အိုင်းပက် (ကွန်ပျူတာ)
အက်ပဲလ်၏ သင်ပုန်းကွန်ပျူတာမျိုးဆက် From Wikipedia, the free encyclopedia
Remove ads
iPad (မြန်မာအသံထွက် အိုင်းပက်) သည် Apple Inc. မှ ကိုယ်ပိုင်ဒီဇိုင်းဖြင့် ထုတ်လုပ်ဖြန့်ချိ ရောင်းချသော သင်ပုန်းကွန်ပျူတာ အမျိုးအစားဖြစ်သည်။ အဓိကအားဖြင့် အရုပ်မြင် အသံကြားစနစ်များကို အသုံးပြုနိုင်ရန် ဖြစ်သည်။ ထို့အတူ အီလက်ထရောနစ်စာအုပ်များ၊ သီချင်းများ၊ ဂိမ်းများ အပြင် အင်တာနက်စာမျက်နှာများကိုလည်း၊ ကြည့်ရှုနိုင်စေ ရန်ဖန်တီးထားသည်။ iPad များကို ၂၀၁၀ခုနှစ် ဇန်နဝါရီလတွင် Apple Inc., မှ စတိဖ်ဂျော့ မှ စတင်မိတ်ဆက်ပေးခဲ့သည်။ အိုင်းပက်၏ အရွယ်အစား နှင့် အလေးချိန်မှာ smartphones များနှင့် laptop computer များကြားတွင်ရှိသည်။ အိုင်းပက်များ တွင် အသုံးပြုသော operating system သည် iPod နှင့် iPhone များတွင် အသုံးပြုသော operating system များနှင့်တူညီသောကြောင့် အိုင်းပက်အတွက် သီးသန့်ထုတ်လုပ်ထားသော Application Software များအပြင် iPhone မှ Application Software များကိုလည်း အိုင်းပက် တွင်အသုံးပြုနိုင်သည်။
အိုင်းပက်၏ operating system ကိုမွမ်းမံပြင်ဆင်ခြင်း မပြုပဲ အသုံးပြုပါက Apple Inc., မှ အသုံးပြုရန်ခွင့်ပြုထားသော မည်သည့် program မဆိုအသုံးပြုနိုင်သည်။ အိုင်းပက်များနှင့် iPhone များကဲ့သို့ပင် အိုင်းပက်သည် multi touch display များကိုအသုံးပြုပါသည်။ အခြား tablet computer များကဲ့သို့ဖိအားနှင့် သုံးရသည့် Stylus ဒစ်ဂျီတယ် ပင်များကို အသုံးပြုရန်မလိုပါ။ On Screen Keyboard ပါရှိသည့်အတွက် Keyboard ကိုအသုံးပြုရန်မလိုပါ။ Wi-Fi ဆက်သွယ်မှု ကိုအသုံးပြုသည့်အတွက် Local Area Network နှင့် Internet ကိုလည်း Wireless ကြည့်ရှုနိုင်သည်။ တချို့မော်ဒယ်များတွင် 3G စနစ်များကိုပါ အသုံးပြုနိုင်သည့် အတွက် HPSA နှင့် EV-DO အစရှိသော ဒေတာကွန်ယက်များကိုလည်း ချိတ်ဆက်နိုင်ပါသေးသည်။ iOS 5 ကိုအသုံးပြုပြီးနောက်ပိုင်းတွင်မူ USB ကိုအသုံးပြုပြီး၊ PC များနှင့် ချိတ်ဆက်ကာ iTune ဖြင့် synced လုပ်ရန်လည်းပဲ မလိုအပ်တော့ပါ။
အိုင်းပက်များကို ၂၀၁၀ခုနှစ် ဧပြီလတွင်စတင်ထုတ်လုပ် ရောင်းချခဲ့ပြီး ၃လ အတွင်းမှပင် အိုင်းပက်ပေါင်း ၃သန်းကျော်ကို ရောင်းချနိုင်ခဲ့သည်။ ၂၀၁၀ ခုနှစ် အတွင်းမှာပင် Apple Inc., မှ အိုင်းပက်ပေါင်း ၁၄.၈သန်းကို ကမာ္ဘအနှံ့အပြားတွင်ရောင်းချခဲ့သည်။
iPad 2 များကို ၂၀၁၁ မတ်လတွင်စတင်ထုတ်လုပ်ခဲ့ပြီး၊ ယနေ့အချိန်(၂၆၊၁၁၊၂၀၁၁) ထိ ၁၅သန်းမျှရောင်းချပြီးဖြစ်သည်။ တခြားသော tablet PC များထက်ပင် အိုင်းပက်များသည် ရောင်းအားကောင်းပါသည်။
Remove ads
အိုင်းပက်များ၏နောက်ခံသမိုင်းအကျဉ်း
Apple Inc., မှ ပထမဆုံးထုတ်လုပ်သည့် tablet computer မှာ Newton Message Pad 100 ဖြစ်ပြီး ၁၉၉၃ ခုနှစ်တွင် ထုတ်လုပ်ဖြန့်ချိခဲ့သည်။ Newton Series PDA မော်ဒယ်အတော်များများကို ထုတ်လုပ်ခဲ့ပြီး နောက်ဆုံး PDA ဖြစ်သော Message Pad 2100 ကိုထုတ်လုပ်ခဲ့ပြီး ၁၉၉၈ နောက်ပိုင်းတွင် ထုတ်လုပ်မှုများကို ရပ်ဆိုင်းခဲ့သည်။
၂၀၀၇ ခုနှစ်တွင်တော့ Apple Inc., မှ ကိုယ်တိုင်တီထွင်ထုတ်လုပ်သော iOS များကို အသုံးပြုထားသည့် iPhone များဖြင့် Tablet PC နှင့် Mobile Phone လောကသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ တရားဝင် အိုင်းပက်ဆိုသောအမည်နှင့် Tablet PC များကို ထုတ်လုပ်မည်ဟူသော ကြေညာချက်ကို Steve Jobs သည် ဇန်နဝါရီလ ၂၇ရက်နေ့ ၂၀၁၀ ဆန်ဖရန်စစ်ဆကို မြို့တွင်ကျင်းပသော Apple Inc., ၏ ကွန်ဖရင့်တွင် ကြေညာခဲ့သည်။
Remove ads
အမာထည် ကိရိယာများ
အိုင်းပက်များသည် ထိမျက်နှာပြင် ၁၀၂၄ x ၇၆၈ pixel ကို အသုံးပြုပါသည်။ ၎င်းတို့သည် LCD မျက်နှာပြင်အမျိုးအစားများဖြစ်ပြီး၊ အစင်းကြောင်း၊ အစင်းရာ မထင်နိုင်သော မှန်သားမျိုးကိုလည်း အသုံးပြုပါသည်။ iPhone နှင့် iPod များကဲ့သို့ပင် လက်ချောင်းလေးများဖြင့် အသုံးပြုနိုင်ရန် အတွက်ရည်ရွယ်ပါသည်။ iPad တွင် နှိပ်နိုင်သော ခလုတ် လေးမျိုး ပါရှိသည်။ ၁) အဖွင့်အပိတ်ခလုတ် ၊၂) အသံ အတိုး အကျယ်ခလုတ်၊ ၃) ဖန်မျက်နှာပြင်နားရှိ လေးထောင့်ပုံနှင့် အဝိုင်းခလုတ်၊ ၄) software-controlled ခလုတ်များ ဖြစ်သည်။ အိုင်းပက်ကိုလက်ချောင်းချည်း သက်သက်ဖြင့် အသုံးပြုနိုင်စေရန် ဒီဇိုင်းပြုလုပ်ထားသည်။ အခြားသော PDA များတွက်အသုံးပြုသည့် Stylus ဒစ်ဂျီတယ် ဘောပင်များကို အသုံးပြု၍ မရပါ။ ဝင်ရိုး၃ခု စနစ်နှင့် တည်ဆောက်ထားသည် accelerometer သည် အိုင်းပက်၏ တည်နေဟန် အနေအထားကို အာရုံခံနိုင်ကာ အိုင်းပက်၏ ဖန်သားပြင်ကို အလျားအမြင်၊ ဒေါင်လိုက်အမြင် အစရှိသဖြင့် ပြောင်းလဲပြသ ပေးနိုင်သည်။ iPod နှင့် iPhone များသည် အလျားလိုက်၊ ဒေါင်လိုက် စသည့် ဖန်သားပြင်၏ အနေအထားကို ဒေါင်လိုက်၊ အလျား(ဘယ်)၊ အလျား(ညာ) အစရှိသည်တို့ကိုသာ ပြသနိုင်သော်လည်း၊ အိုင်းပက်သည် လေးဘက်လေးတန်၊ မည်ကဲ့သို့ လှည့်လိုက်သည် ဖြစ်စေ၊ လှည့်ကာ အသုံးပြုလိုက်သည့် အနားဘက်သို့ ဖန်သားပြင်သည် အတည့်ဖြစ်နေမည်ဖြစ်သည်။ အိုင်းပက်တွင် ကင်မရာမပါရှိခဲ့သော်လည်း၊ Ipad 2 တွင်မူ ရှေ့ဖန်သားမျက်နှာပြင် အနီးတွင် သာမန် VGA ကင်မရာနှင့် နောက်ဘက်တွင် 720p ကင်မရာကိုတပ်ဆင်ထားသည်။
Remove ads
ချိတ်ဆက်နိုင်သည့် စနစ်များ
အိုင်းပက်သည် Wi-Fi ဆက်သွယ်မှု စနစ်ကို အသုံးပြုထားသည့်အတွက် အင်တာနက်ကို ချိတ်ဆက်နိုင်သည်။ တချို့သော 3G စနစ်တပ်ဆင်ထားသော မော်ဒယ်များတွက်တော့ A-GPS စနစ်ကိုအသုံးပြုနိုင်ပြီး ရောက်ရှိရာအရပ်ကို တိတိကျကျ ဖော်ပြနိုင်စွမ်းရှိသည်။ အိုင်းပက်တွင် နားကြပ်အသုံးပြုနိုင်ရန် Headphone Jack ၊ အားသွင်းစက် နှင့် အခြားဆက်စပ်ကိရိယာတန်ဆာပလာများ အသုံးပြုနိုင်ရန်အတွက် Apple's Dock Connector အစရှိသည်တို့ပါဝင်သော်လည်း၊ Ethernet Port နှင့် USB Port များ မပါဝင်ပါ။
ထုတ်လုပ်ထားခဲ့သောအမျိုးအစားများ
iPad
iPad (ပထမမျိုးဆက်)
မိတ်ဆက်သည့်ရက် - ၂၇ ဇန်နဝါရီလ ၂၀၁၀
စတင်ရောင်းချသည့်ရက် - ၃ ဧပြီလ ၂၀၁၀
ရပ်ဆိုင်းသည့်ရက် - ၂ မတ်လ ၂၀၁၁
iPad 2 (ဒုတိယမျိုးဆက်)
မိတ်ဆက်သည့်ရက် - ၂ မတ်လ ၂၀၁၁
စတင်ရောင်းချသည့်ရက် - ၁၁ မတ်လ ၂၀၁၁
ရပ်ဆိုင်းသည့်ရက် - 32GB, 64GB : ၇ မတ်လ ၂၀၁၂၊ 16GB ၁၈ မတ်လ ၂၀၁၄
iPad 3 (တတိယမျိုးဆက်)
မိတ်ဆက်သည့်ရက် - ၇ မတ်လ ၂၀၁၂
စတင်ရောင်းချသည့်ရက် - ၁၆ မတ်လ ၂၀၁၂
ရပ်ဆိုင်းသည့်ရက် - ၂၃ အောက်တိုဘာလ ၂၀၁၂
iPad 4 (စတုတ္ထမျိုးဆက်)
မိတ်ဆက်သည့်ရက် - ၂၃ အောက်တိုဘာလ ၂၀၁၃
စတင်ရောင်းချသည့်ရက် - ၂ နိုဝင်ဘာလ ၂၀၁၃
ရပ်ဆိုင်းသည့်ရက် - ၂၂ အောက်တိုဘာလ ၂၀၁၄
iPad Air
မိတ်ဆက်သည့်ရက် - ၂၂ အောက်တိုဘာလ ၂၀၁၃
စတင်ရောင်းချသည့်ရက် - ၁ နိုဝင်ဘာလ ၂၀၁၃
ရပ်ဆိုင်းသည့်ရက် - (ရောင်းချဆဲ)
iPad Air 2
မိတ်ဆက်သည့်ရက် - ၁၆ အောက်တိုဘာလ ၂၀၁၄
စတင်ရောင်းချသည့်ရက် - ၂၂ အောက်တိုဘာလ ၂၀၁၄
ရပ်ဆိုင်းသည့်ရက် - (ရောင်းချဆဲ)
iPad Mini
iPad Mini (ပထမမျိုးဆက်)
မိတ်ဆက်သည့်ရက် - ၂၃ အောက်တိုဘာလ ၂၀၁၂
စတင်ရောင်းချသည့်ရက် - ၂ နိုဝင်ဘာလ ၂၀၁၂
ရပ်ဆိုင်းသည့်ရက် - 32GB, 64GB: ၂၂ အောက်တိုဘာ ၂၀၁၃၊ 16GB : ရောင်းချဆဲ
iPad Mini 2 (ဒုတိယမျိုးဆက်)
မိတ်ဆက်သည့်ရက် - ၂၂ အောက်တိုဘာလ ၂၀၁၃
စတင်ရောင်းချသည့်ရက် - ၁၂ နိုဝင်ဘာလ ၂၀၁၃
ရပ်ဆိုင်းသည့်ရက် - 64GB, 128GB : ၁၆ အောက်တိုဘာ ၂၀၁၄၊ 16GB, 32GB : ရောင်းချဆဲ
iPad Mini 3 (တတိယမျိုးဆက်)
မိတ်ဆက်သည့်ရက် - ၁၆ အောက်တိုဘာလ ၂၀၁၄
စတင်ရောင်းချသည့်ရက် - ၂၂ အောက်တိုဘာလ ၂၀၁၄
ရပ်ဆိုင်းသည့်ရက် - ရောင်းချဆဲ
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads