အုန်းနို့
မြန်မာအစားအစာ From Wikipedia, the free encyclopedia
Remove ads
အုန်းနို့ဟု မြန်မာနိုင်ငံတွင် ခေါ်ဆိုသည့် အုန်းသီး၏ အဖြူရောင် အတွင်းသားမှ ညှစ်ယူရရှိသည့် အရည်တစ်မျိုးဖြစ်ပြီး မလေးရှားနိုင်ငံတွင် စန်တန်ဟုလည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ပေါ ကီရီ ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြသည်။ ၎င်းနို့ရည်သည် အရောင်၊ အရသာရှိသည့်အပြင် အဆီပါဝင်မှုနှုန်းမြင့်မားသည့်အတွက် ဆီအဖြစ် ထုတ်ယူနိုင်သေးသည်။ ကမ္ဘာ့ဒေသအတော်များများတွင် အင်္ဂလိပ်ဘာသာဖြင့် coconut milk ဟူသည့်အသုံးနှုံးကို သဘာဝအလျောက် ဖြစ်ပေါ်နေသော အုန်းသီးအတွင်းရှိ အုန်းရည်အဖြစ် ရည်ညွှန်းသုံးစွဲသည်ကိုလည်း တွေ့ရသည်။
အထူ(အရင့်) နှင့် အပါး(အနု)ဟူ၍ အုန်းသီးအမျိုးအစားကို နှစ်မျိုး ခွဲခြားနိုင်သည်။ အုန်းသီးအရင့်ကို အုန်းနို့ပြုလုပ်ရန်အတွက် ပထမဦးစွာ အုန်းခြစ်ဖြင့် ခြစ်ယူရသည်။ ထို့နောက် အဝတ်ပါးပါးတွင် ထည့်သွင်းထုပ်ရသည်။ ထို့နောက် ရေနွေးနွေးကို စုပ်ယူနိုင်ရန်အတွက် အဝတ်ပါးပေါ်တွင် လောင်းချပြီးနောက် လက်ဖြစ်သော်လည်းကောင်း၊ စက်ဖြင့်သော်လည်းကောင်း ညှစ်ယူခြင်းဖြင့် အုန်းနို့ကို ရရှိသည်။ အုန်းသီးရင့်၏ နို့ရည်ကို ကျိုချက်၍ ဆီအဖြစ်သော်လည်းကောင်း၊ အနှစ်ကို ဆော့စ်အဖြစ်လည်းကောင်း အခြားမုန့်အချိုပွဲများနှင့် တွဲဖက်စားသုံးနိုင်သည်။ အုန်းသီးနု၏ နို့ရည်ကိုမူ စွပ်ပြုတ်များနှင့် အခြားဟင်းများ ချက်ရာတွင်အသုံးပြုသည်။ အနောက်နိုင်ငံများတွင် အုန်းနို့ကို သံဗူးအတွင်း စည်သွတ်၍ ထုတ်လုပ်ရောင်းချကြသည်။ ၎င်းအုန်းနို့သံဗူးများကို အုန်းသီးအနု၊ အရင့်များအားလုံးပေါင်းပြီးလျှင် ရေဖြင့် ရောသေးသည်။ ထို့နောက် အထူးစီစဉ်ကာ ထုတ်လုပ်ရောင်းချကြသည်။
အုန်းနို့သည် အာယုဗ္ဗေဒ တိုင်းရင်းဆေးဝါးပညာနှင့်အတူ တွဲ၍တည်ရှိနေသည်မှာကြာလေပြီ။ ရမ်းနေကျွန်း၊ ဆော်လမွန်ကျွန်းနှင့် အခြားအိမ်တွင်းမှုလုပ်ငန်းများတွင် အုန်းနို့ကို တဆေး၊ သကြားတို့နှင့် ပေါင်းစပ်ကာ အပင်ပု၊ ချုံပုတ်များတွင်း တစ်ပတ်ခန့်သိမ်းဆည်းထားစေခြင်းဖြင့် အချဉ်ပေါက်စေသည်။ ၎င်းအုန်းနို့ရမ်အရက်အကြောင်းကို သည်ဆွိတီးဝိုင်း(The Sweet Band)မှ ပေါ့ပါ ဂျိုး သီဆိုသည့် သီချင်းတွင် တွေ့ရသည်။ ဘရာဇီးနိုင်ငံတွင် အုန်းရည်နှင့် သကြားပေါင်းစပ်ကာ Batida de Côco ဟုခေါ်သည့် ကော့တေးတစ်မျိုးကို ပြုလုပ်ရောင်းချကြသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads