အောင်ဆန်းလင်း
From Wikipedia, the free encyclopedia
Remove ads
ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်ခင်ကြည်တို့၏ ဒုတိယသား ဖြစ်သူ အောင်ဆန်းလင်းသည် ၁၀ မေ ၁၉၄၄ တွင် မွေးဖွား၍ ၁၆ ဇန်နဝါရီ ၁၉၅၃ ခုနှစ် တွင် ရေနစ်၍ ကွယ်လွန်ခဲ့သည်။


ရန်ကုန်မြို့ တာဝါလိန်းလမ်း နေအိမ်ခြံဝန်း၌ ဆော့ကစားရင်း ရေကန်ထဲသို့ ခြေချော်ကျ၍ အသက်ဆုံးရှုံးခဲ့ပြီး ကျန်ရစ်သော ရုပ်ကြွင်းအား ကြံတောသင်္ချိုင်း တွင် ဂူသွင်း မြှုပ်နှံခဲ့သည်။
နိုဝင်ဘာလ ၁၉၉၆ က ကြံတောသင်္ချိုင်း ဖျက်သိမ်း၍ လှိုင်သာယာ ရွှေတကောသုသာန်သို့ အုတ်ဂူများ ပြောင်းရွှေ့ချိန်၌ ပြန်တူးဖော်ပြီး တွေ့ရှိသော အရိုးများနှင့် အုတ်ဂူတွင် ထွင်းထုကပ်ထားသည့် ကျောက်စာပြားကို ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှ သယ်ဆောင်လာကာ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းခြံအတွင်း ရေကန်စပ်နားရှိ သရက်ဖြူပင်ကြီးအောက်၌ တစ်ပတ်ခန့် ထားရှိပြီးနောက် ကျောက်တန်း၊ ရေလယ် ဘုရားရှိရာ မှော်ဝန်းမြစ်၊ ပင်လယ်ထွက်ပေါက်ဝနားတွင် အရိုးအိုးကို ညီမဖြစ်သူ ကိုယ်တိုင် စက်လှေတစီးပေါ်မှ ပင်လယ်ထဲသို့ မျှောချခဲ့သည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads