အိုးဆိုက်ရစ်နတ်ဘုရား

From Wikipedia, the free encyclopedia

အိုးဆိုက်ရစ်နတ်ဘုရား
Remove ads

အိုးဆိုက်ရစ် နတ်ဘုရား (အင်္ဂလိပ်: Osiris) သည်အီဂျစ်ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပါးဖြစ်၍ မျိုးသန္ဓေအောင်ခြင်း၊ စိုက်ပျိုးရေး၊ တမလွန်ဘဝ၊ သေခြင်း၊ ပြန်လည်ရှင်သန်ခြင်း၊ ဘဝ၊ အပင်များနှင့် သက်ဆိုင်သောနတ်ဘုရားတစ်ပါးဖြစ်သည်။ ရိုးရာပုံစံဟန်အရ အစိမ်းရောင် ပိန်သောကိုယ်ခန္ဓာရှိ ဖာရိုဘုရင်[မှတ်စု ၁] တစ်ပါး၏မုတ်ဆိတ်ဖြင့် နတ်တစ်ပါး၊ ခြေထောက်ပိုင်းတွင် မံမီကဲ့သို့အဝတ်စည်းနှောင်ထားကာ အေတက်(atef)ဟုခေါ်သော ထင်ရှားသည့်သရဖူဆင်မြန်းရင်း ကောက်တလင်းခြွေရာတွင်သုံးသော တုတ်နှင့် အဖျားကောက်တုတ်ရှည်များကိုင်ဆောင်ထားသည့်ဟန်ဖြင့် သရုပ်ဖော်ကြသည်။[] မံမီများအား အဝတ်စည်းနှောင်ခြင်းနှင့် ပတ်သတ်သောပထမဦးဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ညီအကိုတော်သူ ဆက်နတ်ဘုရားက ၎င်းကိုသတ်ခဲ့ပြီး ခန္ဓာကိုယ်အပိုင်းအစများကို ဖြတ်တောက်ပစ်ခဲ့ရာ ဇနီးသည် အိုက်စစ်နတ်ဘုရားမက လိုက်လံရှာဖွေပြီး ၎င်းကိုယ်ခန္ဓာကို အဝတ်များစည်းနှောင်ခဲ့သည်။ အိုးဆိုက်ရစ်ကို ရံခါတွင် ဂက်နတ်ဘုရားနှင့်[] ကောင်းကင်နတ်ဘုရားမ နပ်တို့၏ သားကြီးအဖြစ် ယူဆကြသည်။ အိုက်စစ်၏ မောင်နှမ၊ ခင်ပွန်းသည်၊ ဟိုးရပ်စ်နတ်ဘုရား၏ ဖခင်အဖြစ်လည်း ယူဆကြ၏။[]

အချက်တိုများ အိုးဆိုက်ရစ်နတ်ဘုရား, အရုပ်စာ အမည် ...

အိုးဆိုက်ရစ်ကို အိုက်စစ်၊ ဆက်၊ နက်ဖ်သီစ်၊ ဟိုးရပ်စ် (အကြီး)တို့၏ ညီအကိုမောင်နှမအဖြစ်ယူကာ ဟိုးရပ်စ် (အငယ်)၏ ဖခင်အဖြစ်လည်းတွေးယူကြသည်။[] အီဂျစ်၏ ပဉ္စမမြောက်မင်းဆက်ခေတ် (ဘီစီ ၂၅၀၀) အလယ်၌ အိုးဆိုက်ရစ်အား ကိုးကွယ်ခြင်းနှင့်ဆိုင်သော သက်သေအထောက်အထားများ ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော် ထိုထက်ပို၍ ကိုးကွယ်မှုစောနိုင်သည်။[]

အိုးဆိုက်ရစ်သည် သေသောသူများအား တရားစီရင်သူလည်းဖြစ်၍ နိုင်းမြစ်၏ အကျိုးဖြစ်ထွန်းစေသော ရေကြီးမှု၊ အပင်များပေါက်စေခြင်းများအပါအဝင် သက်ရှိများကိုခွင့်ပြုပေးသည့် ဝိဉာဉ်လောကကိုယ်စားလှယ်တစ်ဦးလည်းဖြစ်၏။ 'အစဉ်အမြဲကြင်နာတတ်သော၊ နုပျိုမြစ်သော ပုဂ္ဂိုလ်'[]'တိတ်ဆိတ်ငြိမ်သက်မှု၏ အရှင်' စသဖြင့်ဖော်ပြခဲ့ကြသည်။[] အီဂျစ်ဘုရင်များသည် သေခြင်းတရား၌ အိုးဆိုက်ရစ်နှင့် ဆင်နွှယ်ပတ်သက်မှုရှိကြရာ အိုးဆိုက်ရစ်သည် သေရာမှပြန်လည်ရှင်သန်ထမြောက်ခဲ့သဖြင့် ၎င်းတို့သည်လည်း အိုးဆိုက်ရစ်နှင့် တစ်သားတည်းဖြစ်မည်၊ ထိုတုပလုပ်ဆောင်သော မှော်တန်ခိုးအစွမ်းသတ္တိဖြင့် ထာဝရဘဝကိုရရှိကြမည် ဖြစ်သည်။[]

သေခြင်းပြီးနောင် ဘဝသစ်မျှော်လင့်ချက်မှတစ်ဆင့် အိုးဆိုက်ရစ်သည် သဘာဝတရားတွင့် တွေ့ရသော ထပ်တလဲလဲဖြစ်ပျက်မှုများနှင့် စတင်ပတ်သက်ခဲ့ရာ အထူးသဖြင့် သစ်ပင်များ၊ နိုင်းမြစ်၏ နှစ်စဉ်ရေကြီးရေလျှံမှုများတို့ဖြစ်ကြသည်။ နှစ်သစ်အစတွင် အိုရိုင်ယန် ကြယ်စုတန်း နှင့် ဆစ်ရီးယပ်စ်ကြယ်တို့ နေနှင့်အတူ ပေါ်ထွက်လာခြင်း (heliacal rising)များနှင့် အိုးဆိုက်ရစ်၏ပတ်သက်နေမှုမှတစ်ဆင့် နိုင်းမြစ်ရေကြီးခြင်းများဖြစ်သည်။[] ရောမအင်ပါယာ၌ ခရစ်ယာန်အယူဝါဒဖြစ်ပေါ်လာခြင်းအတောအတွင်း ရှေးဟောင်းအီဂျစ်ဘာသာဆုတ်ယုတ်လာသည်အထိ အိုးဆိုက်ရစ်ကို ကျယ်ကျယ်ပြန့်ပြန့် ကိုးကွယ်ကြသည်။[][]

Remove ads

မှတ်စု

  1. အနီးစပ်ဆုံးအင်္ဂလိပ်အသံထွက်မှာ 'ဖဲရိုး' ဖြစ်သည်။ uk,au /ˈfɛːɹəʊ/, /ˈfɛəɹəʊ/; us /ˈfæɹoʊ/, /ˈfɛɹoʊ/

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads