အူသိမ်
From Wikipedia, the free encyclopedia
Remove ads
အူသိမ်သည် အစာအိမ်နှင့် အူလမ်းကြောင်းရှိ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး လူတို့စားသုံးသော အစာအာဟာရများကို စုပ်ယူရာ နေရာဖြစ်သည်။ ၎င်းသည် အစာအိမ် နှင့် အူမကြီးအကြားတွင် တည်ရှိပြီး ပန်ကရိယပြွန်မှတဆင့် အစာခြေဖျက်ရန် သည်းခြေရည် နှင့် ပန်ကရိယရည်များကို လက်ခံရယူသည်။ အူသိမ်သည် ၅.၅ မီတာ ( ၁၈ ပေ)ခန့် ရှည်လျားပြီး ဝမ်းဗိုက်ထဲ ဝင်ဆန့်နိုင်ရန် အထပ်များစွာ ခေါက်သွင်းထားသည်။၎င်းသည် အူမကြီးထက် ပိုမိုရှည်လျားသော်လည်း အချင်းအားဖြင့် တိုတောင်းသောကြောင့် အူသိမ်ဟု ခေါ်ရခြင်းဖြစ်သည်။
အူသိမ်တွင် ထင်ရှားသော အပိုင်း (၃)ပိုင်း ပါဝင်ပြီး ၎င်းတို့မှာ အူသိမ်ဦးပိုင်း၊ အူသိမ်လယ်ပိုင်း နှင့် အူသိမ်နှောင်းပိုင်း တို့ ဖြစ်ကြသည်။ ၎င်းတို့အနက် အူသိမ်ဦးပိုင်းမှာ အတိုဆုံးဖြစ်ပြီး အတွင်းမျက်နှာပြင်ရှိ လက်ချောင်းလေးများနှင့်တူသော အူတွင်းမြှေးတွန့်များမှတဆင့် အစာစုပ်ယူခြင်းစတင်ရာ နေရာဖြစ်သည်။ အူသိမ်ဦးပိုင်းရှိ အင်ဇိုင်းများနှင့် ခြေဖျက်ခြင်းခံရသော အာဟာရများကို အူသိမ်လယ်၏ အတွင်းနံရံရှိ အူတွင်းဆဲလ်များမှတဆင့် စုပ်ယူသည်။ အူသိမ်နှောင်းပိုင်း၏ အဓိကတာဝန်မှာ ဗီတာမင် ဘီ ၁၂၊ သည်းခြေဓာတ်ဆား နှင့် အူသိမ်လယ်တွင် စုပ်ယူခြင်း မခံရသည့် အရာများကို စုပ်ယူခြင်းပြုရန်ဖြစ်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
