ဥဏ္ဏာဘဗြာဟ္မဏသုတ်

From Wikipedia, the free encyclopedia

Remove ads

(၂)သုတ် ရှိပါသည်။

[] ကောသလနိုင်ငံ၊ သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်၌ ဥဏ္ဏာဘဗြာဟ္မဏ၏ မေးလျှောက်ချက်အရ “စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ-ဟူသော ကျက်စားရာ အာရုံအမျိုးမျိုးရှိကြကုန်သော အချင်းချင်း၏ကျက်စားရာအာရုံကို မခံစားကုန်သော ရုပ်ဣန္ဒြေ ၅-ပါးတို့၏ မှီခိုရာကား (ကုသိုလ်, အကုသိုလ်ဇော)စိတ်ဖြစ်ပုံ၊ ထိုဣန္ဒြေ ငါးပါးတို့၏ ကျက်စားရာအာရုံကို (ကုသိုလ်, အကုသိုလ်ဇော)စိတ်ကပင် ခံစားပုံ၊ ဇောစိတ်၏မှီရာသည် (မဂ်နှင့် ယှဉ်သော)သတိဖြစ်ပုံ၊ သတိ၏ မှီခိုရာသည် (ဖလ) ဝိမုတ္တိဖြစ်ပုံ၊ ဝိမုတ္တိ၏ မှီခိုရာသည် နိဗ္ဗာန်ဖြစ်ပုံကို” ဘုရားရှင်က အဆင့်ဆင့် ဖြေကြားတော်မူပါသည်။ ဥဏ္ဏာဘဗြာဟ္မဏကြီးက နိဗ္ဗာန်၏မှီခိုရာကို ဆက်လက်မေးလျှောက်ရာ ဘုရားရှင်က “အမေးပုစ္ဆာ ပြဿနာလွန်သွားပုံ၊ အမေးပုစ္ဆာ၏အဆုံးကိုယူခြင်း မတတ်နိုင်ပုံကို”မိန့်ကြားတော်မူပြီး မဂ္ဂဗြဟ္မစရိယ၏မှီခိုရာသည် နိဗ္ဗာန်ဖြစ်ပုံ၊ နိဗ္ဗာန်လျှင် ပြီးဆုံးပုံ၊ နိဗ္ဗာန်သို့ သက်ဝင်ပုံကို မိန့်ကြားတော်မူပါသည်။ ဥဏ္ဏာဘဗြာဟ္မဏကြီးက ဘုရားရှင်၏ဒေသနာတော်ကို အဖန်ဖန်အထပ်ထပ် ဝမ်းမြောက်ဝမ်းသာစွာပြု၍ ပြန်သွားပြီးနောက် ဥဏ္ဏာဘဗြာဟ္မဏကြီး၏ ဈာန အနာဂါမ် ဖြစ်ပုံကို အရှေ့ဖက် လေသာပြူတင်းမှ နေရာင်ခြည်ဝင်ပုံ ဥပမာဖြင့် မိန့်ကြားတော်မူပါသည်။

အဋ္ဌကထာ၌-ဣန္ဒြေငါးပါးတို့ အချင်းချင်းအာရုံမခံစားပုံ ဥပမာ၊ ကုသိုလ်, အကုသိုလ်ဇောစိတ်၏ ဣန္ဒြေငါးပါးတို့၏ မှီခိုရာဖြစ်ပုံ ဥပမာများ၊ ဈာနအနာဂါမ် အကြောင်းကို ဖွင့်ပြထားပါသည်။


[] ဝံသနိုင်ငံ၊ ကောသမ္ဗီမြို့၊ ဃောသိတာရုံကျောင်းတော်၌ သီတင်းသုံးတော်မူသော အရှင်အာနန္ဒာအား ဥဏ္ဏာဘပုဏ္ဏား၏ မေးလျှောက်ချက်အရ (တဏှာ)ဆန္ဒကို ပယ်ဖျောက်ရန်အတွက် ဘုရားရှင်အထံတော်၌ မြတ်သောအကျင့်ကို ကျင့်သုံးပုံ၊ ဣဒ္ဓိပါဒ်လေးပါးကို ပွားများခြင်းသည် ဗြဟ္မစရိယ၏ကျင့်စဉ်ဖြစ်ပုံ၊ ကျောင်းသို့လာသော ဥဏ္ဏာဘပုဏ္ဏား၏ ဆန္ဒစသည် ငြိမ်းအေးသွားပုံ၊ ဥပမာဖြင့် ဗြဟ္မစရိယ၏ အပြီးအဆုံး ရှိပုံကို ရှင်းလင်းဟောကြားတော်မူသည့်အခါ ဥဏ္ဏာဘပုဏ္ဏား ဥပါသကာအဖြစ်ခံယူ သွားပုံကို ဟောတော်မူသည့်သုတ်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads