ဥဇဘက်ကစ္စတန်နိုင်ငံ

From Wikipedia, the free encyclopedia

ဥဇဘက်ကစ္စတန်နိုင်ငံ

ဥဇဘက်ကစ္စတန်နိုင်ငံသည် အာရှအလယ်ပိုင်းတွင် ရှိသော နှစ်ထပ် ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။

အချက်တိုများ ဥဇဘက်ကစ္စတန် Republic of Uzbekistan O‘zbekiston RespublikasiЎзбекистон РеспубликасиO'zbekstan Respublikası, မြို့တော် ...
ဥဇဘက်ကစ္စတန်
Republic of Uzbekistan
O‘zbekiston Respublikasi
Ўзбекистон Республикаси
O'zbekstan Respublikası
Thumb
အလံတော်
Thumb
အမှတ်တံဆိပ်
နိုင်ငံတော် သီချင်း: WAP By Cardi B
Thumb
မြို့တော်တရှကင့်မြို့
အကြီးဆုံးမြို့တရှကင့်မြို့
ရုံးသုံး ဘာသာစကားများဥဇဘက်
အမျိုးအစားပါလီမန် သမ္မတနိုင်ငံ
အစိုးရ
 သမ္မတ
Shavkat Mirziyayev
တည်ထောင်
 လွတ်လပ်ရေး ကြေညာခြင်း
(ဆိုဗီယက်မှ)
စက်တင်ဘာ ၁၊ ၁၉၉၁
ဧရိယာ
 စုစုပေါင်း
၁၇၂,၇၄၂ စတုရန်းမိုင် ( ၄၄၇,၄၀၀ km²) (အဆင့်: ၅၆)
 ရေထု (%)
၄.၉
လူဦးရေ
 ခန့်မှန်း
၂၇,၆၀၆,၀၀၇[] (အဆင့် - ၄၅)
 သိပ်သည်းမှု
၁၃၆/km² (၁၅၉.၁/sq mi) (အဆင့် - ၁၃၆)
GDP (PPP)ခန့်မှန်း
 စုစုပေါင်း
၉၆.၁၈၈ ဘီလီယံ []
 Per capita
US $၅,၀၁၅[]
HDI ၀.၆၁၇[]
အလယ် · ၁၀၂
ငွေကြေးဥဇဘက်ကစ္စတန် ဆုမ်
အချိန်ဇုန်+၅
တယ်လီဖုန်းကုဒ်+၉၉၈
Internet TLD.uz
ပိတ်ရန်

ဥဇဗက် ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံ (သို့မဟုတ်) ဥဇဗက်ကစ္စတန်နိုင်ငံသည် ဆိုဗီယက်ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတနိုင်ငံ(ရုရှားနိုင်ငံ)တွင် ပါဝင်သော ဆိုဗီယက်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဖြစ်သည်။ အာရှတိုက်အလယ်ပိုင်းရှိ ဆိုဗီယက် ဆိုရှယ်လစ်သမ္မတနိုင်ငံတို့တွင် လူဦးရေ အများဆုံးနိုင်ငံ ဖြစ်၍၊ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၁၇၃၅၄၆ ရှိသည်။ မြောက်ဘက်တွင် ကာဇက်စတန်နိုင်ငံ၊ အရှေ့ဘက်တွင် ကာဂျစ္စတန်နိုင်ငံနှင့် တာဂျစ်ကစ္စတန်နိုင်ငံ၊ အနောက်ဘက်တွင် တာ့ခ်မင်နစ္စတန်နိုင်ငံ စသော ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံများနှင့် တောင်ဘက်တွင် အာဖဂန်နစ္စတန်နိုင်ငံ တို့ အသီးအသီး တည်ရှိကြသည်။

အာရှတိုက်အလယ်ပိုင်းတွင် တာကီစတန်ဒေသဟူ၍ ရှိရာ ၁၈၆ဝ နှင့် ၁၈၇ဝ ပြည့်နှစ်များအတွင်းက ရုရှားတို့သည် အနောက်တာကီစတန်ကို သိမ်းယူခဲ့ကြလေသည်။ အရှေ့ တာကီစတန်သည် တရုတ်နိုင်ငံ နယ်နမိတ်ထဲတွင် ကျရောက် လျက်ရှိသည်။ ၁၉၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် တာကီစတန်၊ ခီဗာနှင့် ဗူခါးရား နယ်မြေများ ပါဝင်စေလျက် ဥဇဗက် ဆိုဗီယက်ဆိုရှယ်လစ် သမ္မတနိုင်ငံကို ဖွဲ့စည်းတည်ထောင်ခဲ့ လေသည်။ ၁၉၂၅ ခုနှစ် မေလတွင် ဆိုဗီယက်ပြည်ထောင်စု ထဲ၌ သမ္မတနိုင်ငံတစ်ခုအဖြစ် ပါဝင်ခဲ့သည်။

ဥဇဗက်ကစ္စတန်နိုင်ငံတွင်း၌ မြေဩဇာ ထက်သန်သော ဖားဂါးနားချိုင့်ဝှမ်း တည်ရှိသည်။ ထိုဒေသတွင် ဆားဒါယာမြစ်မှ ရေသွင်း၍ ဝါ၊ သစ်သီးနှင့် ဆန်စပါးတို့ကို အကြီးအကျယ် စိုက်ပျိုးသည်။ ဥဇဗက်ကစ္စတန်နိုင်ငံသည် ဆိုဗီယက် ပြည်ထောင်စုနိုင်ငံတွင် ဝါအများဆုံးထွက်သော နိုင်ငံဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စု ထွက် ဝါ ၆ဝ% ကို ဥဇဗက် ကစ္စတန်နိုင်ငံမှရရှိသည်။ လူဆန်ပဲပင်၊ ဆန်စပါး၊ စပျစ်သီးနှင့် ဗင်္ဂလား ဆီးသီးတို့ကိုလည်း စိုက်ပျိုးသည်။

နိုင်ငံ၏အနောက်ပိုင်းတွင် မြင်း၊ သိုးစသော တိရစ္ဆာန် များကို မွေးမြူကြသည်။ အထူးသဖြင့် တာရာကား သိုးမျိုးကို အကြီးအကျယ်မွေးမြူသော နိုင်ငံဖြစ်သည်။ ဥဇဗက်ကစ္စတန် နိုင်ငံသည် တွင်းထွက်ပစ္စည်း ကြွယ်ဝ သောနိုင်ငံလည်း ဖြစ်၍ ကြေးနီ၊ ရေနံနှင့် ကျောက်မီးသွေး ထွက်သည်။ အာရှတိုက် အလယ်ပိုင်းတွင် စက်မှု လုပ်ငန်း၌ အတိုးတက်ဆုံးနိုင်ငံ ဖြစ်သည်။ တက်ရှကင့်မြို့တော်တွင် အထည်အလိပ်စက်ရုံ၊ စိုက်ပျိုးရေးကိရိယာ စက်ရုံ၊ သားရေစက်ရုံစသော စက်ရုံများ ရှိသည်။ နိုင်ငံတွင်း၌ ဘိလပ်မြေစက်ရုံ၊ စက္ကူစက်ရုံ၊ သံနှင့် သံမဏိ စက်ရုံ၊ ရေနံချက်စက်ရုံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ အစရှိသော စက်ရုံ မြောက်မြားစွာ ရှိသည်။

တက်ရှကင့်မြို့သည် ဥဇဗက်ကစ္စတန်နိုင်ငံ၏ မြို့တော်ဖြစ်၍ အာရှတိုက်အလယ်ပိုင်းရှိ ဆိုဗီယက်ပြည် ထောင်စုမြို့တွင်လည်း အကြီးဆုံးမြို့ဖြစ်သည်။ လူဦးရေ ၁၃၈၅ဝဝဝ (၁၉၇ဝ)ရှိသည်။ အခြားထင်ရှားသော မြို့များမှာ ဗူခါးရားမြို့၊ ခီဗာမြို့၊ ခိုကန်း မြို့နှင့် ဆမာကန်းမြို့များ ဖြစ်သည်။ ဆမာကန်းမြို့သည် ၁၉၃ဝ ပြည့်နှစ်အထိ ဥဇဗက်ကစ္စတန်နိုင်ငံ၏မြို့တော် ဖြစ်ခဲ့ဘူးသည်။ တစ်ဆဲ့ကိုးရာစုနှစ်တွင် ရုရှားတို့ ဝင်ရောက်မလာမီက ဥဇဗက် လူမျိုးတို့သည် အာရှတိုက်အလယ်ပိုင်းဒေသ၌ ကြီးစိုးခဲ့သည်။ ဥဇဗက်လူမျိုးသည် တူရကီတို့၏ အဆက်အနွယ်ဖြစ်၍ အစ္စလာမ်အယူဝါဒီများ ဖြစ်သည်။ ဥဇဗက်ကစ္စတန်နိုင်ငံတွင် လူဦးရေ ၁၁၉၆ဝဝဝဝ (၁၉၇ဝ) ရှိသည်။ []

Thumb
Xiva

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.