အောင်ပွင့်

မြန်မာ သတင်းစာဆရာ From Wikipedia, the free encyclopedia

Remove ads

မောင်အောင်ပွင့် (၁၉၄၅-၂၀၁၈) သည် မြန်မာလူမျိုး ကဗျာဆရာနှင့် ငြိမ်းချမ်းရေး လှုပ်ရှားသူ ဖြစ်သည်။ ယုံကြည်ချက်ကြောင့် ထောင် ၃ ကြိမ် ကျခဲ့ပြီး ၂၀ဝ၂ ခုနှစ်တွင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ ဟဲလ်မင်းဟမ်း မက်ဂရန့်ဆု၊ ၂၀ဝ၄ ခုနှစ်တွင် နိုင်ငံတကာသတင်းသမားများအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကော်မတီမှ နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်ဆုတို့ ရသည်။

အချက်တိုများ မောင်အောင်ပွင့်, မွေးဖွား ...
Remove ads

ငယ်ဘဝ

၁၉၄၅ ခု၊ နိုဝင်ဘာလ ၁၁ ရက်တွင် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ရှိ ဘုရားကုန်းရွာနေ ဦးထွန်းမှိန်၊ ဒေါ်စာမတို့က မွေးသည်။ ငယ်မည်မှာ အောင်ပွင့် ဖြစ်သည်။

အသက် ၅ နှစ်အရွယ် ဒုတိယကမ္ဘာစစ်အတွင်း ဈေးရောင်းသွားသော မိခင် ပြန်မလာတော့။ မိခင်မရှိသည့်နောက် ဖခင်က နောက်အိမ်ထောင်ပြုသည်။ သုံးနှစ်အရွယ် ညီဖြစ်သူနှင့် အောင်ပွင့်တို့ မိခင်၏ မိဘအိမ်၌ နေကြသည်။

ကဗျာဆရာ ဖြစ်လာခြင်း

၁၉၆၈ ခုတွင် မိုးဝေမဂ္ဂဇင်း၊ အမှတ် (၄) တွင် ညီမျှရန် ဟူသော မောင်အောင်ပွင့်လက်ရာကဗျာ ပါလာသည်။ [] ကဗျာကို အဓိကရေးသော်လည်း ကဗျာနှင့် ပတ်သက်သောဆောင်းပါးများလည်း ရေးသေးသည်။

သုံးထောင်ပြန်ဘဝ

၁၉၆၇ ခုတွင် နိုင်ငံရေးဆူပူရန် ရေးသားသည်ဟူ၍ ပုသိမ်ထောင်၌ ထောင် ၁ နှစ် ကျခံရသည်။

၁၉၇၈ ခု၊ ဩဂုတ်လ ၆ ရက်တွင် အင်းစိန်ထောင်၌ ထောင် ၂ နှစ် ကျသည်။ ၁၇ လနှင့် ပြန်လွတ်ခဲ့သည်။

၁၉၈၈ ခု၊ ဩဂုတ်လတွင် ပုသိမ် လူထုဆန္ဒဖော်ထုတ်ပွဲကော်မတီဖွဲ့ရာ အတွင်းရေးမှူး ဖြစ်လာသည်။ သို့သော် ဆိုင်ရာမှ လိုက်လံဖမ်းဆီးသဖြင့် ရန်ကုန်သို့ ရှောင်လာပြီး မိတ်ဆွေများအိမ်၌ လှည့်နေသည်။ ရန်ကုန်ရှိ အဖြစ်အပျက်များကြောင့် ကဗျာထက် ဗီဒီယိုက လူထုထံ ပိုရောက်နိုင်သည်ဟု တွေးမိသဖြင့် တဖက်တွင် စာအုပ်ဟောင်းရောင်းကာ တဖက်၌လည်း ရုပ်သံမှတ်တမ်း (Documentary) ရိုက်သည့်အလုပ်ကို လုပ်သည်။

၁၉၉၇ ခုတွင် ကဗျာဆရာ ငြိမ်းသစ်နှင့်အတူ တံတားဦးရဲစခန်း၌ စာပို့စက် (Fax) တရားမဝင် လက်ဝယ်ထားမှု၊ မတရားအသင်းများနှင့်ဆက်သွယ်မှုတို့ဖြင့် အချုပ်ကျပြီး အတန်ကြာ အမှုရင်ဆိုင်ရသည်။ နောက် ၁၉၉၉ ခုတွင် အမိန့်ချရာ ထောင် ၈ နှစ် ကျပြီး အင်းစိန်ထောင်နှင့် သာယာဝတီထောင်တို့တွင် နေရသည်။ ၂၀၀၅ ခု၊ ဇူလိုင်လတွင် လွတ်သည်။ []

မိသားစုဘဝ

အသက် ၂၇ နှစ်အရွယ်တွင် ကျောင်းဆရာမ နန်းညွန့်ရွှေနှင့် အိမ်ထောင်ပြုသည်။ ငြိမ်းချမ်းနှင့် လုံမငြိမ်းချမ်းဟူ၍ သားသမီး ၂ ယောက် ရသည်။ ဇနီးဖြစ်သူမှာ ၂၀၁၈ ခု၊ ဩဂုတ်လ ၁၁ ရက်တွင် ဆုံးသည်။

ဘဝနိဂုံး

အသက်ရချိန်၌ အကျဉ်းကျခြင်းကြောင့် ကျန်းမာရေးချို့ယွင်းသည့်ပြင် ဇနီးမှာလည်း တိမ်းပါးသဖြင့် စိတ်ကိုယ်မခိုင်ဘဲ ၂၀၁၈ ခု၊ နိုဝင်ဘာလ ၃၀ ရက်တွင် ကွယ်လွန်သည်။ ဇနီးဖြစ်သူနှင့်အတူ ပုသိမ်မြို့ သရောင်းချောင်းသုဿာန်တွင် မြုပ်နှံထားသည်။

ရေးသားသော စာအုပ်များ

နောက်ထပ် အချက်အလက်များ ခေါင်းစီး, ထုတ်ဝေနှစ် ...

* ကဗျာစာအုပ် မဟုတ်။

Remove ads

ဆုတံဆိပ်များ

၂၀ဝ၂ ခုနှစ်တွင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ ဟဲလ်မင်းဟမ်း မက်ဂရန့်ဆု၊ ၂၀ဝ၄ ခုနှစ်တွင် နိုင်ငံတကာသတင်းသမားများအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကော်မတီမှ နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်ဆုတို့ ရသည်။

၂၀၁၂-ခု ဆဋ္ဌမအကြိမ်မြောက် တော်ဘုရားလေး(အောင်ဇေ)စာပေဆုတွင် ငြိမ်းချမ်းရေးညစာ အမည်ဖြင့် ကဗျာပေါင်းချုပ်ဆု ရရှိခဲ့သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads