ဆင်ဖြူကျွန်း အောင်သိန်း

From Wikipedia, the free encyclopedia

Remove ads

ဆင်ဖြူကျွန်း အောင်သိန်း (၁၀ နိုဝင်ဘာ ၁၉၂၈–၁၅ ဇူလိုင် ၂၀၂၁) သည် အမျိုးသားစာပေဆု၊ အမျိုးသားစာပေ တစ်သက်တာဆုများ ရရှိခဲ့သော မြန်မာ စာရေးဆရာတစ်ဦး ဖြစ်သည်။

အချက်တိုများ စည်သူဆင်ဖြူကျွန်းအောင်သိန်း, မွေးဖွား ...
Remove ads

ကိုယ်ရေး ဖြစ်စဉ်

မကွေးတိုင်း ဆင်ဖြူကျွန်းမြို့နယ်၊ ယမ်းဖိုကုန်းရွာဇာတိ ၁၉၂၈ ခုနှစ်၊ နိုဝင်ဘာလ ( ၁၀ ) ရက်နေ့တွင် အဖ ယာသမား ဦးရွှေစံ၊ အမိ ဒေါ်ငွေဇင်တို့မှ ဖွားမြင်သော သားသမီးလေးယောက် အနက် စတုတ်ထသား ဖြစ်သည်။ အမည်ရင်း ဦးကြည်အေး ဖြစ်သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက ဆင်ဖြူကျွန်းဒိစတြိတ်ကောင်စီ အထောက်အပံ့ခံ မူလတန်းကျောင်းနှင့် ဆင်ဖြူကျွန်း ဦးဖိုးသိန်း အလယ်တန်းကျောင်းတို့တွင် မူလတန်းနှင့် အလယ်တန်း ပညာများ သင်ခဲ့၏။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဆင်ဖြူကျွန်း ဆရာနွယ် အထက်တန်းကျောင်းတွင် အထက်တန်းပညာသင်ခဲ့၏။ ၁၉၅၅ တွင် ဂွတ္တလစ်ကျောင်းသားဂုဏ် အလွတ်ပညာသင်ကျောင်း၌ ဆက်လက်ပညာသင်ယူခဲ့ရာ ၁၉၅၇ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ခဲ့သည်။

၁၉၅၀ - ၁၉၅၁ တွင် မြေပြင်ပစ် အမြောက်ကြီးတပ် တပ်ရင်း (၁ ) ၌ တပ်သားအဖြစ် ၁၉၅၃ အထိ အမှုထမ်းသည်။

Remove ads

အနုပညာ

၁၉၅၁ ခုနှစ်တွင် ရွှေဇင် အမည်ဖြင့် တိုင်းသစ်ဂျာနယ်၌ ကဗျာများ ရေးသားခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ဆင်ဖြူကျွန်းအောင်သိန်း ကလောင် အမည်သို့ ပြောင်းလဲ ခဲ့သည်။

ထို့နောက် ၁၉၅၇ - ၅၈ တွင် ရုပ်ရှင်ပဒေသာ မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ၊ ၁၉၅၈ - ၅၉ တွင် ရုပ်ရှင် လောက၊ ယနေ့ရုပ်ရှင်နှင့် နတ်သျှင်နောင် စာစောင်တို့တွင် တာဝန်ခံအယ်ဒီတာ ၊ ၁၉၆၃ တွင် တံခွန်ဂျာနယ် အယ်ဒီတာ အဖွဲ့ဝင်၊ ၁၉၆၄ - ၆၅ တွင် ကာနယ်ဇင်း၌ တာဝန်ခံ အယ်ဒီတာ အဖြစ် အမှုထမ်းခဲ့၏။


ဆရာ ရေးသား ပြုစုခဲ့သော စာအုပ်မျိုးစုံ (၂၀၀) ကျော်ကို ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ဝတ္ထု၊ ဆောင်းပါး ပုဒ်ရေပေါင်း (၃၀၀၀) ခန့် ရေးသား ထုတ်ဝေခဲ့သည်။ ဆရာ ရေးသားခဲ့သော စာပေလက်ရာမွန်များ အနက် ကိုဆေးရိုး ဝတ္ထုများသည် အထင်အရှားဆုံးနှင့် လူကြိုက်အများဆုံး ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်တွင် ကိုဆေးရိုးဝတ္ထု အမှတ် (၄) ဖြင့် လည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် ကိုဆေးရိုးဝတ္ထု အမှတ် (၆) ဖြင့် လည်းကောင်း အမျိုးသားစာပေဆုများ ချီးမြှင့်ခံခဲ့ရသည်။ ထို့ပြင် ၁၉၉၈ ခုနှစ်တွင် (၂၀) ကြိမ်မြောက် အရှေ့တောင်အာရှစာပေဆု ချီးမြှင့်ခြင်းခံရသဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်၍ စာပေဆုကို လက်ခံရယူခဲ့သည်။

ဆရာသည် ၁၉၈၀ ပြည့်နှစ်မှ စ၍ စာပေလုပ်သားအဖွဲ့တွင် အမှုဆောင်ကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး သာကေတ မြို့နယ်စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့သည်။

မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ စာရေးဆရာ စာပေကလပ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂ၊ မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း၊ မြန်မာနိုင်ငံ စာပေ ဝါသနာရှင် အဖွဲ့အစည်းနှင့် ကမ်ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် ( မြန်မာနိုင်ငံ )တို့တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၅၁ - ၅၂ တွင် ‘ရွှေဇင်’ ကလောင် အမည်ဖြင့် တိုင်းသစ်ဂျာနယ်၌ ကဗျာများ စရေးခဲ့၏။ ၁၉၅၃ တွင် လူငယ်ဂျာနယ်၌ ‘ဆင်ဖြူကျွန်းအောင်သိန်း’ ကလောင်အမည်ဖြင့် ကဗျာများ စရေး၏။ ၁၉၅၃ သွေးသောက်မဂ္ဂဇင်းပါ ‘စွပ်ကြယ်’ သည် ဆင်ဖြူကျွန်းအောင်သိန်း၏ ပထမဆုံး ဝတ္ထုတို ဖြစ်သည်။ ‘လွမ်းယမုံဦး’ (၁၉၅၇) သည် ပထမဆုံး လုံးချင်းဝတ္ထု ဖြစ်သည်။


ကိုဆေးရိုး အဓိက ဇာတ်ဆောင်ပြု ဝတ္ထုတိုများ သည် သူ၏ ထင်ရှားသော ဝတ္ထုတိုများ ဖြစ်သည်။ ထိုဝတ္ထုတိုများကို စုပေါင်း၍ လေးတွဲ ထုတ်ခဲ့၏။ ‘ဂဠုန်ဆရာစံ’ (၁၉၆၅) ၊ ‘သွေးစွန်းသောလက်’ (၁၉၆၆) ၊ ‘လယ်သမားသူပုန်’ (၁၉၇၀)၊ ‘သတ်ရဲသည်သေရဲသည်’ (၁၉၆၉)၊ ‘နီရဲသောဗိုလ်ဥတ္တမ’ ( ၁၉၇၀ ) စသည့် ဝတ္ထုများနှင့် ‘နေမင်းလမင်းသိန်းရာထောင်’ (၁၉၆၅) ပြဇာတ်များကို ရေးခဲ့၏။ ၁၉၉၀ ပြည့်နှစ် အတွက် အမျိုးသားစာပေဆုကို ‘ကိုဆေးရိုး (၄)’ စာအုပ်ဖြင့် ဝတ္ထုတိုပေါင်းချုပ် ဘာသာရပ်ဖြင့် ရရှိခဲ့သည်။ ထို့ပြင် ၂၀ဝ၅ အတွက် အမျိုးသားစာပေ ဝတ္ထုရှည်ဆုကို ‘နေမင်းတစ်ထောင် (၈) တွဲ’ ဖြင့် ရရှိခဲ့သည်။ ၂၀ဝ၈ တွင် အမျိုးသားစာပေ တစ်သက်တာ ဆုကိုလည်း ရရှိခဲ့ပေသည်။ ဆင်ဖြူကျွန်းအောင်သိန်းသည် အမည်ရင်း ဦးကြည်အေးဖြင့်လည်း စာအုပ်များ ရေးခဲ့သည်။ အခြားထင်ရှားသော ကလောင်အမည်ပွားတစ်ခုမှာ ‘ဇင်အောင်’ ဖြစ်သည်။

Remove ads

ကွယ်လွန်ခြင်း

၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင်ဆရာကြီးသည် အသက်(၉၃)နှစ်ရှိပြီ ဖြစ်သည်။

ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ

  1. ကိုဆေးရိုး (၁) - ၁၉၆၃ ခုနှစ်
  2. ကိုဆေးရိုး (၂) - ၁၉၆၅ ခုနှစ်
  3. ကိုဆေးရိုး ဝတ္ထုတိုများ - ၁၉၇၃ ခုနှစ်
  4. ကိုဆေးရိုး (၄) - ၁၉၉ဝ ပြည့်နှစ်
  5. ကိုဆေးရိုး (၅) - ၁၉၉၃ ခုနှစ်
  6. ကိုဆေးရိုး (၆) - ၁၉၉၆ ခုနှစ်
  7. ကိုဆေးရိုး (၇) - ၂၀၀၁ ခုနှစ်
  8. ကိုဆေးရိုး (၈) - ၁၉၇၃ ခုနှစ်
  9. ကျေးလက်ရိုးရာ မြန်မာမှုဓလေ့များ (၁) - ၁၉၉၀ ပြည့်နှစ်
  10. ကျေးလက်ရိုးရာ မြန်မာမှုဓလေ့များ (၂) - ၁၉၉၀ ပြည့်နှစ်
  11. ချို - ၁၉၆၁ ခုနှစ်
  12. ချစ်ကြိုးကိုတဲ့ ခွေပါမယ် - ၁၉၆၃ ခုနှစ်
  13. ချစ်တာတစ်ယောက်တည်း - ၁၉၆၄ ခုနှစ်
  14. ချစ်တဲ့သူဘယ်မှာရှိတယ် - ၁၉၆၃ ခုနှစ်
  15. ချစ်တိုင်းလည်း မရပါ - ၁၉၆၃ ခုနှစ်
  16. ချစ်တယ်ဆိုတာများ - ၁၉၆၁ ခုနှစ်
  17. ချစ်တယ်ဆိုတဲ့မီး -
  18. ချစ်သံချိုမြ လွမ်းမောလှနှင့် - ၁၉၇၃ ခုနှစ်
  19. ဂဠုန်ဆရာစံ - ၁၉၆၅ ခုနှစ်
  20. ဂန္ထဝင်မြန်မာဒဏ္ဍာရီများ - ၁၉၆၆ ခုနှစ်
  21. ဂန္ထဝင်မြန်မာ ဒဏ္ဍာရီပုံပြင်များ - ၁၉၉၇ ခုနှစ်
  22. ဂန္ထဝင်မြန်မာ့ရိုးရာ ဒဏ္ဍာရီပုံပြင်များ - ၁၉၉၇ ခုနှစ်
  23. ဆင်ဖြူကျွန်းမိတ်ဆက် - ၂၀၀၀ ပြည့်နှစ်
  24. တပါးသူသာ နမ်းပါစေ - ၁၉၆၂ ခုနှစ်
  25. တပင်ကို နှစ်ပင်ယှက်တယ် - ၁၉၈၄ ခုနှစ်
  26. တလမ်းသွား - ၁၉၆၅ ခုနှစ်
  27. တသက်မှာ တခါပွင့်သောပန်း - ၁၉၆၃ ခုနှစ်
  28. တို့မြေယာ - ၁၉၆၂ ခုနှစ်
  29. ဓားရောင်ကဖွေး - ၁၉၆၇ ခုနှစ်
  30. နီရဲသော ဗိုလ်ဥတ္တမ - ၁၉၇၀ ပြည့်နှစ်
  31. နေမင်းလမင်း သိန်းရာဖောင် ပြဇာတ် - ၁၉၆၅ ခုနှစ်
  32. နှမမာန်လျှော့ပြန်ပါတော့ - ၁၉၆၁ ခုနှစ်
  33. ပန်းဆိုရင်မွှေးမှ ရေဆိုရင်အေးမှ - ၁၉၇၀ ပြည့်နှစ်
  34. ပန်းရိုင်းမလေးငိုရသူ - ၁၉၆၁ ခုနှစ်
  35. ဗျာပါရေးငယ်နဲ့ - ၁၉၆၂ ခုနှစ်
  36. ဘုန်းမေ့ကြောင့်ပန်း - ၁၉၆၅ ခုနှစ်
  37. မလေးလက်ခတ်သံ - ၁၉၆၃ ခုနှစ်
  38. မိုက်တုံးမိုက်ဆဲ - ၁၉၆၁ ခုနှစ်
  39. မေတ္တာမုန်တိုင်း - ၁၉၆၁ ခုနှစ်
  40. မေတ္တာရွှေစောင်းသံ - ၁၉၅၄ ခုနှစ်
  41. မုန်တိုင်းနီနီ - ၁၉၅၉ ခုနှစ်
  42. မုန်းကြိုးတရစ် ဖြေဦးလေ - ၁၉၆၄ ခုနှစ်
  43. မြင်မြင်ချင်း ချစ်တယ် - ၁၉၆၁ ခုနှစ်
  44. မြစ်တို့၏ သဘော - ၁၉၆၆ ခုနှစ်
  45. ရိုးရာပုံပြင်စာပေစာတမ်းများ - ၁၉၈၉ ခုနှစ်
  46. ရွှေညာသူ - ၁၉၆၁ ခုနှစ်
  47. ရွှေတံခါးကြီးဖွင့်လိုက်ပါ - ၁၉၇၄ ခုနှစ်
  48. လမင်းထက်နှစ်လေးသာ - ၁၉၇၁ ခုနှစ်
  49. လည်ယှက်ကာသူတို့လို -
  50. လယ်သမားသူပုန် - ၁၉၆၈ ခုနှစ်
  51. လွမ်းစောင်းသံနွမ်းလျမူး - ၁၉၇၃ ခုနှစ်
  52. လွမ်းပန်းမျက်ရည်မိုး - ၁၉၆၁ ခုနှစ်
  53. လွမ်းသူရဲ့ပွဲ - ၁၉၆၃ ခုနှစ်
  54. လွမ်းသစ္စာ - ၁၉၆ဝ ပြည့်နှစ်
  55. လှတန်ဆောင် - ၁၉၆၁ ခုနှစ်
  56. လှိုင်း - ၁၉၆၁ ခုနှစ်
  57. သဇင်တုံးကာမှ - ၁၉၆၁ ခုနှစ်
  58. သစ္စာရင်သွေး - ၁၉၆၁ ခုနှစ်
  59. သတ်ရဲသည် သေရဲသည် - ၁၉၆၁ ခုနှစ်
  60. သွေးစွန်းသောလက် - ၁၉၆၆ ခုနှစ်
  61. အကွပ်မဲ့ကြမ်း ပရမ်းပတာ - ၁၉၇၀ ပြည့်နှစ်
  62. အို မုန်းသူရယ် - ၁၉၇၀ ပြည့်နှစ်
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads