အေဒီ
အနောက်တိုင်းပြက္ခဒိန်ခေတ် From Wikipedia, the free encyclopedia
Remove ads
အေဒီ (A.D) ဆိုသည်မှာ ယေရှုခရစ်တော် မွေးဖွားသည့် နှစ်မှ စတင်၍ အချိန် (နှစ်များ)ကို ရေတွက်သည့် အချိန် ရေတွက်ပုံ စနစ် တစ်မျိုး ဖြစ်သည်။ အလယ်ခေတ်လက်တင်ဘာသာ (လက်တင်: anno Domini) (သို့မဟုတ်) Anno Domine မှဆင်းသက်ပြီး သခင်ဘုရား၏ ခုနှစ်ဝယ် ဟုဆိုလိုသည်။[၁] ဂရီဂေါရီးယန်းပြက္ခဒိန် နှင့် ဂျူလိယက်ဆီဇာပြက္ခဒိန်တို့၌ နှစ်များကို ညွှန်းဆိုရန်၊ နံပါတ်စဉ်တပ်ရေတွက်ရန် အသုံးပြုကြသည်။ (ဗုဒ္ဓဘာသာ၏ သာသနာနှစ်နှင့် ဆင်တူသည်။ သို့သော် သာသနာနှစ်မှာ ဗုဒ္ဓပရိနိဗ္ဗာန်စံဝင်ပြီးမှ စတင်ရေတွက်ခြင်းဖြစ်သည်။)

အေဒီကို ခရစ်တော်ဖွားမြင်သည့်နှစ်မှစ၍ ရေတွက်ပြီး ဘီစီကို ထိုအချိန်ကာလမတိုင်ခင် နှစ်များကိုညွှန်းဆိုရန်အသုံးပြုကြသည်။ အေဒီနှင့် ဘီစီကြား၌ ကြားနှစ်ကာလတစ်ခုမျှမရှိပါ။ ဆိုလိုသည်မှာ ဘီစီ (၁) ပြီးနောက် ချက်ချင်းဆိုသလို အေဒီ (၁) လာသည်။ ယခုနေ့စွဲစနစ်ကို အေဒီ (၅၂၅)၌ ဒန်ညုမြစ်အနီး ဆစ်သီးယားမိုင်းနာဒေသ(Scythia Minor) က ဒိုင်ယွန်နစ်ဆီးယပ်စ် (Dionysius Exiguus) ကတီထွင်ခဲ့သည်။ သို့သော် အေဒီ (၈၀၀)နောက်ပိုင်းအထိ တွင်ကျယ်စွာအသုံးမပြုခဲ့ကြချေ။[၂][၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads