ဣဒ္ဓိပါဒသုတ်
From Wikipedia, the free encyclopedia
Remove ads
(၄)သုတ် ရှိပါသည်။
[၁] ဣဒ္ဓိပါဒ်လေးပါးသည် အသင်္ခတတရားသို့ရောက်ကြောင်း လမ်းစဉ်ဖြစ်ပုံကို ဟောတော်မူသည့်သုတ်။
[၂] ရာဂကိုထူးသောဉာဏ်ဖြင့်သိရန် ဣဒ္ဓိပါဒ်လေးပါးကို ပွားများရမည်-ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၃] ဣဒ္ဓိပါဒ်လေးပါးကို ပွားများ, ကြိမ်ဖန်များစွာ အလေ့အလာပြုသူ ဘိက္ခု၊ ဘိက္ခုနီ မည်သူမဆို ယခုဘဝ၌ပင် အရဟတ္တဖိုလ်နှင့် ကိလေသာကြွင်းကျန်သေးလျှင် အနာဂါမ်အဖြစ်ဟူသော အကျိုး ၂-ပါးတို့တွင် တစ်ပါးပါးကို မချွတ်ဧကန်ရလိမ့်မည်ဟု မျှော်လင့်ထိုက်၏ဟု ဟောတော်မူသည့်သုတ်။
[၄] လွန်ကဲထက်သန်သောဝီရိယလျှင် ငါးခုမြောက်ရှိသောဣဒ္ဓိပါဒ်လေးပါးတို့ကို ပွားများခြင်း, ကြိမ်ဖန်များစွာ အလေ့အလာပြုတော်မူခဲ့ခြင်းကြောင့် အလောင်းတော် ဘဝမှ ဘုရားရှင်အဖြစ်သို့ ရောက်တော်မူခဲ့ပုံ၊ အလိုရှိခဲ့ပါမူ ထိုထိုအရာ၌ပင် သက်သေ အဖြစ် ရောက်တော်မူပုံကို ဟောတော်မူသည့်သုတ်။ [၅]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads