အော်လ်တာမီရာလှိုဏ်ဂူနှင့် စပိန်နိုင်ငံမြောက်ပိုင်း ကျောက်ခေတ်ဟောင်း လှိုဏ်ဂူပန်းချီများ

သမိုင်းမတင်မှီခေတ်က အနုပညာလက်ရာရှိသော လှိုဏ်ဂူ From Wikipedia, the free encyclopedia

အော်လ်တာမီရာလှိုဏ်ဂူနှင့် စပိန်နိုင်ငံမြောက်ပိုင်း ကျောက်ခေတ်ဟောင်း လှိုဏ်ဂူပန်းချီများ
Remove ads

အော်လ်တာမီရာလှိုဏ်ဂူနှင့် စပိန်နိုင်ငံမြောက်ပိုင်း ကျောက်ခေတ်ဟောင်း လှိုဏ်ဂူပန်းချီများ ခေါင်းစဉ်အောက်တွင် ရှိသော နေရာများမှာ စပိန်နိုင်ငံ မြောက်ပိုင်းတွင် ရှိသော ဂူ ၁၈ ခု အား စုစည်းထားခြင်းဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၃၅,၀၀၀ နှင့် ၁၁,၀၀၀ အတွင်း ကျောက်ခေတ်ဟောင်း ခေတ်နှောင်းအတွင်း လှိုဏ်ဂူပန်းချီ၏ အထွဋ်အထိပ် ဖြစ်သည်။ ၎င်းတို့အား စုပေါင်း၍ ယူနက်စကို မှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ၂၀၀၈ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။

အချက်တိုများ အော်လ်တာမီရာလှိုဏ်ဂူနှင့် စပိန်နိုင်ငံမြောက်ပိုင်း ကျောက်ခေတ်ဟောင်း လှိုဏ်ဂူပန်းချီများ*, UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ ...

ထိုလှိုဏ်ဂူများထဲတွင် အဓိက လိုဏ်ဂူမှာ အော်လ်တာမီယာ လှိုဏ်ဂူဖြစ်ပြီး ကန်တာဘရီးယားရှိ ဆန်တီလာနာ ဒဲလ်မာမြို့တွင် တည်ရှိသည်။ ၎င်းသည် သမိုင်းမတင်မီခေတ်၏ အရေးအပါဆုံးသော ပန်းချီရေးဆွဲမှု ကာလများတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ကျောက်ခေတ်ဟောင်း ခေတ်နှောင်း၏ မက်ဂ်ဒါလဲနီးယန်းခေတ် နှင့် ဆိုလူထရီးယန်းခေတ်တို့တွင် အစပြုသည်။ ထိုဂူ၏ အနုပညာ စတိုင်မှာ ဖရန်ကို-ကန်တာဘရိုင်ယန် ပုံစံကို ဖော်ပြနေပြီး ပုံများကို ဖော်ပြရာတွင် သရုပ်မှန် သွင်ပြင်လက္ခဏာ ရှိသည်။ အော်လ်တာမီယာ လှိုဏ်ဂူအား ၁၉၈၅ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ကြေညာခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်နေရာ သတ်မှတ်ခြင်းကို တိုးချဲ့ခဲ့ပြီး စပိန်နိုင်ငံမြောက်ပိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ သုံးခု ဖြစ်သော အက်စတူရီးယပ်စ်၊ ကန်တာဘရီးယား နှင့် ဘတ်စ် ကန်းထရီး တို့တွင်ရှိသော နောက်ထပ် လှိုဏ်ဂူ ၁၇ ခု ကို ထပ်မံထည့်သွင်းခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads