ခုံမှိုင်း
From Wikipedia, the free encyclopedia
Remove ads
ခုံမှိုင်း သည် အုန်းဘောင် (သီပေါ) စော်ဘွားဖြစ်ပြီး အင်းဝဘုရင် ရွှေနန်းကြော့ရှင် နရပတိ၏ မိတ်ဆွေဖြစ်သည်။ • အုန်းဘောင်ခုံမှိုင်းကို အုန်းဘောင်ခွန်မိုင်း၊ အုန်းဘောင်ခွန်မိန်း ဟုလည်း ခေါ်ကြသည်။
မိုးညှင်းစလုံသည် ပြည်ဘုရင် ဆင်ဖြူရှင်သတိုးမင်းစောနှင့် ပေါင်း၍ အင်းဝသို့ချီသည်။ အင်းဝဘုရင်ရွှေနန်းကြော့ရှင် နရပတိသည် အုန်းပေါင်ခွန်မိန်းငယ်နှင့် ပူးပေါင်း၍ ခုခံသည်။ မခံနိုင်သဖြင့် ယခု မေမြို့အနီး ဆင်ခေါင်း၊ ဝက်ဝံသို့ ဆုတ်ရလေသည်။ အင်းဝတွင် မိုးညှင်းစလုံနှင့် သတိုးမင်းစောတို့ မရှိသောအခါ ရွှေနန်းကြော့ရှင်သည် အင်းဝသို့ပြန်၍ အင်အား ထူထောင်ပြန်သည်။ ထိုအကြောင်းကို ကြားသော မိုးညှင်းစလုံသည် သက္ကရာဇ် ၈၈၈ ခုနှစ်(AD၁၅၂၇)တွင် သား သိုဟန်ဘွားနှင့်အတူ အလုံးအရင်းကြီးစွာနှင့် အင်းဝသို့ ချီလာပြန်သည်။ အင်းဝမြို့ ပေါက်၍ ရွှေနန်းကျော့ရှင်သည် ရွှေစာတိုက်ဟူသော ဆင်ကို စီး၍ ထွက်တော်မူသောအခါ မိုးညှင်းစလုံ၏ သားတော် သိုဟန်ဘွားသည် ဆင်နှင့်ခံ၍ တိုက်လေသည်။ ရွှေနန်းကျော့ရှင်နရပတိမင်းသည် ဦးခေါင်းတွင် အမြောက်ဆံသင့်ကာ နတ်ရွာစံလျှင် မိုးညှင်းစလုံသည် သားတော် သိုဟန်ဘွားအား အင်းဝတွင် မင်းပြုစေသည်။
အင်းဝတွင်မင်းမူနေသော ရှမ်းမင်းသိုဟန်ဘွားကို မင်းကြီးရန်နောင်က လုပ်ကြံပြီးနောက်တွင် အမတ်များက မင်းကြီးရန်နောင် အား မင်းပြုရန် တိုက်တွန်းကြသည်။ မင်းကြီးရန်နောင်က ဘုရင်ဟောင်း ရွှေနန်းကြော့ရှင်၏ မိတ်ဆွေဖြစ်သူ ခွန်မိုင်းအား ပင့်ချီကာ နန်းအပ်ခဲ့သဖြင့် အင်းဝမင်း ဖြစ်လာခဲ့သည်။ အေဒီ−၁၅၄၃ တွင် အုန်းဘောင်ခွန်မိုင်းသည် အင်းဝမင်းဖြစ်သောအခါ ညောင်ရွှေ၊ မိုးနဲ၊ ဗန်းမော်၊ မိုးမိတ်၊ မိုးညှင်းစော်ဘွားများနှင့် တိုင်ပင်၍ ကြည်းအားရေအားဖြင့် ပြည်သို့ ချီတက်လာသည်။ ပြည် သတိုးဓမ္မရာဇာလည်း အင်အားမမျှသောကြောင့် ထွက်၍ မတိုက်ဝံ့၊ မင်းတရားတပင်ရွှေထီးသည်လည်း ရေအားကြည်းအား ဆင်မြင်းအလုံးအရင်းနှင့် ဟံသာဝတီမှ ပြည်သို့ ချီတက်လာသည်။ ထိုတိုက်ပွဲတွင် တပင်ရွှေထီးတပ်က ရှမ်းစော်ဘွားများ၏ ရေတပ်ကို စတင်တိုက်ခိုက်ရာ ရှမ်းရေတပ်ပျက်၍ ရိက္ခာများ မလုံမလောက်ဖြစ်ရသည်။ ရှမ်းစော်ဘွားများ ပြန်ဆုတ်သည့် အကြောင်းကို သိ၍ တပင်ရွှေထီးသည် ဘုရင့်နောင်ကျော်ထင်နော်ရထာနှင့် တကွ ငါးတပ်လုံး ဆင်ပါ၊ မြင်းပါနှင့် လိုက်၍ တိုက်လေရာ စော်ဘွားများတပ်ပျက်၍ အင်းဝသို့ ဝင်လေသည်။ တပင်ရွှေထီးသည် အင်းဝပိုင်နယ်မြေအချို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
မြန်မာသက္ကရာဇ် ၉၀၇-ခု၊ အေဒီ ၁၅၄၅ တွင် အုန်းဘောင်ခုံမှိုင်း ကွယ်လွန်အနိစ္စရောက်လေသည်။ ထို့နောက် အင်းဝနန်းကို ၎င်း၏ သားတော် မိုးဗြဲနရပတိမင်း နန်းတက်တော်မူသည်။ [၂] [၃]
Remove ads
မှတ်စု
- (Zata 1960: 47) has entries for Hkonmaing and his son Mobye Narapati flipped since the son fell from power at age 43, four years after his father had died at age 36!
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads