အော်ဒီကလုံး

ရေမွှေး From Wikipedia, the free encyclopedia

အော်ဒီကလုံး
Remove ads

အော်ဒီကလုံး (ပြင်သစ်: Eau de Cologne[မှတ်စု ၁]) သည် ဂျာမနီနိုင်ငံကိုလုန်းမြို့မှ အစပြုခဲ့သော ရေမွှေးဖြစ်၏။[] မူလရောစပ်မှုအား ဂျိုဟန် မာရီယား ဖာရီနာ ဆိုသူမှ ၁၇၀၉ ခုနှစ်တွင် ရှာဖွေဖော်စပ်ခဲ့သည်။ နောက်ပိုင်းတွင် ၎င်းအမည်သည် ရနံ့ဖော်မြူလာများအတွက် ယေဘူယျအသုံးအနှုန်းဖြစ်လာခဲ့သည်။[] အော်ဒီကလုံးတွင် အပျော့စား အီသနောလ် (၇၀-၉၀%) အခြေခံ၍ ရှောက်ပင်သံပရာပင်လိမ္မော်ပင်လိမ္မော်သီးဂရိပ်ဖရုပင်တောရှောက်ခါးပင်နှင့် အခြားသော သံပရာမျိုးဝင် အပင်နှင့် အသီးတို့ဖြင့် ရောစပ်ထားသည့် အဆီ ပါဝင်ပြီး လာဗင်ဒါ၊ ရို့စ်မယ်ရီ ၊ စမုန်ဖြူ၊ အော်ရီဂါနို၊ လိမ္မော်ရွက်၊ စံပယ်သံလွင်သံလွင်ဆီနှင့် ဆေးရွက်ကြီးတို့လည်း ပါဝင်နိုင်သည်။

Thumb
4711 အမှတ်တံဆိပ် အော်ဒီကလုံးအမျိုးအစား ရေမွှေး

မြန်မာစကားအသုံးအနှုန်းတွင်လည်း "အော်ဒီကလုံး" ဟူသော ဝေါဟာရသည် အချို့သော ရေမွှေးများအတွက် ယေဘုယျအသုံးအနှုန်းဖြစ်ပြီး ‘မူးဝေသောအခါ ရှူခြင်း၊ အမွှေးအကြိုင်အဖြစ် ဆွတ်ဖျန်းရခြင်း စသည် ပြုလုပ်ရသော ရေမွှေးတစ်မျိုး’[မှတ်စု ၂] ဟူ၍လည်း မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတွင် အဓိပ္ပာယ်ဖွင့်ဆိုထား၏။ ၎င်းအပြင် နာမည်ကြီး ရေမွှေးတစ်မျိုးမျိုးအား တုပထားသော ရနံ့ပြင်းအားနည်းပြီး ဈေးသက်သာသည့် ရေမွှေးများကိုလည်း ထိုသို့ ခေါ်ဆိုသုံးနှုန်းလေ့ရှိသည်။

Remove ads

သမိုင်း

Thumb
ဖာရီနာ၏ မူရင်း အော်ဒီကလုံး ဖော်မြူလာ (၁၈၁၁ ခုနှစ်)

မူရင်း အော်ဒီကလုံး သည် ၁၇၀၉ ခုနှစ်တွင် ကိုလုန်းမြို့ တွင်ထွက်ရှိခဲ့သော အရက်-သံပရာ ရနံ့နွယ်ဝင် ရေမွှေးဖြစ်ပြီး ဂျိုဟန် မာရီယား ဖာရီနာ (၁၆၈၅-၁၇၆၆) နှင့် အီတလီ ရေမွှေးထုတ်လုပ်သူ ဆန်တာ မာရီယား ဆိုသူတို့မှ ဖော်စပ်ခဲ့သည်။ ၁၇၀၈ ခုနှစ်တွင် ဖာရီနာ သည် ၎င်း၏အစ်ကိုဖြစ်သူထံ– "အီတလီနွေဦးနံနက်ခင်းတစ်ခုမှ မိုးရွာပြီးနောက် လိမ္မော်ပွင့်များ၏ မွှေးရနံ့တစ်ခုကို ကျွန်ုပ်တွေ့ရှိခဲ့တယ်" ဟူ၍ စာရေးသားပေးပို့ခဲ့သည်။[] သူ၏ နေရပ်အသစ်ကို ဂုဏ်ပြုသည့်အနေဖြင့် အော်ဒီကလုံး (Eau de Cologne) ဟု အမည်ပေးထားခြင်းဖြစ်သည်။[]

မူရင်း အော်ဒီကလုံး ၄၇၁၁ (Eau de Cologne 4711) ရေမွှေးသည် ၎င်း၏မူလအစပြုရာနေရာ၏ အိမ်နံပါတ်ကို အစွဲပြု၍ အမည်ပေးထားခြင်းဖြစ်သည်။ ၎င်းအား Wilhelm Mülhens ဆိုသူမှ ၁၈ ရာစုတွင် ဆန်းသစ်တီထွင်ခဲ့ပြီး အစောဆုံးအားဖြင့် ၁၇၉၉ ခုနှစ်မှ စတင်၍ ကိုလုန်းမြို့တွင် ထုတ်လုပ်ခဲ့သောကြောင့် ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံး အမွှေးနံ့သာများထဲမှ တစ်ခုဖြစ်လေသည်။

Remove ads

မှတ်စု

  1. ပြင်သစ်အသံထွက်: [o d(ə) kɔlɔɲ] ။ ဂျာမန်: Kölnisch Wasserဂျာမန် အသံထွက်: [ˈkœlnɪʃ ˈvasɐ] ။ မြန်မာဘာသာဖြင့် "ကိုလုန်းမြို့မှ ရေ" ဟု အဓိပ္ပာယ်ရသည်။
  2. ဝစ်ရှင်နရီရှိ အော်ဒီကလုံး အကြောင်း အဓိပ္ပာယ်ဖွင့်ဆိုချက်

ကိုးကား

ပြင်ပလင့်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads