အော်ရင်းနိုးကိုးမြစ်
ဗင်နီဇွဲလားနိုင်ငံနှင့် ကိုလံဘီယာနိုင်ငံရှိ မြစ် From Wikipedia, the free encyclopedia
Remove ads
အော်ရင်းနိုးကိုးမြစ်သည် တောင်အမေရိကတိုက်တွင် အကြီးဆုံးသောမြစ်တစ်မြစ် ဖြစ်သည်။ ဗင်နီဇွဲလားနိုင်ငံနှင့်ဘရာဇီးနယ်စပ်ရှိ ပါရီမာတောင်တန်းများကို မြစ်ဖျားခံ၍ ဗင်နီဇွဲလား နိုင်ငံအလယ်ပိုင်းကိုဖြတ်ပြီးလျှင်၊ အတ္တလန္တိတ် သမုဒ္ဒရာထဲသို့စီးဝင်သည်။ သမုဒ္ဒရာကမ်းခြေသို့ မရောက်မီ မိုင် ၁၁ဝ ခန့်တွင် အော်ရင်းနိုးကိုးမြစ်သည် ချောင်းပေါင်း ၅ဝ ကျော်တို့ဖြင့်ဖြာထွက်၍ စတုရန်းမိုင် ၅ယဝဝဝ ခန့်ကျယ်ပြန့်သော မြစ်ဝကျွန်းပေါ်ဒေသကို ဖြတ်သန်းစီးဆင်း သည်။
အော်ရင်းနိုးကိုးမြစ်သည် အလျားမိုင် ၁၄၈ဝ ခန့်ရှိ၍ ပင်လယ်ကူးသင်္ဘောများသည် မြစ်ဝမှ အထက်မိ်ုင် ၆၂ဝ တွင် တည်ရှိသော စယူဒတ်ဗိုးလီးဗားမြို့အထိ ဆန်တက်နိုင်သည်။ မြစ်ညာဘက်၌ရှိသော မိုင်းပူးရီးနှင့် အတူးရီးခေါ် ရေမှော်များ ရှိသောကြောင့် အထက်မြစ်ကြောင်း တစ်လျှောက်တွင်လည်း သင်္ဘောများ မိုင် ၅ဝဝ ခန့် ခုတ်မောင်းသွားလာနိုင်သည်။ မြစ်ဖျားမှအောက်ဘက် မိုင် ၁၅ဝ အကွာတွင် အော်ရင်းနိုးကိုး မြစ်မှ ခွဲထွက်စီးဆင်းသော ကက်စီကွီအာရီမြစ်သည် အမေဇုန် မြစ်လက်တက်ဖြစ်သော ရီအိုးနီဂရိုးမြစ်ထဲသို့ စီးဝင်လေသည်။ ထို့ကြောင့် အော်ရင်းနိုးကိုးမြစ်သည် အမေဇုန်မြစ်နှင့် ဆက်စပ်လျက်ရှိသည်။ ထင်ရှားသော မြစ်လက်တက်များမှာ လက်ယာဘက်မှစီးဝင်သော မြစ်လက်တက်များမှ ဗင်တူအာရီမြစ်၊ ကောရာမြစ်၊ ကရိုနီမြစ်တို့နှင့် လက်ဝဲဘက်မှစီးဝင်သော ဂွာဗီအာရီမြစ်၊ မီတာမြစ်၊ အပူးရီးမြစ်တို့ ဖြစ်ကြသည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads