ လူထုမြင်ကွင်းမှ ပျောက်ကွယ်သွားပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း အစိုးရအဖွဲ့ အစည်းအဝေးပွဲများသို့ တက်ရောက်ခဲ့သည်။၂၀၂၁ခုနှစ် ဇွန်လဆန်းပိုင်းက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီဥက္ကဋ္ဌကို ယခင်က နိုင်ငံတော်သမ္မတများသာ အသုံးပြုရသည့် သံတမန်ဆောင် ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် သမ္မတ အဆောင်အယောင်ကို အသုံးပြု၍ ပြည်ပဧည့်သည်များကို ပထမဆုံး လက်ခံတွေ့ဆုံခြင်းဖြစ်သည်။ ယာယီသမ္မတ ဦးမြင့်ဆွေ၏ အခန်းကဏ္ဍမှာ တိကျစွာ သိရှိရခြင်းမရှိပေ။[၅]
၂၀၂၁ခုနစ် ဩဂုတ်လ (၁) ရက်နေ့တွင် အိမ်စောင့်အစိုးရ ဖွဲ့စည်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ယင်းကို အစိုးရအဖွဲ့အကြီးအကဲဟု သတ်မှတ်ခဲ့ကြသည်။ ယာယီသမ္မတဟု သတ်မှတ်ထားသော ဦးမြင့်ဆွေအား မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ နိုင်ငံတော်အကြီးအကဲဟု သတ်မှတ်ထားသည်။ ၎င်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျင်းပသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် အရေးပေါ်ကာလအား သက်တမ်းတိုးပေးခဲ့ပြီး[၆] တစ်နှစ်နီးပါးအကြာတွင်မှ လူမြင်ကွင်းသို့ ထပ်မံ ထွက်ပေါ်လာခြင်းဖြစ်သည်။[၇]ထို့နောက် ၂၀၂၂ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့၊ ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့များတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ကျင်းပချိန်မှသာ လူမြင်ကွင်းသို့ ထွက်ပေါ်လာခဲ့သည်။ ဦးမြင့်ဆွေသည် အစိုးရအဖွဲ့တွင် ပါဝင်ခြင်းမရှိဘဲ အိမ်စောင့်အစိုးရဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တိုင်းရေးပြည်ရာများကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှတဆင့် ဦးမြင့်ဆွေထံတင်ပြရသည်။
Remove ads
ပြည်ထောင်စုအစိုးရအဖွဲ့
Remove ads
ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads