အူမကြီး
From Wikipedia, the free encyclopedia
Remove ads
အူမကြီးသည် ကျောရိုးရှိ သတ္တဝါများ၏ အစာခြေစနစ်တွင် တတိယနှင့် နောက်ဆုံးအပိုင်း ဖြစ်သည်။ အူမကြီး၏ လုပ်ဆောင်ချက်မှာ ချေဖျက်၍ မရသော အစာများမှ ရေဓာတ်ကို စုပ်ယူရန်နှင့်၊ အသုံးမဝင်သော အညစ်ကြေးများကို ခန္ဓာကိုယ်မှ စွန့်ထုတ်ပစ်ရန် ဖြစ်သည်။
အူမကြီးတွင် အူပိတ် နှင့် အူမ ဟု ခေါ်သည့် အစိတ်အပိုင်းများ ပါသည်။ ဗိုက်၏ ညာဘက်အောက်ပိုင်းမှ စတင်၍ အူသိမ်၏ အဆုံးပိုင်းနှင့် ဆက်စပ်နေသည်။ ဗိုက်၏ ညာဘက်အောက်ပိုင်းမှ နေ၍ အပေါ်သို့ တက်သည်။ ထို့နောက် ဝမ်းဗိုက်၏ ညာဘက်မှ ဘယ်ဖက်သို့ ကန့်လတ်ဖြတ်သည်။ နောက်ဆုံးတွင် အောက်ဘက်သို့ ပြန်ဆင်း၍ စအိုလမ်းကြောင်းနှင့် ဆက်လျက်ရှိသည်။
အူမကြီးသည် ၄.၉ ပေ (၁.၅ မီတာ) ခန့် ရှည်လျားသည်။ အူလမ်းကြောင်း တစ်ခုလုံး၏ ၅ ပုံ ၁ ပုံ ခန့်ရှည်သည်။
အူမကြီးတွင် ပါဝင်သော အစိတ်အပိုင်းများမှာ အူပိတ်, အူမ, စအို နှင့် စအိုဝတို့ ဖြစ်သည်။
Remove ads
အူမကြီး၏ လုပ်ဆောင်ချက်များ
အစာခြေစနစ်၏ ကျန်ရှိသော လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပြီး၊ အချိန် ၁၆ နာရီခန့် ကြာမြင့်သည်။ အူမကြီးတွင် အစာများကို ချေဖျက်ခြင်း မပြုလုပ်နိုင်ပေ။ အူမကြီး၏ အစိတ်အပိုင်းဖြစ်သော colon တွင် ဘက်တီးရီးယား ပိုးမွားများ ရှိသည်။ ထိုပိုးမွှားများမှ ထုတ်ပေးသော ဗီတာမင်ဓာတ် (ဥပမာ - ဗီတာမင်ကေ)ကို colon တွင် စုပ်ယူသည်။ အစားစားရာတွင် ပါဝင်သော ဗီတာမင်ကေ၊ ဗီတာမင် B1, B2 တို့သည် ခန္ဓာကိုယ်အတွက် မလုံလောက်သည့် အတွက် colon ဘက်တီးရီးယား ပိုးမွားများမှ ထုတ်ပေးသော ဗီတာမင်ဓာတ်မှာ အရေးပါသည်။ အူမကြီးတွင် မစင်များကို စုစည်းပြီး rectum တွင် သိမ်းဆည်းထားသည်။ မစင်စွန့်သော အချိန်တွင် ထိုအညစ်အကြေးများကို စအိုမှတဆင့် စွန့်ထုတ်သည်။
အူမကြီးနှင့် အူသိမ် ကွာခြင်းချက်မှာ အူမကြီးသည် ပို၍ ကျယ်ပြီး၊ taeniae coli ဟု ခေါ်သည့် smooth muscle ကြွက်သားများ ပါရှိသည်။ အူမကြီး၏ နံရံကို simple columnar epithelium ဖြင့် လုပ်ထားသည်။
Caecum ၏ အောက်ဘက်တွင် အူအတက်သည် တွယ်လျက် ရှိသည်။ အူအတက်သည် lymphoid တစ်ရှူး ပါဝင်ပြီး ခုခံအားစနစ်တွင် ပါဝင်သည်။ အူအတက်ထဲတွင် ပိတ်ဆို့ပြီး ပိုးများစုဆောင်းနေက အူအတက်ယောင်ခြင်း ဖြစ်ပေါ်သည်။ အူအတက်ကို ဖယ်ထုတ်ခြင်းဖြင့် ပြဿနာ တစ်စုံတစ်ရာ မဖြစ်ပေါ်နိုင်ပါ။'

Remove ads
အူမကြီး၏ အစိတ်အပိုင်းများ

အူပိတ်
အူပိတ်(Caecum)သည် အူမကြီးအစပိုင်းတွင် ရှိသော အဖု ဖြစ်သည်။ သူ့တွင်
- အူမဖဲကြိုး (Taenia coli)
- အူမအအိုင့်များ (Haustra) နှင့်
- Epiploic appendages တို့ ပါဝင်သည်။
အူမ
အူမ(Colon)သည် အူပိတ်မှ အူကောက်ကွေးအဆုံးထိ ရှည်လျားသည်။ အူမတလျောက်တွင်
- ascending colon
- right colic flexure (hepatic)
- transverse colon
- transverse mesocolon
- left colic flexure
- descending colon
- sigmoid colon တို့ ပါဝင်သည်။
Remove ads
ဘက်တီးရီးယားပိုးများ
အူမကြီးတွင် ဘက်တီးရီးယားပိုး အမျိုး ၇၀၀ ခန့်ရှိသည်။
ထိုဘက်တီးရီးယား ပိုးများမှ ထုတ်လိုက်သော ပစ္စည်းများကို အူမကြီးမှ စုပ်ယူသည်။ မချေဖျက်နိုင်သော polysaccharides များကို ဘက်တီးရီးယားများက short-chain fatty acids အဖြစ်ပြောင်းလဲပြီး စုပ်ယူသည်။ အူမကြီးမှ ထုတ်သော ဘိုင်ကာဗွန်နိတ်ဓာတ်က ထို fatty acids များ ဖြစ်ပေါ်လာခြင်းမှ အက်စစ်ဓာတ် မများစေရန် ထိန်းညှိပေးသည်။
ဘက်တီးရီးယား ပိုးမွားများသည် ဗီတာမင်ဓာတ်များကိုလဲ ထုတ်လုပ်ပေးသည်။ အထူးသဖြင့် ဗီတာမင်ကေ၊ ဘိုင်အိုတင်နှင့် ဗီတာမင်ဘီ ၂ တို့ ဖြစ်သည်။ ထိုဗီတာမင်ဓာတ် ထုတ်လုပ်မှုသည် ခန္ဓာကိုယ်၏ နေ့စဉ် လိုအပ်ချက်နှင့် ယှဉ်လျင် နည်းသည်ဟု ထင်ရသော်လည်း အစားသောက်မှ ဗီတာမင်ဓာတ် လုံလုံလောက်လောက် မပါဝင်သောအချိန်တွင် များစွာ အရေးပါသည်။ ပိုးသတ်ဆေးများ အသုံးပြုခြင်းကြောင့် ခန္ဓာကိုယ်အတွက် အကျိုးရှိသော ပိုးမွားများ သေဆုံးပြီး ဗီတာမင်ဓာတ် ချို့တဲ့နိုင်သေးသည်။
ဘက်တီးရီးယားများသည် ဗီတာမင်ဓာတ်အပြင် လေလည်ရာတွင် ပါဝင်သော ဓာတ်ငွေ့များ ထုတ်သေးသည်။ ထိုထဲတွင် နိုက်ထရိုဂျင်ဓာတ်၊ ကာဗွန်ဒိုင်အောက်ဆိုက် နှင့် ဟိုက်ဒရိုဂျင်၊ မီတိန်း၊ ဟိုက်ဒရိုဂျင် ဆာလဖိုက် ဓာတ်ငွေ့များ ပါသည်။ အချို့ ဘက်တီးရီးယားများသည် တစ်ရှူးများ ပြန်လည် တည်ဆောက်ရေးအတွက်လဲ အရေးပါသည်။
ခန္ဓာကိုယ်အတွက် အရေးပါသော ခုခံစနစ် (antibodies) များ ထုတ်လုတ်ရေးတွင်လဲ ပါဝင်သည်။ ပုံမှန်ကိုယ်ထဲတွင် ရှိသော ပိုးမွားများအတွက် ခန္ဓာကိုယ်မှ antibodies ထုတ်လုပ်သည်။ ထို antibodies များသည် ပြင်ပမှ ဝင်လာသော အန္တာရယ် ဖြစ်စေနိုင်သည့် ပိုးမွားများကိုလဲ တိုက်ထုတ်ပေးသည်။
အများဆုံး တွေ့ရသော ဘက်တီးရီးယားမှာ bacteroides များ ဖြစ်သည်။ အူမကြီးယောင်ြခင်း၊ ကင်ဆာဖြစ်ခြင်းတို့တွင် ထိုဘက်တီးရီးယားများ၏ ပယောဂ ပါဝင်သည်။ Bifidobacteria များလဲ တွေ့ရပြီး လူကို အကျိုးပြုသော ဘက်တီးရီးယားဟု သတ်မှတ်ကြသည်။
အူမကြီးတွင် အကျိအချွဲအလွှာ mucous layer တစ်ခုရှိပြီး ကိုယ်ထဲရှိ ပုံမှန်ပိုးမွားများ တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးသည်။
ပြင်ပလင့်များ
ဝစ်ရှင်နရီ၊ အခမဲ့အဘိဓာန်တွင် အူမကြီး ကို ရှာဖွေကြည့်ရှုပါ။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads