အိုက်စလန်နိုင်ငံ

From Wikipedia, the free encyclopedia

အိုက်စလန်နိုင်ငံ
Remove ads

အိုက်စလန် နိုင်ငံ (တရားဝင်အမည် အိုက်စလန် သမ္မတနိုင်ငံ)သည့် ဥရောပတိုက် တွင် ရှိသော ကျွန်းနိုင်ငံ ဖြစ်ပြီ။ မြောက်အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းရှိ မစ်ဒ်အတ္တလန္တိတ် ရစ်ဂျ် (Mid-Atlantic Ridge) ပင်လယ်သမုဒ္ဒရာ အလယ်ရှိ တောင်တန်းကြီးပေါ်တွင် တည်ရှိသည်။ လူဦးရေ ၃၇၆,၂၄၈ ရှိပြီ စုစုပေါင်း ဧရိယာ အကျယ်အဝန်း ၁၀၃,၁၂၅ စတုရန်း ကီလိုမီတာ (၃၉,၈၁၅ စတုရန်းမိုင်) ရှိသည်။ အကြီးဆုံးမြို့မှ နိုင်ငံမြို့တော် ရေဂျာဗစ်မြို့ ဖြစ်သည်။ ရေဂျာဗစ်မြို့၏ ပတ်ဝန်းကျင် အနောက်တောင်ဘက် ဒေသမှာ နိုင်ငံ လူဦးရေ ၃ ပုံ ၂ ပုံမျှ၏ နေထိုင်ရာ ဖြစ်သည်။

အချက်တိုများ အိုက်စလန် သမ္မတနိုင်ငံ, မြို့တော် နှင့် အကြီးဆုံးမြို့ ...

အိုက်စလန် နိုင်ငံသည် အမြဲတစေ လှုပ်ရှားနေတတ်သော မီးတောင်များ ရှိပြီး ပထဝီ အနေအထာအရလည် အမြဲပြောင်းလဲနေတတ်သော နေရာဖြစ်သည်။ နိုင်ငံ၏ အတွင်းပိုင်း ဒေသမှာ သဲကွင်းများ၊ တောင်တန်းများ နှင့် ရေခဲမြစ်များ ရှိသော ကုန်းမြေမြင့် ဖြစ်ပြီး ရေခဲတောင်များသည် မြေနိမ့်ပိုင်းမှ တဆင့် ပင်လယ်ထဲသို့ စီးဝင်သွားကြသည်။ အိုက်စလန်သည် ပင်လယ်ကွေ့ ရေစီးကြောင်းကြောင့် အနွေးဓာတ် ရစေပြီး အာတိတ်စက်ဝိုင်း၏ အပြင်ဘက် ရှိ လတ္တီကျု အမြင့်ပိုင်းတွင် ရှိသော်လည်း သမမျှတသော ရာသီဥတု ရှိသည်။

Remove ads

သမိုင်း

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads