ဥဂ္ဂသူကြွယ်

From Wikipedia, the free encyclopedia

Remove ads

ဥဂ္ဂသူကြွယ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် နှစ်သက်ဖွယ်သော ဝတ္ထုကို လှူလေ့ရှိသည့် ဥပါသကာတို့တွင် အသာဆုံး၊ အမြတ်ဆုံး ဧတဒဂ်ကို ရခဲ့သည်။ မြတ်စွာဘုရားကို ပထမအကြိမ် ဖူးတွေ့ရုံဖြင့် သောတာပန် ဖြစ်လေသည်။[]

ဘုရားရှင်အား လှူဒါန်းခြင်း

ဥဂ္ဂသူကြွယ်သည် ဝေသာလီပြည်၌ သူဌေးဖြစ်၏။ သူဌေး၏ ကိုယ်ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံနှင့် ဂုဏ်ကျေးဇူးတို့သည် ကျော်ကြား၏။ ဥဂ္ဂသူကြွယ်သည် မြတ်စွာဘုရားကို မိမိအိမ်သို့ ကြွရောက်ရန် စိတ်အကြံဖြစ်၏။ မြတ်ဗုဒ္ဓလည်း ကြွတော်မူ၏။ ထိုအခါ ရဟန်းသံဃာတို့အား အရသာအမျိုးမျိုးဖြင့် လုပ်ကျွေး၏။ ထိုအခါ မြတ်စွာဘုရားသည် "မနာပဒါယီ လဘတေ မနာပံ" ဟူသည့်တရားကို နာကြားရ၏။ (မနာပဒါယီ လဘတေ မနာပံ = နှစ်ခြိုက်ဖွယ် ဝတ္ထုကို ပေးလှူသူသည် နှစ်ခြိုက်ဖွယ် ဝတ္ထုကို ရ၏။) မြတ်စွာဘုရားအား အင်ကြင်းပွင့် အဆင်းရှိသော ခဲဖွယ်ကို အလှူခံရန် လျှောက်၏။ ထို့နောက် ဆီးသီးဖြင့် စီမံထားသော ကန်စွန်းရွက် ဆီပြန်ကြော်၊ သလေးဆွမ်း၊ ကာသိတိုင်းဖြစ် အဝတ်၊ ပလ္လင်၊ မွှေးရှည်ကော်ဇော၊ ပန်းပြောက်ခြယ် သားမွေးအခင်း၊ ဝံပိုင်ရေအခင်း၊ နီသော မျက်နှာကြက်နှင့် အုံးနီနှစ်ဖက်ရှိသော နေရာ၊ အဖိုးတစ်သိန်းတန်သော စန္ဒကူးနှစ် ထိုင်ခုံ စသည်တို့ကို အလှူခံရန် လျှောက်၏။ မြတ်စွာဘုရားသည် အလှူခံတော်မူ၏။ ထိုအချိန်မှစ၍ ဥဂ္ဂသူဌေးသည် မိမိနှစ်ခြိုက်ရာ လှူဖွယ်တို့ဖြင့် ရဟန်းသံဃာတို့ကို လှူဒါန်း၏။[]

Remove ads

ဧတဒဂ်ရခြင်း

ဘုရားရှင်သည် ဥဂ္ဂသူကြွယ်ကို နှစ်သက်ဖွယ်သော လှူဖွယ်တို့ဖြင့် လှူလေ့ရှိသည့် ဥပါသကာတို့တွင် အသာဆုံး၊ အမြတ်ဆုံး ဧတဒဂ် ပေးတော်မူခဲ့၏။ ဥဂ္ဂသူဌေးသည် သေလွန်သောအခါ သုဒ္ဓါဝါသဗြဟ္မာ့ဘုံတွင် ဗြဟ္မာ ဖြစ်၏။[]

ဥဂ္ဂသူကြွယ်၏ အံ့ဖွယ်ရှစ်ပါး

  1. ဘုရားရှင်ကို ဖူးတွေ့ရသည်နှင့် တပြိုင်နက် အကြွင်းမဲ့ ယုံကြည် ကြည်ညိုခြင်း။
  2. မြတ်စွာဘုရားကို ပထမဆုံးအကြိမ် ဖူးတွေ့ တရားနာရ၍ အနာဂါမ်အရိယာဖြစ်ကာ လောကုတ္တရာ သရဏဂုံနှင့်တကွ ဗြဟ္မစရိယပဉ္စမကသီလကို ခံယူဆောက်တည် ကျင့်သုံးခြင်း။
  3. မယားကြီးကို သူတပါးအား လှူဒါန်းပေးစားလိုက်ရသော်လည်း စိတ်ထဲတွင် ဖောက်လွဲဖောက်ပြန်မှု မရှိခြင်း။
  4. မိမိ၏ စည်းစိမ်ရှိသမျှသည် သီလဝန္တပုဂ္ဂိုလ်မြတ်တို့နှင့် မခွဲခြားဘဲ ဆက်ဆံကုန်၏၊ သက်ဆိုင်ကုန်၏ဟု စိတ်ထားရှိခြင်း။
  5. ရဟန်းသူမြတ်တို့ကို ရိုသေစွာ ဆည်းကပ် ပြုစုခြင်း။
  6. ရဟန်းသူမြတ်တို့ တရားဟောလျှင် ရိုသေစွာ နာယူခြင်း။ ရဟန်းသူမြတ်တို့က တရားမဟောပါက မိမိက ဟောခြင်း။
  7. ငါ့ထံသို့ နတ်တို့ ချဉ်းကပ်ကုန်၏။ ငါတို့သည် နတ်တို့နှင့် အတူတကွ စကားပြောရ၏ဟု စိတ်မတက်ကြွခြင်း။
  8. အနာဂါမ် အရိယာ ဖြစ်ခြင်း။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads