ဥပသေနအာသီဝိသသုတ်

From Wikipedia, the free encyclopedia

Remove ads

[] အရှင်သာရိပုတ္တရာနှင့် အရှင်ဥပသေန ညီနောင်တို့ ရာဇဂြိုဟ်မြို့ သပ္ပသောဏိက ပဗ္ဘာရ၌ သီတင်းသုံးနေစဉ် အရှင်ဥပသေန၏ကိုယ်ပေါ်သို့ “ဖုဋ္ဌဝိသ” ဖြစ်သော မြွေကျ လာ၍ အဆိပ်တက်သည်ကို သိသဖြင့် အရှင်ဥပသေနထေရ်က ရဟန်းတို့ကို “ငါ့ရှင်တို့ ဤကိုယ်ခန္ဓာ ဤနေရာ၌ ဖွဲဆုပ်ကဲ့သို့ မပျံ့ကြဲသေးမီ တပည့်တော်၏ ဤကိုယ်ခန္ဓာကို ညောင်စောင်းငယ်ပေါ်သို့ တင်၍ ကျောင်းပြင်သို့ထုတ်ကြကုန်”ဟု မိန့်ကြားပါသည်။

အရှင်သာရိပုတ္တရာက “အရှင်ဥပသေန၏ ကိုယ်ကာယ၏ ပင်ကိုသဘောမှ ဖောက်ပြန်နေပုံ, ဣန္ဒြေတို့၏ ဖောက်ပြန်နေပုံကို ငါတို့ မမြင်ကြရပါဘဲ ဤသို့ ပြောဆိုပါသနည်း”ဟု မိန့်ကြားရာ အရှင်ဥပသေနထေရ်က “အဇ္ဈတ္တိကာယတနတို့၌ ငါ, ငါ့ဟာ-ဟု ကြံစည်နေသူအား ကိုယ်ကာယ၏ ပင်ကိုသဘောမှ အခြားတမျိုး ဖြစ်ပုံ ဣန္ဒြေတို့၏ ဖောက်ပြန်ပုံ ဖြစ်၏။ ထိုသို့မစွဲမကြံသူမှာ မဖြစ်”ဟု ပြောဆိုပုံ၊ အရှင်ဥပသေနမှာ ငါ-ဟုယူသောဒိဋ္ဌိ, ငါ့ဟာ-ဟု ပြုသော တဏှာ, မာနတို့ ကြာမြင့်စွာကပင် အကြွင်းမဲ့ပယ်နှုတ်ထားပုံ၊ အရှင်ဥပသေန၏ ကိုယ်ကာယသည် ကျောင်း အပြင်ရောက်လျှင် ညောင်စောင်းငယ်ပေါ်၌ပင် ဖွဲပြာဆုတ်ကဲ့သို့ ဖရိုဖရဲပြန့်ကြဲ ပျက်စီးပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ၌-အာသီဝိသမြွေအကြောင်း ဖွင့်ပြထားပါသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads