အဲလ် ဂျာဇီးယား
From Wikipedia, the free encyclopedia
Remove ads
"အဲလ်ဂျာဇီးယား" ဆိုသည်မှာအာရေဗျဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ရုပ်မြင်သံကြားလိုင်းတစ်ခု ဖြစ်ပြီး၊ ၎င်းကို ကာတာနိုင်ငံမှ ငွေကြေးထောက်ပံ့ ထုတ်လွှင့်ကာ၊ မိခင်ဌာနမှာ ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် တည်ရှိသည်။ အဲလ်ဂျာဇီးယား၏ အဓိပ္ပာယ်မှာ အာရေဗျဘာသာဖြင့် "အာရေဗျမှကျွန်း" ဟု အဓိပ္ပာယ် ရရှိလေသည်။ အရှေ့အလယ်ပိုင်းတွင် တစ်ခုတည်းသော လွတ်လပ်သည့်သတင်းကွန်ရက်တစ်ခု ဖြစ်သောကြောင့် ထိုအမည်ကို ပေးခဲ့ကြသည်။ ပထမတွင် အာရေဗျဒေသတစ်ခုအတွင်းသာ ထုတ်လွင့်သော ဂြိုဟ်တုရုပ်သံလိုင်းတစ်ခုဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် အချက်အလက်ဆိုင်ရာများ၊ အစည်းအဝေးများ၊ အားကစားများကို အင်္ဂလိပ်ဘာသာများဖြင့် ထုတ်လွှင့်နေသော ရုပ်သံလိုင်းတစ်ခုဖြစ်လာသည်။
မူလအဲလ်ဂျာဇီးယားလိုင်းတစ်ခုတွင်ပင် အခြားသတ်မှတ်ထားသည့်အကြောင်းအရာများအား ထုတ်လွင့်သော လိုင်းများစွာ ရှိသေးသည်။
Remove ads
သမိုင်း
ပထမ အဲလ်ဂျာဇီးယားရုပ်သံလိုင်းကို ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကာတာနိုင်ငံ၏အိမ်ရှေ့မင်းသားမှ အမေရိကန်ဒေါ်လာ သန်း ၁၅၀ အကုန်အကျခံခဲ့သည်။ ၁၉၉၆ခုနှစ် ဧပြီလတွင်း အာရေဗျဘာသာဖြင့် ထုတ်လွှင့်နေသော ဘီဘီစီ ရုပ်သံလိုင်းပိတ်ခဲ့သည်။ ဤလိုင်းကို ဆော်ဒီအာရေဗျမှ တစ်စိတ်တစ်ပိုင်းအားဖြင့် ပိုင်ဆိုင်ခဲ့သည်။ ထို့ကြောင့် ဘီဘီစီ သတင်းဌာနမှ ဂျာနယ်ဆရာ သတင်းထောက်များသည် အဲလ်ဂျာဇီးယား ရုပ်သံလိုင်းနှင့် စတင်လက်တွဲ လုပ်ကိုင်လာခဲ့ကြသည်။ ထို့နောက် ၁၉၉၆ ခုနှစ် အကုန်တွင် စတင်အသံလွှင့်ခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် ထိုဒေသတစ်ဝိုက်လုံးတွင် အဲလ်ဂျာဇီးယားရုပ်သံလိုင်းသည်သာ ဂြိုဟ်တုမှတစ်ဆင့် ထုတ်လွင့်နိုင်သည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads