အေးကျော် (သမိုင်းပညာရှင်)

From Wikipedia, the free encyclopedia

အေးကျော် (သမိုင်းပညာရှင်)
Remove ads

ဒေါက်တာအေးကျော် (၁၉၃၆ ဒီဇင်ဘာ ၃၀ - ၂၀၁၂ ဇန္နဝါရီလ ၁၉) သည် ရခိုင်လူမျိုး သမိုင်း ပညာရှင်တဦးဖြစ်သည်။ ဒေါက်တာအေးကျော်ကို ၁၉၃၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွဲချောင်း ရွာမ ရွာသစ် တွင် မွေးဖွားခဲ့သည်။ အဘ ဦးမောင်လူ၊ အမိ ဒေါ်လှဝင်းဦးတို့မှ မွေးဖွားခဲ့ပြီး အငယ်ဆုံးသားဖြစ်သည်။

Thumb
သမိုင်းပညာရှင် ဒေါက်တာအေးကျော်

ဆည်းပူးရရှိခဲ့သော ပညာရပ်ဆိုင်ရာ ဘွဲ့များ

  1. B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊
  2. B.A (Honors) Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊
  3. M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) ၊
  4. B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊
  5. PhD (History of Southeast Asia) Monash University. Australia. 1979 စသည့် ဘွဲ့များကို ရရှိခဲ့သည်။

လုပ်ကိုင်ခဲ့သော တာဝန်များ

  1. ကထိက (သမိုင်းဌာန) ရန်ကုန်တက္ကသိုလ်(၁၉၆၂-၁၉၈၀) ။
  2. တွဲဖက် ပါမောက္ခ (သမိုင်းဌာန) ဖယတ် တက္ကသိုလ်၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ (၁၉၈၂-၈၄) ။
  3. ကထိက (ခေတ်သစ် ဘာသာဗေဒနှင့် သဒ္ဒဗေဒ ဌာန) ကော်နဲ တက္ကသိုလ်၊ နယူးယောက်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၈၄- ၈၉)။
  4. ဘာသာပြန် ကျွမ်းကျင်သူ ( သက္ကတစာပေ ဌာန) ဟားဗတ် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၁-၀၂) ။
  5. တွဲဖက် ပါမောက္ခ (သက်ကြီးများအတွက် စဉ်ဆက်မပြတ် ပညာသင်ကြားရေး အစီအစဉ်) နယူးယောက် တက္ကသိုလ်၊ အမေရိကန်ပြည်ထောင်စု၊ (၁၉၉၃- ၉၅) ။
  6. တွဲဖက်ပါမောက္ခ (အာရှသုတေသန ဌာန) နယူးယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု (၁၉၉၆- ၉၉)၊
  7. လွတ်လပ်သော အာရှအသံ (R.F.A) မြန်မာပိုင်း အစီအစဉ်တွင် အကြံပေး အယ်ဒီတာ (၃နှစ်ခန့်)အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ယခုအခါ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အငြိမ်းစားယူ၍ မြန်မာ့အရေးဆိုင်ရာများကို ဆောင်ရွက် နေထိုင်လျက်ရှိသည်။

၁၉၇၈ ခုနှစ်တွင် ဩစတြေးလျနိုင်ငံ မိုနာ့ချ် တက္ကသိုလ်မှပေးအပ်သော သမိုင်းဆိုင်ရာ ပါရဂူဘွဲ့ကို ရရှိခဲ့သည်။ ထို့ပြင် ၁၉၇၁ ခုနှစ်တွင် မြန်မာနိုင်ငံ အမျိုးသား ပညာရေးသမိုင်း စာအုပ်ဖြင့် အမျိုးသား စာပေဆု ရရှိခဲ့သည်။


Remove ads

ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များ

  1. ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၆၈)
  2. မြန်မာနိုင်ငံ အမျိုးသားပညာရေးသမိုင်း (၁၉၇၀) စာအုပ် (၁၉၇၁ခုနှစ်အတွက် အမျိုး သားစာပေဆုရ)
  3. ရခိုင်လူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၇၃)
  4. On the Birth of Modern Family Law in Burma and Thailand. Singapore (1990)
  5. The Voice of young. Cornell University, March 1990
  6. Code and Custom in Burma and Thailand. Scotland. 1993
  7. Red Peacock

[]

ဘဝနိဂုံး

အမေရိကန်နိုင်ငံတွင် နေထိုင်သော ဆရာကြီး ဒေါက်တာအေးကျော်သည် ၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၁၉ ရက်နေ့ အမေရိကန် စံတော်ချိန် ညနေ ၆နာရီ ၃၀ မိနစ်တွင် အသဲကင်ဆာ ရောဂါဖြင့် ကွယ်လွန်သွားသည်။[] ကွန်လွန်ချိန်တွင် အသက် ၇၈ နှစ်ရှိပြီဖြစ်ပြီး ဇနီးဒေါ်ထွေးယဉ် ရန်ကုန် တက္ကသိုလ်(တွဲဖက် ပါမောက္ခ၊ ဒဿနိက ဌာန – အငြိမ်းစား) နှင့် သား ၃ ယောက်၊ သမီး ၃ ယောက် ကျန်ရှိခဲ့သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads