ဥပနိသျှဒ်ကျမ်း

From Wikipedia, the free encyclopedia

Remove ads

ဥပနိသျှဒ်ကျမ်းဟူသည်ကား ယင်း Vedic System လေးမျိုးတွင် နောက်ပိုင်းအကျဆုံး ဖြစ်၍ အတွေးအခေါ်များလည်း အတော်အထက်တန်းကျ၍ နက်နဲလာပေသည်၊ ဆရာအနီးသို့ နီးကပ်စွာ ချဉ်းကပ်ထိုင်နေ၍ ယုံယုံကြည်ကြည် ရင်းရင်းနှီးနှီး ဆွေးနွေးသင်ကြားရာမှ ဖြစ်ပေါ်လာသော ဆွေးနွေးချက်များဟူသော အဓိပ္ပာယ်အားဖြင့် ဥပနိသာဒ(ဝါ)ဥပနိသျှာဒ်ဟု ခေါ်သည်။

သျှံကရာကျာရယ၏ အဆိုအားဖြင့် उपनिशादयति सवनिर्यकरसंखारं विनाशयति संखारकारणभूता मविद्याञ्च शिथिलयति ब्राह्मणं च गमयति इति उपनिषाद् “အလုံးစုံသော အကျိုးမဲ့ကို ပြုတတ်သော သံသရာကို ဖျက်ဆီးတတ် သံသရာ၏ အကြောင်းဖြစ်သော အဝိဇ္ဇာကို လျော့ရဲစေတတ် ဗြဟ္မာ့ထံသို့ ရောက်စေတတ်သောကြောင့် ဥပနိသာဒ မည်သတတ်”၊ ယင်း ဥပနိသျှာဒ်ကျမ်းများကို ယခုခေတ်ပညာရှင်များ အသိအမှတ်ပြုချက်အရ ကျမ်းပေါင်း ၁၅၀-ခန့်ရှိသည်ဟု သိရသည်၊ ယင်းတို့တွင် အချက်အလက်တင်ပြပုံ ရှင်းလင်းခြင်း ရှေးကျခြင်းဟူသော ရှုထောင့်ဖြင့် ဆယ့်နှစ်ကျမ်း ဆယ့်သုံးကျမ်းခန့်သာ ပညာရှင်များ၏ လေးစားခြင်းကို ခံရသည်၊ အနှစ်သာရအားဖြင့် သဘာဝတ္ထပညာ ဒဿနဟူသမျှတို့၏ ရေသောက်မြစ်သဖွယ် အထည်ကိုယ်အနေအားဖြင့် တည်ရှိ၍ အတွင်းစိတ်နှင့် ပတ်သက်သော တွေးခေါ်မှုသမိုင်းတွင် အိန္ဒိယသားတို့၏ လွန်စွာ အရေးပေးခြင်း ကမ္ဘာ့ပညာရှိများ လေ့လာမှတ်သားခြင်း အသိအမှတ်ပြုခြင်းကို ခံနိုင်လောက်အောင် အတော်အသင့် အဆင့်အတန်း မြင့်မားလာပေသည်၊ သို့ရာတွင် ဗုဒ္ဓဓမ္မနှင့် နှိုင်းစာလျှင် တောင်ပို့ငယ်နှင့် ဟိမဝန္တာပမာ အကွာကြီးကွာ၍ နေသည်။ []

Remove ads

ဝေဒ, ဗေဒင်

စင်စစ် ယင်းသည် အာတမာ၊ ပရာတမာ အစရှိသည်တို့ကို ဆန်းစစ်ဝေဖန်သော ဝေဒ၏ နောက်ဆုံးအပိုင်းဖြစ်သည်။ ထို့ကြောင့် ယင်းကို ဝေဒါန္တ ဟုလည်းခေါ်ခြင်းဖြစ်သည်။

ဝေဒကို ဗေဒဟုလည်းခေါ်သည်။ အချို့က ဗေဒကို ဗေဒင်ဟုလည်းခေါ်ကြသည်။ ဗေဒနှင့် ဗေဒင်မှာ မတူပါ။ ဝေဒ သို့မဟုတ် ဗေဒမှာ အသိဉာဏ်ဖြစ်သည်။ အသိဉာဏ်ကိုပင် ဝေဒ- ဗေဒ ဟုခေါ်ခြင်းဖြစ်သည်။ ဗေဒင်မှာ ဗေဒ၏ အင်္ဂါ အစိတ်အပိုင်းများဖြစ်သည်။ (၁) သိက္ခာကျမ်း၊ (၂) ကပ္ပကျမ်း၊ (၃) ဗျာကရုဏ်းကျမ်း၊ (၄) ဆန်းကျမ်း၊ (၅) ဇောတိသကျမ်း နှင့် (၆) နိရုတ္တိကျမ်းတို့ဖြစ်ကြသည်။ ဤခြောက်ကျမ်းသည် ဗေဒ၏ အစိတ်အပိုင်းတို့ဖြစ်၍ ဗေဒင်္ဂ= ဗေဒင် ဟုခေါ်ကြခြင်းဖြစ်သည်။

Remove ads

ဝေဒ လေးပုံ

ဝေဒမှာ လေးပုံရှိသည်။ (၁) ရိဂ်ဝေဒ (ဣရုဝေဒ) (၂) သာမဝေဒ (၃) ယဇုဝေဒ (၄) အထဗ္ဗဝေဒ တို့ဖြစ်ကြသည်။

ရသေ့ကြီးတို့သည် ဤဝေဒလေးပုံကို ခြုံပြီး အပိုင်း သုံးပိုင်းခွဲခြားကြသည်။ ယင်းတို့မှာ (၁) သံဟိတာ၊ ပရမတ်တာခေါ် ဘုရားသခင်၏ ဂုဏ်တော်တို့ကို ထုတ်ဖော်ခြင်း (၂) ဗြဟ္မဏ၊ ယဇ်ပူဇော်သော အစီအရင်တို့ကို ပြဆိုခြင်း (၃) ဥပနိသျှဒ်၊ ပရာတမာ၏ သရုပ်နှင့်စပ်လျှင်း၍ လေ့လာဝေဖန်ခြင်း တို့ဖြစ်သည်။ ဝေဒ အပိုင်းသုံးပိုင်းတွင် ဥပနိသျှဒ်မှာ နောက်ဆုံးအပိုင်းဖြစ်သည့်အတွက် ယင်းကို ဝေဒါန္တဟုလည်းခေါ်ခြင်းဖြစ်သည်။

ထိုဝေဒ၏ အပိုင်းသုံးပိုင်းကိုပင် ခြုံ၍ နှစ်ပိုင်းပြန်ခွဲသည်။ (၁) ကမ္မကဏ္ဍ နှင့် (၂) ဉာဏကဏ္ဍတို့ ဖြစ်သည်။ သံဟိတာနှင့် ဗြဟ္မဏတို့မှာ ကံကို ပဓာနထားသောကြောင့် ကမ္မကဏ္ဍမည်သည်။ ဥပနိသျှဒ်သည် ဝေဒ၏ ဉာဏ်ပိုင်းဆိုင်ရာ အဘိဓမ္မာဖြစ်၍ ဉာဏကဏ္ဍဖြစ်သည်။ ဤအဘိဓမ္မာ၌ ဝေဒိကရသေ့ကြီးတို့သည် အတွင်း အဇ္ဈတ္တိကနှင့် စပ်လျဉ်းသော လျှို့ဝှက်ချက်တို့ကို ရဲရင့် ပြတ်သားစွာ ဝေဖန်ထားကြသည်။ အိန္ဒိယအတွေးအခေါ်၏ မူလအလျဉ်မှာ ဤဥပနိသျှဒ်ကျမ်းများပင် ဖြစ်သည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads