အိုမာအိဗန် အယ်လ် ခတ်တဗ်

From Wikipedia, the free encyclopedia

အိုမာအိဗန် အယ်လ် ခတ်တဗ်
Remove ads

အိုမရ် ဗင် အလ် ခတ္တာဗ်(Umar ibn al-khattab) (၅၈၆-၆၄၄)သည်မိုဟမ္မဒ်နောက်ဆက်ခံသည့် ခလီဖာ(Caliph/မူဆလင်ခေါင်းဆောင်)များ အနက် ဒုတိယမြောက်ခေါင်းဆောင်ဖြစ်ကာ မိုဟမ္မဒ်အလွန်တွင် တန်ခိုးအကြီးဆုံး နှင့် အထက်မြက်ဆုံးသော ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ သူခေါင်းဆောင်သည့် ၁၀နှစ်အတွင်းတွင် အာရပ်မူဆလင်တို့၏ ကြီးစိုးနိုင်မှု အထွတ်အထိပ်သို့ရောက်ပြီး အကျယ်ပြန့်ဆုံးသော ပိုင်နက်နယ်မြေကိုလည်း သိမ်းယူရရှိခဲ့သည်။

Thumb
အိုမရ်၏ဓား
Remove ads

ဘဝအကျဉ်း

Thumb
အိုမာအထိမ်းအမှတ် သင်္ချိုင်းအုတ်ဂူ

အိုမာကို တမန်တော်မိုဟာမက် နှင့်ခေတ်ပြိုင် ခရစ်နှစ် ၅၈၆ ဝန်းကျင်တွင်မွေးဖွားသည်ဟု ခန့်မှန်းကြသည်။ မွေးဖွားရာအရပ်မှ မဒီနာတွင်ဖြစ်သည်။ အစပိုင်းတွင် အယူဝါဒအသစ်ကို အကြီးအကျယ်ကန့်ကွက်သူ တစ်ဦးဖြစ်ခဲ့ရာမှ ရုတ်ခြဉ်းပင် ထိုဘာသာကို အကြွင်းမဲ့ အားပေးထောက်ခံသူဖြစ်လာခဲ့သည်။ (ခရစ်ယာန်ဘာသာတွင် စိန့်ပေါလ် ဘာသာပြောင်းပုံနှင့် ဆင်ဆင်တူသည်။)နောက်ပိုင်း မိုဟာမက်၏ အယုံကြည်ရဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာပြီး အကြံပေးသဖွယ်ပင် နေရာရလာသည်။ ဆက်ခံမည့်သူအား သတ်မှတ်ခြင်းမရှိသေးမှီ မိုဟာမက်ကွယ်လွန်သော် အိုမာက မိုဟာမက်၏ ရင်းနှီးသော မိတ်ဆွေ၊ ယောက္ခမလည်းတော်စပ်သည့် အဘူဗက်ကာ ကိုဆက်ခံရန်ထောက်ခံခဲ့သည်။ သို့ဖြင့် အဘူဗက်ကာ မှာ ပထမဆုံး ကလစ်ဖ် ဖြစ်လာသော်လည်း ၂နှစ်သာ အုပ်ချုပ်ကာ ကွယ်လွန်သွားခဲ့သော်လည်း အခြားခေါင်းဆောင်တစ်ဦးအား ဆက်ခံရန် လျာထားနိုင်ခဲ့သည်။ ထိုသူမှာ မိုဟာမက်၏ အခြားယောက္ခမ တစ်ဦးဖြစ်သည့် အိုမာပင်ဖြစ်သည်။

အိုမာရာထူးရပြီးနောက် အရေးပါဆုံး နယ်ပယ်ချဲ့ထွင်သာသနာပြုသည့် အရေးကို ဦးစားပေးဆောင်ရွက်တော့သည်။ ရှေးဦးစွာ ဘိုင်ဇန်တိုင်းအင်ပါယာ(Byzantine Empire) ကိုတိုက်ခိုက်သည်။၆၃၆ ယောမုခ်(Yormuk)စစ်ပွဲတွင် ဘိုင်ဇန်တိုင်းတပ်များကို အပြတ်အသတ်အနိုင်ရပြီး နောက် တစ်ဆက်တည်းပင် ဒမက်စကပ်စ်(Damascus) ကိုသိမ်းယူသည်။ နောက်၂နှစ်တွင် ဂျေရူးဆလင်လက်နက်ချအညံ့ခံသည်။၆၄၁တွင် ဘိုင်ဇန်တိုင်းလက်အောက်ရှိ ဆီးရီးယား နှင့် ပါလက်စတိုင်း(အစ္စရေး) ဒေသများကို သိမ်းယူကာ ယနေ့တူရကီ နယ်နိမိတ်အတွင်းသို့ ဆက်လက်တိုက်ခိုက်သည်။ အီဂျစ်ကို ၆၃၉တွင် ဘိုင်ဇန်တိုင်းအင်ပါယာ၏ အခြားပိုင်နက်တစ်ခုဖြစ်သည့် အီဂျစ်သို့ ချီတက်သည်။ သုံးနှစ်အကြာတွင် အီဂျစ်လည်း မူဆလင်တို့ လက်အတွင်းကျရောက်ရသည်။

အရှေ့ဘက်ရှိ ပါရှတို့၏ ဆက်စနစ်အင်ပါယာ ကိုမူ အိုမာမတိုင်မှီကပင် စတင်တိုက်ခိုက်နေခဲ့သော်လည်း အမှန်တကယ် အောင်မြင်သည်မှာ အိုမာလက်ထက်ဖြစ်သည့် ၆၃၇တွင်မှဖြစ်သည်။ ၆၄၁တွင် အနိုင်အရှုံး ထင်ရှားနေပြီဖြစ်ကာ နောက်တစ်နှစ်အကြာတွင် ဆက်စနစ်အင်ပါယာ၏ ဧကရာဇ်တပ်ကို အပြီးတိုင်ချေမှုန်းနိုင်သည်။ ၆၄၄တွင် မဒီနာ၌ရှိနေစဉ် ပါရှကျွန်တစ်ယောက်က လုပ်ကြံသဖြင့် ကွယ်လွန်သည်။

မကွယ်လွန်မှီ ရာထူးဆက်ခံရန် ပုဂ္ဂိုလ်ရွေးချယ်ဖို့ရာအတွက် ခြောက်ဦးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့ပြီး ဆက်ခံသူရွေးချယ်ရန် မှာကြားခဲ့သဖြင့် သူကွယ်လွန်လျှင် တတိယမြောက် ကလစ်ဖ်အဖြစ် အော့သ်မန်(Othman)(ရာထူးကာလ ၆၄၄-၆၅၆)ကို ရွေးချယ်ခဲ့ကြသည်။ ထို့ကြောင့် အိုမာ ကွယ်လွန်သော်လည်း အာရပ်တို့သည် အနောက်ဘက်တွင် မြောက်အာဖရိက သို့လည်းကောင်း ၊ အရှေ့ဘက်တွင် ပါရှ(အီရန်) နယ်မြေကုန်သရွှေ့ကို လည်းကောင်း သိမ်းပိုက်နိုင်ကြသည်။

Remove ads

အရည်အချင်းများ

မူဆလင်တို့အတွက် တမန်တော်မိုဟာမက် သည်အကြီးကျယ်ဆုံးသော လှုံဆော်အားပေးသူဖြစ်လျှင် အမှန်တကယ် အားပေးသည့်အတိုင်း နယ်ပယ်များကို ရရှိအောင်စွမ်းဆောင်ခဲ့သူမှာ အိုမာဖြစ်သည်။ အိုမာ၏ ခေါင်းဆောင်မှုစွမ်းရည်ကြောင့် သာမက သိမ်းပိုက်နယ်ပယ်များအတွင်း မူဆင်အာရပ်တို့ တန်ခိုးကြီးစေရန်၊ တည်မြဲနေစေရန် နှင့် ဘာသာရေးဆောင်ရွက်ချက်များ မှာ အထူးပင် အောင်မြင်သည်ဟုဆိုနိုင်သည်။ သိမ်းပိုက်နယ်မြေများတွင် အာရပ်တို့ကို အကြီးအကဲ၊အခွင့်ထူးခံအဖြစ်ထားပြီး ဒေသခံများက ညွှတ်တွားရသည်။ အခွန်ဆက်သရသည်။ သို့ဖြင့် ယနေ့အခါတွင် အာရပ်တို့သိမ်းပိုက်ခဲ့သမျှသော နယ်ပယ်များတွင် အီရန်မှအပ ကျန်ဒေသတိုင်းပြည်များသည် အလွန်မှ အာရပ်ဆန်သွားပြီး အာရပ်ယဉ်ကျေးမှုကို အရိုးစွဲလက်ခံကျင့်သုံးနေကြသည်။

Remove ads

ရည်ညွှန်းကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads