အောက်စဖို့ဒ် အင်္ဂလိပ် အဘိဓာန်

From Wikipedia, the free encyclopedia

အောက်စဖို့ဒ် အင်္ဂလိပ် အဘိဓာန်
Remove ads

အောက်စဖို့ဒ် အင်္ဂလိပ် အဘိဓာန် (အင်္ဂလိပ်: Oxford English Dictionary; OED) သည် "အောက်စဖို့ဒ်တက္ကသိုလ် ပုံနှိပ်လုပ်ငန်း"က ထုတ်ဝေဖြန့်ချိသော အင်္ဂလိပ်ဘာသာစကားဆိုင်ရာ သမိုင်းဝင် အဘိဓာန်ကြီးတစ်ခုဖြစ်သည်။ ကမ္ဘာအနှံ့သုံးစွဲကြသော ဝေါဟာရမူကွဲများကို ဖော်ပြထားခြင်း၊ ပညာရှင်များ၊ တက္ကသိုလ် သုတေသနသမားများအတွက် ကျယ်ပြန့်စုံလင်သော မှီငြမ်းကိုးကားမှုများ ထောက်ပံ့ပေးထားခြင်းများအပါအဝင် အင်္ဂလိပ်ဘာသာစကား၏ သမိုင်းတလျှောက် ဖြစ်ပေါ်တိုးတက်လာမှုများကိုလည်း ဇာစ်မြစ်ကောက် ခြေရာလိုက်ထားပေးသည်။[][]

အချက်တိုများ နိုင်ငံ, ဘာသာစကား ...

ဤအဘိဓာန်ကို ၁၈၅၇ မှ စတင်ဆောင်ရွက်ခဲ့ကြသော်လည်း ၁၈၈၄ ကျမှသာလျှင် ပထမဆုံးစာအုပ်ကို အဖုံးမပါသည့်ပုံစံဖြင့် စတင်ခုတ်ဝေနိုင်ခဲ့သည်။ သို့ရာတွင် အဘိဓာန်လုပ်ငန်းကိုကား "A New English Dictionary on Historical Principles; Founded Mainly on the Materials Collected by The Philological Society" အမည်ဖြင့် ဆက်လက် အကောင်ထည်ဖော်နေဆဲဖြစ်၏ ။ ၁၈၉၅ တွင် The Oxford English Dictionary ကို စာအုပ်အတွဲများ၏အဖုံးတွင် တရားဝင်မဟုတ်သည့်ပုံစံဖြင့် ပထမဆုံး စတင်သုံးစွဲခဲ့လေသည်။ ၁၉၂၈ အဘိဓာန်အပြည့်အစုံကို အဖုံးပါ အတွဲ (၁၀) တွဲဖြင့် ဖြန့်ချိခဲ့သည်။ ၁၉၃၃ ရောက်သောအခါ "The Oxford English Dictionary" အမည်ကို ယခင်ထုတ်ဝေခဲ့ကြသော အတွဲ (၁၂) တွဲ နှင့် ဖြည့်စွက်တွဲတစ်ခုတို့၏ အမည်အားလုံးနေရာ၌ အစားထိုးခဲ့ကြ၏ ။ ဖြည့်စွက်တွဲများလည်း ၁၉၈၉ အထိ ထွက်ရှိလာခဲ့၍ ထိုနှစ်တွင်ပင် ဒုတိယမူ (second edition) ကိုထုတ်ဝေခဲ့ကြရာ အတွဲ (၂၀) ၊ စာမျက်နှာပေါင်း ၂၁,၇၂၈ အထိပါဝင်လေသည်။[] ၂၀၀၀ ပြည့်နှစ်ကတည်းက တတိယမူကို လုပ်ကိုင်ဆောင်ရွက်ခဲ့ကြပြီး ၂၀၁၈ အရောက်တွင် တစ်ဝက်ခန့်ပြီးစီးခဲ့ကြသည်။[]

ပထမဆုံး ဒီဂျစ်တယ်မူ (အီလက်ထရောနစ်) ကို ၁၉၈၈ တွင် ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကြ၍ အွန်လိုင်းမူကို ၂၀၀၀ ပြည့်နှစ်ကတည်းက အသုံးပြုနိုင်ခဲ့လေရာ ၂၀၁၄ ဧပြီ၌ တစ်လလျှင် ဝင်ရောက်ကြည့်ရှုလေ့လာသူ နှစ်သန်းကျော်ရှိခဲ့၏ ။ တတိယမူကို ဒီဂျစ်တယ်မူ (အီလက်ထရောနစ်) ပုံစံဖြင့်သာ ပေါ်ပေါက်လာနိုင်ဖွယ်ရှိသည်။ အကြောင်းမှာ အောက်စဖို့ဒ်တက္ကသိုလ် အမှုဆောင်အရာရှိချုပ်က ပုံနှိပ်ရန် အလားအလာမရှိဟု ဆိုသောကြောင့်ဖြစ်သည်။[][][]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads