အောက်စ်ဖိုဒ် တက္ကသိုလ်
From Wikipedia, the free encyclopedia
Remove ads
အောက်စ်ဖိုဒ်တက္ကသိုလ် (အင်္ဂလိပ်: Oxford University)သည် တက္ကသိုလ်တစ်ခုဖြစ်ပြီး ယူနိုက်တက် ကင်းဒမ်း ရှိ အောက်စဖို့မြို့တွင် တည်ရှိသည်။ အင်္ဂလိပ်ဘာသာသည် ပြည်သူတို့၏ ပထမဘာသာဖြစ်သည့်နိုင်ငံများ၏ အအိုဟောင်းဆုံးသော တက္ကသိုလ်ဖြစ်သည်။ တက္ကသိုလ်ကြီးသည် ကောလိပ်ပေါင်း ၃၉ ခုပါရှိပြီး ပုဂ္ဂလိကပိုင် ဟောပြောခန်း ၄ ခုရှိသည်။ ဖော်ပြပါအဆောက်အဦးများတွင် ၎င်းတို့၏ ကိုယ်ပိုင်အဆောက်အဦးများရှိ၍ ကိုယ်ပိုင်ဝန်ထမ်းများလည်းထားရှိကြသည်။ ထိုအချင်းအရာသည် တက္ကသိုလ်ပရိဝုဏ်တစ်ခုတွင် နေကြရသည့် အခြားခေတ်သစ် တက္ကသိုလ်များနှင့် အောက်စ်ဖိုဒ်တက္ကသိုလ်၏ အတော်ကြီး ခြားနားသည့် အချက်ပင်ဖြစ်သည်။ အောက်စ်ဖိုဒ်တွင် တက္ကသိုလ် ပရိဝုဏ်မရှိချေ၊ သို့သော် ၎င်းတွင် ဗဟိုဌာနအချို့ရှိပြီး ထိုဗဟိုဌာနနေရာများကို အခြားကောလိပ်များမှ ကျောင်းသားများအတူလာရောက်နိုင်သည် သို့မဟုတ် လေ့လာနိုင်သည့်ပြင် ၎င်းတို့ချင်းလည်း ဆက်သွယ်နိုင်သည်။(ဥပမာအနေဖြင့် အောက်စ်ဖိုဒ် ယူနီယမ်)
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads