ဥပဇ္ဈာယ်ဆရာ

From Wikipedia, the free encyclopedia

ဥပဇ္ဈာယ်ဆရာ
Remove ads

တပည့်ရဟန်း သာမဏေတို့၏ အပြစ်ကြီးအပြစ်ငယ်ကို ကပ်၍ ရှုတတ်သော-တပည့်ရဟန်းသာမဏေတို့ကို ဆုံးမသွန်သင်တတ်သော-ရဟန်း၊ တပည့်ရဟန်း သာမဏေတို့၏ မိဘအရာ၌ တည်သော-တာဝန်ခံဖြစ်သော-ရဟန်း၊ ဥပဇ္ဈာယ်ရဟန်း၊ ဥပဇ္ဈာယ်ဘုန်းကြီး၊ ဥပဇ္ဈာယ်ဆရာတော်။ (နီတိ၊ သုတ္တ၊ သျ၊ နှာ(၁၇၆)၌ ဥပဒံ = ကြီးငယ်အပြစ် စိစစ်စေ့ငု ရှုခြင်းသဘောကို-ဟု အနက်ပေးသည်။) [] []

ဥပဇ္ဈာယ်ကို ခွင့်ပြု

ဘုရားလက်ထက်တော်၌ သွန်သင်မည့် ဥပဇ္ဈာယ်မရှိသော သူတို့၏ ဝတ်ပုံ, ရုံပုံ, ဆွမ်းခံပုံမှစ မယဉ်ကျေးတဲ့အမှုတွေ လူများက တွေ့သဖြင့် ကဲ့ရဲသောကြောင့် အနုဇာနာမိ ဘိက္ခဝေ ဥပဇ္ဈာယံဟု ဆုံးမမည့် ဥပဇ္ဈာယ်ကို ခွင့်ပြုတော်မူခဲ့သည်။[]

ဥပဇ္ဈာယ်ယူ

ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ သုံးကြိမ် နှုတ်မြွက်ပြီး တောင်းပန်သောအားဖြင့် ဥပဇ္ဈာယ်ဆရာဟု စိတ်ထဲ၌ မှတ်ယူထား ခြင်းကို ဥပဇ္ဈာယ်ယူဟု ခေါ်သည်။[]

ဥပဇ္ဈာယ်ပေး

တပည့်က ဥပဇ္ဈာယ် ယူသောအခါ ဆရာက ပါသာဒိကေန သမ္ပာဒေဟိ ဟု ဆို၍ ဥပဇ္ဈာယ်ဖြစ်ကြောင်း အသိပေးလိုက်ခြင်းကို ဥပဇ္ဈာယ်ပေးဟု ဆိုပါသည်။[]

ဥပဇ္ဈာယ်ယူပုံ, ပေးပုံ

ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ၊ ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ၊ ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ။

ဘန္တေ၊ အရှင်မြတ်ဘုရား။ အာယသ္မာ၊ သက်တော်ရှည်သော။ တွံ၊ အရှင်မြတ်ဘုရားသည်။ မေ၊ ဘုရားတပည့်တော်၏။ ဥပဇ္ဈာယော၊ အပြစ်ကြီး အပြစ်ငယ်ကို ကြည့်ရှုမပြတ် ဆုံးမတတ်သော ဥပဇ္ဈာယ် ဆရာသည်။ ဟောဟိ၊ ဖြစ်တော်မူပါဘုရား။

(ပါဠိသုံးကြိမ် အနက် ၁-ကြိမ် တပည့်ကဆိုပါ၊ ဒုတိယမ္ပိ တတိယမ္ပိ ထည့်ဖို့ မလိုပါ။)

ပါသာဒိကေန သမ္ပာဒေထ။

ပါဃာဒိကေန၊ ကြည်ညိုဖွယ်ကို ဆောင်သော ကိုယ် အမူအရာ နှုတ်အမူအရာအားဖြင့်။ တိဝိဓံ သိက္ခံ၊ သိက္ခာ သုံးရပ် သာသနာတော် မြတ်ကို။ သမ္ပါဒေထ၊ ပြည့်စုံစေကြကုန်လော။ (ဆရာက ဆို)

အာမ ဘန္တေ။

ဘန္တေ၊ အရှင်မြတ်ဘုရား။ အာမ၊ ပြည့်စုံစေပါ၏ဘုရား။ (တပည့်ကဆို၊ မဆိုပဲလဲ ပြီးနိုင်သည်။)[]

Remove ads

ဥပဇ္ဈာယ်ပေးပုံ ၅-ပုဒ်

တပည့်က ဥပဇ္ဈာယ်ယူသောအခါ-

  1. သာဟု = ကောင်းပြီဟုလည်းကောင်း။
  2. လဟု = ငါ့အား သင်၏ ဥပဇ္ဈာယ်အဖြစ်၌ ဝန်မလေး ပေါ့ပါး၏။
  3. ဩပါယိကံ = သင်၏ ဥပဇ္ဈာယ်ယူခြင်းသည် နည်းလမ်း ကျ၏။
  4. ပဋိရူပကံ =သင်၏ ဥပဇ္ဈာယ်ယူခြင်းသည် သင့်လျော် လျောက်ပတ်၏။
  5. ပါသာဒိကေန သမ္ပာဒေဟိ = ဟုလည်းကောင်း ၅-ပုဒ်ရှိပါသည်။ အဓိပ္ပာယ် အနက်အတိုင်း မှတ်ရာ၏။[]

ဥပဇ္ဈာယ်ဆရာ၏အင်္ဂါရပ်များ

  1. ဆယ်ဝါ ရပြီးဖြစ်ခြင်း။
  2. ပါတိမောက် သိက္ခာပုဒ်များကို အကျယ်ဖွင့်ပြသော ဘိက္ခုဝိဘင်း, ဘိက္ခုနီဝိဘင်း နှစ်မျိုးကို တတ်သိနားလည်ခြင်း။
  3. ကံကြီး ကံငယ်ပြုလုပ်နည်းကို နားလည်ခြင်း။
  4. မဟာဝါ စူဠဝါ ခန္ဓက၌ လာသော အကြောင်းအရာစုကို နားလည်ခြင်း။
  5. နာမ်တရား, ရုပ်တရားတို့ကို ဟောပြောနိုင်ခြင်း - ဤအင်္ဂါငါးပါးနှင့် ပြည့်စုံလျှင် ဥပဇ္ဈာယ်ပြုလုပ်နိုင်ပါသည်။

ဆယ်ဝါ-ပြည့်တင်း၊ ဝိဘင်း နှစ်ဖြာ၊ ကမ္မာ ကမ္မ၊ ခန္ဓက ပုဒ်၊ နာမ်ရုပ် ပိုင်ပိုင်၊ ဟော ပြနိုင်၊ ကျောင်းထိုင် ၅-အင်္ဂါ။[]

Remove ads

ဥပဇ္ဈာယ်ယူရမည့်အချိန်

ယခုကာလ ဆရာတော်များ သာမဏေဖြစ်ပြီးမှ ဥပဇ္ဈာယ်ပေးယူမှုကို ပြုကြလေသည်။

ကျမ်းရေးသူ ထင်မြင်ချက် ပဌမံ ဥပဇ္ဈံ ဂဟာပေတဗ္ဗော ဟူ၍ လည်းကောင်း၊ အထဿ ဥပဇ္ဈာယေန ဝါ အာစရိယေန ဝါ ဗုဒ္ဓံ သရဏံ ဂစ္ဆာမီတိအာဒိနာ နယေန သရဏာနိ ဒါတဗ္ဗာနိ ဟူသော အဋ္ဌကထာကိုထောက်၍ လည်းကောင်း သရဏဂုံ မဆောက်တည်မီ ဥပဇ္ဈာယ် ယူသင့်သည်ဟု ထင်မြင် ယူဆပေသည်။[]

ဥပဇ္ဈာယ်ဆရာနိဿရည်းဆရာတို့၏ အင်္ဂါရပ်များ

  1. ဖြစ်ပေါ်လာသော တွေးတောမှုသံသယ ကုက္ကုစ္စကို တရားသဖြင့် ပယ်ဖျောက်ခြင်းငှာ စွမ်းနိုင်ခြင်း(ဖျောက်ခြင်း၊ ပျောက်စေခြင်းငှာ စွမ်းနိုင်ခြင်း)
  2. အာပတ်မှထမြောက်ကြောင်းဖြစ်သော ဒေသနာဂါမ် ဝုဋ္ဌာနဂါမ် အခြင်းအရာကိုသိခြင်း။
  3. အနီးနေတပည့် အတူနေတပည့်တို့ကို မြင့်မြတ်သောကျင့်ဝတ်သိက္ခာဟူသော မဟာဝါခန္ဓက စူဠဝါခန္ဓကတို့၌ အကျုံးဝင်သော အာဘိသမာစာရိက သီလသိက္ခာ၌ ကျင့်စေခြင်းငှာ စွမ်းနိုင်ခြင်း။
  4. အကျင့်မြတ်၏အစဖြစ်သော သိက္ခာဟူသော ဥဘတောဝိဘင်း၌ အကျုံးဝင်သော အာဒိ ဗြဟ္မစရိယက သီလသိက္ခာ၌ ဆုံးမခြင်းငှာ စွမ်းနိုင်ခြင်း။
  5. အချင်းချင်း ရောယှက်ခြင်းကင်းသော အဘိဓမ္မာနာမ်ရုပ်အပိုင်းအခြား၌ ဆုံးမခြင်းငှာစွမ်းနိုင်ခြင်း။
  6. အချင်းချင်း ရောယှက်ခြင်းကင်းသော အလုံးစုံသောဝိနည်းပိဋက၌ ဆုံးမခြင်းငှာ စွမ်းနိုင်ခြင်း။
  7. ဖြစ်ပေါ်လာတိုင်းသော မိစ္ဆာအယူကိုတရားသဖြင့် ဖြေချွတ်စိမ့်သောငှာ စွမ်းနိုင်ခြင်း (ကင်း ခြင်း၊ ကင်းစေခြင်းငှာ စွမ်းနိုင်ခြင်းလည်းဟူ။)
  8. အာပတ်သင့်သည်ကိုသိခြင်း (ဥဘတောဝိဘင်းဖြင့်သိအပ်သော အာပတ္တိဝါရကိုသိခြင်း)။
  9. အာပတ်မသင့်သည်ကို သိခြင်း၊ (ဥဘတောဝိဘင်းဖြင့် သိအပ်သော အနာပတ္တိဝါရကို သိခြင်း)။
  10. လဟုကအာပတ်ကိုသိခြင်း (ဥဘတောဝိဘင်းဖြင့်သိအပ်သော လဟုကအာပတ္တိဝါရကို သိခြင်း)။
  11. ဂရုကအာပတ်ကိုသိခြင်။(ဥဘတောဝိဘင်းဖြင့် သိအပ်သော ဂရုကအာပတ္တိဝါရကိုသိခြင်း)။
  12. ပါတိမောက်နှစ်ပါးတို့ကို အကျယ်ရ၏။ ကောင်းစွာဝေဖန်နိုင်၏။ ကောင်းစွာဖြစ်ခြင်းရှိ၏။ ကျေကျေပွန်ပွန်ရ၏။ သုတ်မာတိကာအားဖြင့်ဖြစ်စေ သဒ္ဒါပုဒ်ဗျည်း ဝိဘင်းအကျယ်အားဖြင့်ဖြစ်စေ ကောင်းစွာဆုံးဖြတ်နိုင်၏။ (ဥဘတောဝိဘင်းကို ဝါစုဂ္ဂတနှုတ်တက်ရွရွရ၍ အဋ္ဌကထာနှင့်တကွ ကောင်းစွာနားလည်ခြင်းဟူ၏)
  13. ဆယ်ဝါ၊ ဆယ်ဝါထက် အလွန်ရှိသည်လည်းဖြစ်ခြင်း (ပဉ္စင်းခံသည့်နေ့မှစ၍ ၁၀ နှစ်လုံးလုံး ပြည့်ရမည်ဟူ၏) []

ဤတစ်ဆယ့်သုံးပါးသော အင်္ဂါလက္ခဏာရပ်များနှင့် ပြည့်စုံမှသာလျှင် ဥပဇ္ဈာယ်ပေးခြင်း နိဿရည်းပေးခြင်းတို့၌ အနာပတ္တိဝါရသို့ လုံးလုံးသက်ဝင်သည်။ တစ်ပါးပါးသော အင်္ဂါလက္ခဏာ မပြည့်မစုံ ချွတ်ယွင်းလျှင် ဥပဇ္ဈာယ်နိဿရည်းပေးတိုင်း ပေးတိုင်းသော ကာလတို့၌ အာပတ္တိဝါရသို့ သက်ဝင်သည်။[][]

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads