အိုင်ဘီ အော်နာ

From Wikipedia, the free encyclopedia

Remove ads

အိုင်ဘီ အော်နာ, အိုဘီအီး (အင်္ဂလိပ်: I.B. Horner၊ အမည်ရှည် အင်္ဂလိပ်: Isaline Blew Horner) (၁၈၉၆-၁၉၈၁) သည် အင်္ဂလိပ်လူမျိုး စာပေပညာရှင်ဖြစ်ပြီး ပါဠိဘာသာတွင် ထိပ်တန်းဝင်ဖြစ်သည်။ ပါဠိစာပေအသင်း၏ ဥက္ကဋ္ဌအဖြစ် ၁၉၅၉ ခုမှ ကွယ်လွန်သည့် ၁၉၈၁ ခုအထိ ဆောင်ရွက်ခဲ့သည်။

အချက်တိုများ အိုင်ဘီ အော်နာ, မွေးဖွား ...
Remove ads

ငယ်ဘဝ

အင်္ဂလန်နိုင်ငံ၊ အက်ဆက် (Essex) ပြည်နယ်ရှိ ဝဲသမ်စတူး (Walthamstow) ၌ ၁၈၉၆ ခု၊ မတ်လ ၃၀ ရက်တွင် မွေးသည်။

ကိန်းဘရစ်တက္ကသိုလ်ရှိ နယူးဟမ်း (Newnham) အမျိုးသမီးကောလိပ်မှ ကျင့်ဝတ်သိပ္ပံနှင့် ၁၉၁၇ တွင် ဘွဲ့ရသည်။ တက္ကသိုလ်၌ဆက်နေရာ ၁၉၁၈ ခုတွင် လက်ထောက်စာကြည့်တိုက်မှူးအဖြစ်လည်းကောင်း၊ ၁၉၂၀ တွင် စာကြည့်တိုက်မှူးအဖြစ်လည်းကောင်း အလုပ်ရသည်။ ၁၉၂၁ တွင် သီရိလင်္ကာ၊ အိန္ဒိယနှင့် မြန်မာနိုင်ငံများသို့ လည်ပတ်စဉ် ဗုဒ္ဓဘာသာနှင့် ထိတွေ့ခွင့် ရသည်။

အင်္ဂလန်သို့ ပြန်ပြီးနောက် နယူးဟမ်းကောလိပ်၏ အသင်းဝင်အဖြစ် ၁၉၂၃ ခုတွင် ဝင်သည်။ ၁၉၂၈ ရောက်သော် ဆာရာစမစ်ဆန် သုတေသနအသင်းတွင် ပါဠိရေးရာ ပထမဆုံးအသင်းဝင် ဖြစ်လာသည်။ ၁၉၃၀ ပြည့်တွင် ပထမဆုံးစာအုပ် ရှေ့ဦးဗုဒ္ဓဘာသာကိုးကွယ်သော အမျိုးသမီးများ (Women Under Primitive Buddhism) ကို ထုတ်ဝေသည်။

၁၉၃၄ ခုတွင် ကိန်းဘရစ်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရသည်။ ၁၉၃၉ မှ ၄၉ ခုများကို ကိန်းဘရစ်အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်ခဲ့သည်။

၁၉၂၆ ခုစ၍ အဲလစီ (Dr. Eliza "Elsie" Marian Butler) (၁၈၈၅-၁၉၅၉) ကို အဖော်ပြုကာ သွားလာနေထိုင်ရာ အဲလစီသေဆုံးသည့် ၁၉၅၉ ခုအထိပင် ဖြစ်သည်။

၁၉၃၆ ခုတွင် အဲလစီက မန်ချက်စတာတက္ကသိုလ်သို့ သွားသင်သည့်အခါ အော်နာလည်း လိုက်သွားသည်။

ပါဠိစာပေအသင်း

၁၉၄၂ ခုတွင် ပါဠိကျမ်းစာအသင်း၏ ဂုဏ်ထူးဆောင်အတွင်းရေးမှူး ဖြစ်လာသည်။ မိဘများ၏ ကျန်းမာရေးအခြေအနေနှင့် အသင်း၌ ထိရောက်စွာ လှုပ်ရှားနိုင်ရေးအတွက် လန်ဒန်သို့ ၁၉၄၃ ခုတွင် ပြောင်းနေသည်။

၁၉၅၉ ခုတွင် အသင်း၏ ဥက္ကဋ္ဌနှင့် ဘဏ္ဍာထိန်း ဖြစ်လာသည်။ ထိုမှစ၍ ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည်မှာ ကွယ်လွန်သည်ထိပင် ဖြစ်သည်။

Remove ads

ဘွဲ့ထူးဂုဏ်တံဆိပ်များ

၁၉၆၄ ခုတွင် သီရိလင်္ကာတက္ကသိုလ်မှ ပါဠိစာပေ၌ ပြောင်မြောက်စွာဆောင်ရွက်လုပ်ကိုင်မှုကြောင့် ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ ပေးသည်။ ၁၉၇၇ ခုတွင် နိဗ္ဗနာလန္ဒမဟာဝိဟာရတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ ပေးပြန်သည်။

၁၉၈၀ ခုတွင် ဒုတိယမြောက် အဲလိဇဘတ်ဘုရင်မက ဗုဒ္ဓစာပေ၌ ဘဝလုံးနှစ်ကာ ဆောင်ရွက်မှုကြောင့် အိုဘီအီးဘွဲ့ ပေးသည်။

ဘဝနိဂုံး

၁၉၈၁ ခု၊ ဧပြီလ ၂၅ ရက်တွင် လန်ဒန်၌ ကွယ်လွန်သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads