အီဖယ်လ် မျှော်စင်

From Wikipedia, the free encyclopedia

အီဖယ်လ် မျှော်စင်
Remove ads

အီဖယ်လ်မျှော်စင် (အင်္ဂလိပ်: Eiffel Tower /ˈfəl ˈtaʊər/ ပြင်သစ်: tour Eiffel [tuʁ‿ɛfɛl]) သည် ပြင်သစ်နိုင်ငံနှင့် ပါရီမြို့တို့၏ အထင်ကရပြယုဂ်တစ်ခုဖြစ်ပေသည်။ ပြင်သစ်နိုင်ငံတွင် ဒုတိယအမြင့်ဆုံးနှင့် ပါရီမြို့၏ အမြင့်ဆုံးသော အီဖယ်လ် မျှော်စင်သည် ပါရီမြို့ရှိ ရှမ့် ဒီ မားစ် အရပ်တွင်တည်ရှိပြီး သံဘောင်များဖြင့် သီးသန့်တည်ဆောက်ထားသည့် လက်ရာဖြစ်သည်။ မျှော်စင်၏ အမည်အား ပုံစံထုတ်လုပ်ပေးသည့် အင်ဂျင်နီယာ ဂတ်စတပ်ဗ် အီဖယ်လ်အား ဂုဏ်ပြုသောအားဖြင့် သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

Thumb
အီဖယ်လ်မျှော်စင်ကြီးအား အဝေးမှ တွေ့ရပုံ
Thumb
အီဖယ်လ်မျှော်စင်

မျှော်စင်သည် ခရီးသွားများနှင့် လေ့လာသူများအတွက် လှည့်ပတ်ကြည့်ရှုရန် အထပ်သုံးထပ်ဖြင့် ဖွဲ့စည်းထားသည်။ ပထမထပ်(မြေညီထပ်) နှင့် ဒုတိယထပ်များအား လှေကားနှင့် ဓာတ်လှေကားများ အသုံးပြု၍ လှည့်ပတ်ကြည့်ရှုနိုင်သော်လည်း အမြင့်ဆုံးဖြစ်သည့် တတိယထပ်ကိုမူ ဓာတ်လှေကားတစ်မျိုးတည်းဖြင့်သာ တက်ရောက်နိုင်သည်။

Remove ads

နောက်ခံသမိုင်း

Thumb
အီဖယ်လ် မျှော်စင်အား ညဘက်တွင် The Palais de Chaillot မှ တွေ့ရစဉ်

ပြင်သစ်တို့သည် နာမည်ကျော် ပြင်သစ်တော်လှန်ရေးကြီး နှစ်၁၀၀ပြည့် အထိမ်းအမှတ်အနေဖြင့် ပါရီမြို့တော်တွင် အထိမ်းအမှတ်အဆောက်အဦး တည်ဆောက်ရန် အကြံရကြသည့်နောက် ၁၈၈၉ ခုနှစ်တွင် ဗိသုကာပြိုင်ပွဲကျင်းပကာ ရွေးချယ်ခံရသည့် မျှော်စင်ပုံအား တည်ဆောက်ခဲ့ကြသည်။ သို့ဖြင့် လုပ်သားပေါင်း ၃၀၀ကျော်တို့သည် အထူးသန့်စင်ထားသည့် သံမဏိသံပေါင် အစိတ်အပိုင်းပေါင်း ၁၈၀၃၈ခု တို့ကို ဆက်စပ်တပ်ဆင်ကြသည်။ ထိုသို့တပ်ဆင်ရာတွင် ရီပစ်ပေါင်း ၂သန်းခွဲကျော် အသုံးပြူခဲ့ကြရသည်။ ထိုခေတ်ကာလများတွင် ဤကဲ့သို့မြင့်မားသည့် မျှော်စင် အဆောက်အဦးတည်ဆောက်ခြင်းသည် အလွန်အန္တရာယ်များလှသော်လည်း တာဝန်ယူကြီးကြပ်သည့် အင်ဂျင်နီယာ၊ ဗိသုကာများ၏ ကျွမ်းကျင်စေ့စပ်မှုတို့ကြောင့် တည်ဆောက်ရေးကာလအတွင်းတွင် လုပ်ငန်းခွင်အတွင်းသေဆုံးမှုအနေဖြင့် လုပ်သားတစ်ဦးသာ အသက်ဆုံးရှုံးခဲ့သည်။ ၃၁ရက်၊ မတ်လ၊ ၁၈၈၉ ခုနှစ်တွင် စတင်ကာ ၆ရက်၊ မေလတွင် ဖွင့်လှစ်နိုင်ခဲ့သည်။


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads