အ.ထ.က(၂)လသာ

From Wikipedia, the free encyclopedia

အ.ထ.က(၂)လသာ
Remove ads

အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ လသာ သည် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်တွင် တည်ရှိသည်။ ယခင်က စိန့်ဂျွန်းကွန်ဗင့် (St. John's Convent School) ဟူ၍အမည်တွင်ခဲ့သည်။ ၁၉၆၆ ခုနှစ်မှစ၍ ပြည်သူပိုင်သိမ်းပြီးနောက် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ လသာမြို့နယ်အဖြစ် တည်ရှိသည်။ ဗြိတိသျှ အစိုးရလက်ထက်တွင် တည်ထောင်သော ခရစ်ယာန်သီလရှင် အမျိုးသမီးကျောင်း ဖြစ်သည်။

အချက်တိုများ အ.ထ.က (၂) လသာ, လိပ်စာ ...
အချက်တိုများ
Remove ads

ကျောင်းအုပ်ဆရာမကြီးများ

  • ဒေါ်မြူရီရယ်ထွန်းကျော် (၁၉၆၆-၁၉၈၀)
  • ဒေါ်တင်တင် (၁၉၈၀-၁၉၈၇)
  • ဒေါ်နမ်းနွမ် (၁၉၈၇-၁၉၉၃)
  • ဒေါ်ဝင်းကြည် (၁၉၉၃-၁၉၉၆)
  • ဒေါ်ခင်အုန်းမြင့် (၁၉၉၆-၂၀၀၇)
  • ဒေါက်တာ သိင်္ဂီကျော် (၂၀၀၇-၂၀၁၇)
  • ဒေါက်တာ နန်းသန်းသန်းစိန် (၂၀၁၇-ယခု)

လသာရတနာဘွဲ့

လသာရတနာဘွဲ့ဆိုသည်မှာ အ.ထ.က (၂) လသာတွင် စာတော်ထူးချွန်သော ကျောင်းသူများကို ဆုချီးမြင့်သည့် ဘွဲ့ဖြစ်သည်။ ထိုကျောင်းသူများသည် မူလတန်းမှ ဒသမတန်းအထိ နှစ်စဉ်ကျရှုံးမှု မရှိ၊ လသာ၂ကျောင်းတွင် တက်ရောက်သူဖြစ်ပြီး ပညာအရည်အချင်း ထူးချွန်ပြီး လူမှုရေး၊ အကျင့်စာရိတ္တနှင့် အသင်းလိုက်-အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုများတွင် ထူးချွန်ကာ တက္ကသိုလ်ဝင် စာမေးပွဲတွင်လည်း တစ်နိုင်ငံလုံးအနေဖြင့် ထူးချွန်အဆင့်ဝင်သူသော ကျောင်းသူများကိုသာလျှင် လသာ ရတနာဘွဲ့ ချီးမြင့်ပေးအပ်သည်။[]

Remove ads

ကျောင်းသူဟောင်းများ

  • ခင်ဆွေဦး = စာရေးဆရာမကြီး
  • ဒေါ်တင်ဇာမော်နိုင် = ဒေါက်တာဘမော်၏ သမီးကြီး၊ ဒေါက်တာဘမော် Foundation ၏ တည်ထောင်သူ၊ ဥက္ကဋ္ဌ []
  • ဒေါက်တာလဲ့မျိုးသွယ် = A Member of Australian Institute of Medical Scientists []
  • မိမိခိုင် = စာရေးဆရာမ[]
  • Mohana Gill = စာရေးဆရာမ[]
  • မဝင်းမော်ဦး = ၈၈၈၈ ချီတက် ဆန္ဒပြပွဲတွင် ဝင်ရောက်ဆင်နွဲခဲ့ပြီး၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် အခင်းဖြစ်ရပ်မှ ဆေးရုံတွင် ကုသမှုခံယူနေစဉ် ကျဆုံးခဲ့သော ကျောင်းသူလေး
  • Mitzi Tun Maung = မြန်မာစကားပြန် (An official Burmese Language Interpreter) []
  • Kyi Kyi Prindiville: United States Information Service (USIS)၏ စာကြည့်တိုက်မှူး (Librarian) []
  • ကြည်ဖြူသျှင် = ဗီဒီယို ဒါရိုက်တာ၊ ရုပ်ရှင်ဒါရိုက်တာ []
  • မေသက်ခိုင် = မင်းသမီး[၁၀]
  • ရတနာမိုင် = မင်းသမီး၊ အဆိုတော် [၁၀][၁၁]
  • ပွင့် = မင်းသမီး[၁၀]
  • ခင်မဉ္ဇူခိုင် = မင်းသမီး[၁၀]
  • ဝါဆိုမိုးဦး = မင်းသမီး [၁၂]
  • ခွန်းဆင့်နေခြည် = အလှမယ် [၁၃][၁၄]
  • ဂျင်းနီ = အဆိုတော်၊ အလှမယ် [၁၅]

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads