အိုရစ်မြို့
From Wikipedia, the free encyclopedia
Remove ads
အိုရစ်မြို့ သည် မြောက်မက်စီဒိုးနီးယားနိုင်ငံရှိ မြို့ တစ်မြို့ ဖြစ်ပြီး အိုရစ် စည်ပင်သာယာနယ်နိမိတ်၏ ရုံးထိုင်ရာမြို့ ဖြစ်သည်။ အိုရစ်ရေကန် ပေါ်တွင် တည်ရှိသော အကြီးဆုံး မြို့ ဖြစ်ပြီး နိုင်ငံအတွင်း အဋ္ဌမမြောက် အကြီးဆုံး မြို့ ဖြစ်ကာ ၂၀၀၂ ခုနှစ်တွင် လူဦးရေ ၄၂,၀၀၀ ကျော် နေထိုင်သည်။ အိုရစ်သည် ဘုရားကျောင်းပေါင်း ၃၆၅ ကျောင်းရှိခြင်းကြောင့် ထင်ရှားပြီး တစ်နှစ်ပတ်လုံး တစ်ရက်လျှင် တစ်ကျောင်း ဖြစ်သည်။ အိုရစ်အား ဘော်လ်ကန်ဒေသ၏ ဂျေရုဆလင်ဟု ရည်ညွှန်းကြသည်။ [၁] မြို့အတွင်း ပန်းချီကားပမာ အိမ်များနှင့် အဆောက်အဦးများရှိပြီး ခရီးသွားလုပ်ငန်းမှာ ထင်ရှားသည်။ စကော့ပြေ မြို့၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး ရီဆင်မြို့ နှင့် ဘစ်တိုလာမြို့၏ အနောက်ဘက်တွင် ရှိသည်။ ၁၉၇၉ ခုနှစ် နှင့် ၁၉၈၀ ခုနှစ်တို့တွင် အိုရစ်မြို့ နှင့် အိုရစ်ရေကန် တို့သည် ယူနက်စကို၏ ယဉ်ကျေးမှု နှင့် သဘာဝ ဆိုင်ရာ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခြင်း ခံရသည်။ အိုရစ်သည် ယူနက်စကို၏ သဘာဝ နှင့် ယဉ်ကျေးမှု နှစ်ခုစလုံး အတွက် ရောနှော သတ်မှတ်ခြင်း ခံရသော ဒေသ ၂၈ ခု အတွင်း တစ်ခု အပါအဝင် ဖြစ်သည်။[၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads