အောင်းပူ

From Wikipedia, the free encyclopedia

Remove ads

အောင်းပူ (အင်္ဂလိပ်: Latent heat) ဆိုသည်မှာ ကိန်းသေအပူချိန်ရှိသော ဖြစ်စဉ်တစ်ခုအတွင်း သာမိုဒိုင်းနမစ်စနစ်တစ်ခု (သို့) အရာဝတ္ထုတစ်ခုက စုပ်ယူ (သို့) လွှတ်လိုက်သော အပူစွမ်းအင်ဖြစ်၍ အင်္ဂလိပ်ဘာသာဖြင့် latent energy ၊ heat of transformation ဝေါဟာရများဖြင့်လည်း သိရှိကြသည်။

အရာဝတ္ထု၏ အပူချိန်ကို ပြောင်းလဲစေခြင်းမရှိဘဲ ၎င်း၏ အခြေအနေ (state; အသွင်) ကို ပြောင်းလဲစေရန် ပံ့ပိုးပေးသော (သို့) ထုတ်ယူလိုက်သော ပုန်းကွယ်အောင်းနေသည့် စွမ်းအင်အဖြစ် နားလည်နိုင်သည်။ ဥပမာဖြင့် တင်ပြရလျှင် ရေခဲ-ရေ-ရေငွေ့ တို့ အပြန်အလှန် အသွင်းပြောင်းရာတွင် အပူချိန်ကို မပြောင်းလဲစေဘဲ အသွင်ပြောင်းသွားရန်သာ လိုအပ်သော အပူအမျိုးအစားဖြစ်သည်။ နမူနာများမှာ အသွင်ပြောင်းလဲခြင်းများတွင် ဖြစ်ပျက် ပတ်သက်သော ပေါင်းစပ်ခြင်း အောင်းပူ (latent heat of fusion) နှင့် အငွေ့ပြန်ခြင်း အောင်းပူ (latent heat of vaporization) တို့ဖြစ်ကြသည်။ သတ်မှတ်ထားသော အပူချိန်၊ ဖိအားတစ်ခု၌ ငွေ့ရည်ဖွဲ့သော (သို့) အငွေ့ပြန်သော အရာဝတ္ထုမျိုးကို ဆိုလိုသည်။[][]

ဤဝေါဟာရ (latent heat) ကို ၁၇၆၂ ခန့်တွင် ဗြိတိသျှ ဓာတုဗေဒပညာရှင် ဂျိုးဇက် ဘလက်က စတင်မိတ်ဆက်သုံးစွဲခဲ့သည်။ လက်တင်စကားလုံး latere (ပုန်းအောင်းကွယ်) မှ ဆင်းသက်လာသည်။ ကိန်းသေအပူချိန်တစ်ခု၌ အရာဝတ္ထုတစ်ခုရှိ ထုထည်ကို အပူကူးပြောင်းခြင်းက ဖြစ်ပေါ်စေသည်ကို လေ့လာသော (တစ်နည်း အရာဝတ္ထတို့၏ အခြေအနေပြောင်းလဲမှုကို လေ့လာတိုင်းတာသော) ကာလရီမေတြီ (calorimetry) ပညာရပ်နှင့် ဆက်စပ်ပတ်သက်၍ ဘလက်က ဤဝေါဟာရကို သုံးစွဲခဲ့သည်။

အောင်းပူနှင့်မတူညီသော အပူတစ်မျိုးမှာ သိလွယ်အပူ (sensible heat) ဖြစ်၍ အရာဝတ္ထုတစ်ခုတွင် ရလဒ်အနေဖြင့် အပူချိန်ပြောင်းလဲမှုကို ဖြစ်စေသော ကူးပြောင်းပေးရသည့် အပူစွမ်းအင်ကို ဆိုလိုသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads