အောင်ရင်

From Wikipedia, the free encyclopedia

Remove ads

အောင်ရင်(အဆိုတော်)

အောင်ရင် ကို ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး အဖ ဦးဟန်ရင် နှင့် အမိ ဒေါ် ခင်မြိုင် တို့၏ သားသုံးယောက်အနက် အငယ်ဆုံးသားလည်း ဖြစ်သည်။၁၉၈၀ နောက်ပိုင်း နှင့် ၁၉၉၀ အစောပိုင်းကာလများသည် သူ၏ အအောင်မြင်ဆုံးကာလများ ဖြစ်ခဲ့ပြီး ပေါ့ သီချင်းအမျိုးအစားများကို သီဆိုခဲ့သူလည်းဖြစ်သည်။ သူသည် အ.ထ.က(၁)ဒဂုံတွင် ပညာသင်ကြားခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် သူ၏ ပထမဆုံး သီချင်း အယ်လဘမ် ကို စတင်လုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုမရရှိခဲ့ပါ။၁၉၈၅ တွင် မိုးသင်ဇာမြင့် နှင့် လက်ထပ်ခဲ့ပြီး ၁၉၈၈ တွင် ထုတ်ဝေခဲ့သော မင်းမရှိတဲ့နောက် သီချင်း အယ်လဘမ် နှင့် အောင်မြင်မှု ရရှိ ခဲ့သူလည်းဖြစ်သည်။ အောင်ရင် ၏ သားဖြစ်သူ မိုးအောင်ရင် မှာအောင်မြင်ကျော်ကြားသောမင်းသားတစ်ယောက်ဖြစ်သည်။ အောင်ရင်သည် သီချင်းခွေပေါင်း ၅၀ ကျော် သီဆိုခဲ့သူလည်းဖြစ်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads